DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲ တံတားအားလုံး ယခုအစိုးရလက်ထက် အပြီးဆောင်ရွက်မည်
DVB
·
August 25, 2019
ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲ တံတားအားလုံး ယခုအစိုးရလက်ထက် အပြီးဆောင်ရွက်မည်
1 / 2
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းမှာ လက်ရှိ တည်ဆောက်နေဆဲ ဖြစ်တဲ့ မြစ်ကူးတံတားကြီး​​တွေ အကုန်​လုံးကို လက်ရှိအစိုးရသက်တမ်း မကုန်မီ ဖွင့်လှစ်သွားမယ်​လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။

အသစ်တည်ဆောက်နေတဲ့ ပုသိမ်မြစ်ကူးတံတား မကျီးစင်တံတား ကျွန်းကုန်းတံတား​တွေနဲ့ ပြန်လည်ပြ​​င်ဆင်တည်ဆောက်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတား ဝါးခယ်မတံတား ရွှေလောင်းတံတား​​တွေကို လက်ရှိ​အစိုးရ သက်တမ်းမကုန်ခင်​မှာ ဖွင့်​လှစ်သွားမယ်​လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်​စစ်​စွမ်းအင်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ဦးဝင်းဌေးက ​ပြောပါတယ်​။

"အဓိကမြစ်ကူးတံတားကြီး အနေနဲ့ကတော့ သုံးစင်းက အသစ်တည်ဆောက်နေတာပါ။ သုံးစင်းကတော့ ပြန်လည်ပြင်ဆင်နေတာပါ။ လက်ရှိ အစိုးရသက်တမ်းမကုန်ခင်တော့ တံတားတွေအားလုံး ဖွင့်လှစ်မှာပါ။”

မြစ်ကူးတံတားကြီး​တွေထဲက ပြင်ဆင်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတားက​တော့ ၈၀ ရာခိုင်နှုန်း​​ကျော်​ ပြီးစီးနေပြီ ဖြစ်တာ​​ကြောင့် အရင်ဆုံး စတင်ဖွင့်လှစ်နိုင်မယ့် တံတားဖြစ်ပြီး ဝါးခယ်မတံတားနဲ့ ရွှေလောင်းတံတားကိုလည်း ​မကြာခင်​ ဖွင့်လှစ်နိုင်​တော့မယ်လို့ သိရပါတယ်​။

အသစ်တည်ဆောက်နေတဲ့ ပုသိမ်တံတားက​တော့ ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ၂၀၁၈ /၂၀၁၉ ဘတ်ဂျက်အတွက် ​ချထားပေးတဲ့ ဆောင်ရွက်ရမယ်​့ လုပ်ငန်း​​တွေ အားလုံးပြီးစီးသွားပြီဖြစ်တာ​ကြောင်​့ လုပ်ငန်း​​တွေကို ခေတ္တရပ်နားထားပြီး ၂၀၁၉/၂၀၂၀ ဘတ်ဂျက်ပြန်စမှ လုပ်ငန်း​​တွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

မကျီးစင် တံတားနဲ့ ကျွန်းကုန်းတံတား​​တွေက​​တော့ ဆက်လက်တည်ဆောက်နေတယ်​လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က​နေ သိရပါတယ်​။

လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက်မှာ မြစ်ကူးတံတားကြီး​​တွေအနေနဲ့ မြောင်းမြမြစ်ကူးတံတား ရွှေသောင်ယံတံတား(မကျည်းချောင်း)နဲ့ လေးမျက်နှာတံတား​​တွေက​​တော့ တည်ဆောက်ပြီးစီး ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ ​သိရပါတယ်။

မြမင်းဦး(ပုသိမ်​)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဧရာဝတီတိုင္းရွိ တည္ေဆာက္ဆဲ တံတားအားလုံး ယခုအစိုးရလက္ထက္ အၿပီးေဆာင္႐ြက္မည္

ဧရာဝတီတိုင္း​ေဒသႀကီးအတြင္းမွာ လက္ရွိ တည္ေဆာက္ေနဆဲ ျဖစ္တဲ့ ျမစ္ကူးတံတားႀကီး​​ေတြ အကုန္​လုံးကို လက္ရွိအစိုးရသက္တမ္း မကုန္မီ ဖြင့္လွစ္သြားမယ္​လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာပါတယ္။

အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္ျမစ္ကူးတံတား မက်ီးစင္တံတား ကြၽန္းကုန္းတံတား​ေတြနဲ႔ ျပန္လည္ျပ​​င္ဆင္တည္ေဆာက္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတား ဝါးခယ္မတံတား ေ႐ႊေလာင္းတံတား​​ေတြကို လက္ရွိ​အစိုးရ သက္တမ္းမကုန္ခင္​မွာ ဖြင့္​လွစ္သြားမယ္​လို႔ ဧရာဝတီတိုင္းေဒသႀကီး လွ်ပ္​စစ္​စြမ္းအင္​၊ စက္​မႈလက္​မႈနဲ႔ လမ္းပန္းဆက္​သြယ္​​ေရးဝန္​ႀကီး ဦးဝင္းေဌးက ​ေျပာပါတယ္​။

"အဓိကျမစ္ကူးတံတားႀကီး အေနနဲ႔ကေတာ့ သုံးစင္းက အသစ္တည္ေဆာက္ေနတာပါ။ သုံးစင္းကေတာ့ ျပန္လည္ျပင္ဆင္ေနတာပါ။ လက္ရွိ အစိုးရသက္တမ္းမကုန္ခင္ေတာ့ တံတားေတြအားလုံး ဖြင့္လွစ္မွာပါ။”

ျမစ္ကူးတံတားႀကီး​ေတြထဲက ျပင္ဆင္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတားက​ေတာ့ ၈၀ ရာခိုင္ႏႈန္း​​ေက်ာ္​ ၿပီးစီးေနၿပီ ျဖစ္တာ​​ေၾကာင့္ အရင္ဆုံး စတင္ဖြင့္လွစ္ႏိုင္မယ့္ တံတားျဖစ္ၿပီး ဝါးခယ္မတံတားနဲ႔ ေ႐ႊေလာင္းတံတားကိုလည္း ​မၾကာခင္​ ဖြင့္လွစ္ႏိုင္​ေတာ့မယ္လို႔ သိရပါတယ္​။

အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္တံတားက​ေတာ့ ၂၅ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီး ၂၀၁၈ /၂၀၁၉ ဘတ္ဂ်က္အတြက္ ​ခ်ထားေပးတဲ့ ေဆာင္႐ြက္ရမယ္​့ လုပ္ငန္း​​ေတြ အားလုံးၿပီးစီးသြားၿပီျဖစ္တာ​ေၾကာင္​့ လုပ္ငန္း​​ေတြကို ေခတၱရပ္နားထားၿပီး ၂၀၁၉/၂၀၂၀ ဘတ္ဂ်က္ျပန္စမွ လုပ္ငန္း​​ေတြ ဆက္လက္လုပ္ကိုင္သြားမယ္လို႔ ဆိုပါတယ္။

မက်ီးစင္ တံတားနဲ႔ ကြၽန္းကုန္းတံတား​​ေတြက​​ေတာ့ ဆက္လက္တည္ေဆာက္ေနတယ္​လို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕က​ေန သိရပါတယ္​။

လက္ရွိ ဧရာဝတီတိုင္းေဒသႀကီး အစိုးရလက္ထက္မွာ ျမစ္ကူးတံတားႀကီး​​ေတြအေနနဲ႔ ေျမာင္းျမျမစ္ကူးတံတား ေ႐ႊေသာင္ယံတံတား(မက်ည္းေခ်ာင္း)နဲ႔ ေလးမ်က္ႏွာတံတား​​ေတြက​​ေတာ့ တည္ေဆာက္ၿပီးစီး ဖြင့္လွစ္ထားၿပီး ျဖစ္တယ္လို႔ ​သိရပါတယ္။

ျမမင္းဦး(ပုသိမ္​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013