ဧရာဝတီတိုင်းရှိ တည်ဆောက်ဆဲ တံတားအားလုံး ယခုအစိုးရလက်ထက် အပြီးဆောင်ရွက်မည်
DVB
·
August 25, 2019
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လက်ရှိ တည်ဆောက်နေဆဲ ဖြစ်တဲ့ မြစ်ကူးတံတားကြီးတွေ အကုန်လုံးကို လက်ရှိအစိုးရသက်တမ်း မကုန်မီ ဖွင့်လှစ်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောပါတယ်။
အသစ်တည်ဆောက်နေတဲ့ ပုသိမ်မြစ်ကူးတံတား မကျီးစင်တံတား ကျွန်းကုန်းတံတားတွေနဲ့ ပြန်လည်ပြင်ဆင်တည်ဆောက်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတား ဝါးခယ်မတံတား ရွှေလောင်းတံတားတွေကို လက်ရှိအစိုးရ သက်တမ်းမကုန်ခင်မှာ ဖွင့်လှစ်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
"အဓိကမြစ်ကူးတံတားကြီး အနေနဲ့ကတော့ သုံးစင်းက အသစ်တည်ဆောက်နေတာပါ။ သုံးစင်းကတော့ ပြန်လည်ပြင်ဆင်နေတာပါ။ လက်ရှိ အစိုးရသက်တမ်းမကုန်ခင်တော့ တံတားတွေအားလုံး ဖွင့်လှစ်မှာပါ။”
မြစ်ကူးတံတားကြီးတွေထဲက ပြင်ဆင်နေတဲ့ လပွတ္တာ-ပင်လယ်လေးတံတားကတော့ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်တာကြောင့် အရင်ဆုံး စတင်ဖွင့်လှစ်နိုင်မယ့် တံတားဖြစ်ပြီး ဝါးခယ်မတံတားနဲ့ ရွှေလောင်းတံတားကိုလည်း မကြာခင် ဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။
အသစ်တည်ဆောက်နေတဲ့ ပုသိမ်တံတားကတော့ ၂၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီး ၂၀၁၈ /၂၀၁၉ ဘတ်ဂျက်အတွက် ချထားပေးတဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ အားလုံးပြီးစီးသွားပြီဖြစ်တာကြောင့် လုပ်ငန်းတွေကို ခေတ္တရပ်နားထားပြီး ၂၀၁၉/၂၀၂၀ ဘတ်ဂျက်ပြန်စမှ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
မကျီးစင် တံတားနဲ့ ကျွန်းကုန်းတံတားတွေကတော့ ဆက်လက်တည်ဆောက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရလက်ထက်မှာ မြစ်ကူးတံတားကြီးတွေအနေနဲ့ မြောင်းမြမြစ်ကူးတံတား ရွှေသောင်ယံတံတား(မကျည်းချောင်း)နဲ့ လေးမျက်နှာတံတားတွေကတော့ တည်ဆောက်ပြီးစီး ဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြမင်းဦး(ပုသိမ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဧရာဝတီတိုင္းရွိ တည္ေဆာက္ဆဲ တံတားအားလုံး ယခုအစိုးရလက္ထက္ အၿပီးေဆာင္႐ြက္မည္
ဧရာဝတီတိုင္းေဒသႀကီးအတြင္းမွာ လက္ရွိ တည္ေဆာက္ေနဆဲ ျဖစ္တဲ့ ျမစ္ကူးတံတားႀကီးေတြ အကုန္လုံးကို လက္ရွိအစိုးရသက္တမ္း မကုန္မီ ဖြင့္လွစ္သြားမယ္လို႔ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာပါတယ္။
အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္ျမစ္ကူးတံတား မက်ီးစင္တံတား ကြၽန္းကုန္းတံတားေတြနဲ႔ ျပန္လည္ျပင္ဆင္တည္ေဆာက္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတား ဝါးခယ္မတံတား ေ႐ႊေလာင္းတံတားေတြကို လက္ရွိအစိုးရ သက္တမ္းမကုန္ခင္မွာ ဖြင့္လွစ္သြားမယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး လွ်ပ္စစ္စြမ္းအင္၊ စက္မႈလက္မႈနဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက ေျပာပါတယ္။
"အဓိကျမစ္ကူးတံတားႀကီး အေနနဲ႔ကေတာ့ သုံးစင္းက အသစ္တည္ေဆာက္ေနတာပါ။ သုံးစင္းကေတာ့ ျပန္လည္ျပင္ဆင္ေနတာပါ။ လက္ရွိ အစိုးရသက္တမ္းမကုန္ခင္ေတာ့ တံတားေတြအားလုံး ဖြင့္လွစ္မွာပါ။”
ျမစ္ကူးတံတားႀကီးေတြထဲက ျပင္ဆင္ေနတဲ့ လပြတၱာ-ပင္လယ္ေလးတံတားကေတာ့ ၈၀ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးေနၿပီ ျဖစ္တာေၾကာင့္ အရင္ဆုံး စတင္ဖြင့္လွစ္ႏိုင္မယ့္ တံတားျဖစ္ၿပီး ဝါးခယ္မတံတားနဲ႔ ေ႐ႊေလာင္းတံတားကိုလည္း မၾကာခင္ ဖြင့္လွစ္ႏိုင္ေတာ့မယ္လို႔ သိရပါတယ္။
အသစ္တည္ေဆာက္ေနတဲ့ ပုသိမ္တံတားကေတာ့ ၂၅ ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီး ၂၀၁၈ /၂၀၁၉ ဘတ္ဂ်က္အတြက္ ခ်ထားေပးတဲ့ ေဆာင္႐ြက္ရမယ့္ လုပ္ငန္းေတြ အားလုံးၿပီးစီးသြားၿပီျဖစ္တာေၾကာင့္ လုပ္ငန္းေတြကို ေခတၱရပ္နားထားၿပီး ၂၀၁၉/၂၀၂၀ ဘတ္ဂ်က္ျပန္စမွ လုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္သြားမယ္လို႔ ဆိုပါတယ္။
မက်ီးစင္ တံတားနဲ႔ ကြၽန္းကုန္းတံတားေတြကေတာ့ ဆက္လက္တည္ေဆာက္ေနတယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕ကေန သိရပါတယ္။
လက္ရွိ ဧရာဝတီတိုင္းေဒသႀကီး အစိုးရလက္ထက္မွာ ျမစ္ကူးတံတားႀကီးေတြအေနနဲ႔ ေျမာင္းျမျမစ္ကူးတံတား ေ႐ႊေသာင္ယံတံတား(မက်ည္းေခ်ာင္း)နဲ႔ ေလးမ်က္ႏွာတံတားေတြကေတာ့ တည္ေဆာက္ၿပီးစီး ဖြင့္လွစ္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။
ျမမင္းဦး(ပုသိမ္)