DVB Logo
Home
မြန်မာသတင်း
ကမ်းပြိုမှုကြောင့် ကံမမြို့နယ် ရွှေတောကျေးရွာနေအိမ်များ ရွှေ့ပြောင်းရမည့်အန္တရာယ် ကြုံနေရ
DVB
·
August 25, 2019
ကမ်းပြိုမှုကြောင့် ကံမမြို့နယ် ရွှေတောကျေးရွာနေအိမ်များ ရွှေ့ပြောင်းရမည့်အန္တရာယ် ကြုံနေရ
Donate to DVB

မကွေးတိုင်း၊ ကံမမြို့နယ် ရွှေတောကျေးရွာမှာ ကမ်းပြိုမှုတွေကြောင့် အိမ်တွေ ဖျက်သိမ်းရွှေ့ပြောင်းရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကံမမြို့နယ်ထဲက ရွှေတောကျေးရွာမှာ  အိမ်ခြေ ၁၀၀ ပတ်ဝန်းကျင်ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး မင်းတုန်းချောင်းကြောင့် ကမ်းပါးတွေ တဖြည်းဖြည်းပြိုကျလာခဲ့တာပါ။

၂၀၁၈ ခုနှစ်က နေအိမ် ၈ လုံး ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရပြီး အခုလည်း ကမ်းနီးအိမ် ၁၀ လုံးမှာ နေ့စဉ် ကမ်းပါးပြိုကျနေတာကြောင့် နေအိမ်ဖျက်သိမ်းပြီး ပြောင်းရွှေ့ရတော့မယ့် အခြေအနေ ရောက်နေတယ်လို့ ရွှေတောကျေးရွာနေ ဦးဘာဘူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ကမ်းပါးပြိုကျမှုကြောင့် လူတယောက်သေဆုံးခဲ့ပါတယ်။ 

ဒေသခံတွေကတော့ အိမ်တွေ၊ ကျောင်းကန်ဘုရားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေကို မရွှေ့ရဖို့အတွက် ချောင်းကိုပဲ ပြင်ပေးစေချင်နေကြတယ်လို့ နေအိမ်ရွှေ့ပြောင်းခဲ့ရတဲ့ ဦးရွှေသီးက ပြောပါတယ်။

ကံမမြို့နယ်ထဲမှာ  မင်းတုန်းချောင်းတလျှောက် ကမ်းပါးပြိုတဲ့နေရာ ငါးနေရာလောက်ရှိပြီး အဲဒီအထဲက သမ္ဘရာကျေးရွာမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အရေးပေါ်ရန်ပုံငွေနဲ့ လက်ရှိ ဆောင်ရွက်နေပြီး ဒီနေရာအတွက်လည်း ရန်ပုံငွေရှာဖွေဖို့ လုပ်ဆောင်သွားမယ်လို့ ကံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။

ကံမမြို့နယ်ထဲမှာ မင်းတုန်းချောင်းကြောင့် ကျီးမီး၊ သမ္ဘရာ၊ သရက်တော၊ ဝန်လိုကိုင်းနဲ့  အခုရွှေတောကျေးရွာတွေဟာ ကမ်းပါးပြိုတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရွှေတောကျေးရွာမှာတော့ ကမ်းပါးမှ ာအရှည် ပေ ၁၀၀၀ ကျော်လောက်ရှိပြီး မိုးတွင်းရောက်တိုင်း ပြိုကျတတ်တာကြောင့် ကမ်းနားအိမ်တန်းမြေနေရာတွေ ချောင်းထဲမျောပါသွားကာ စိုက်ပျိုးမြေတွေလည်း ဆုံးရှုံးနေရပါတယ။ ဒါကြောင့် အချိန်မီ ကမ်းထိန်းတာတွေပြုလုပ်ပေးဖို့ ဒေသခံတွေက လိုလားနေကြတာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကမ္းၿပိဳမႈေၾကာင့္ ကံမၿမိဳ႕နယ္ ေ႐ႊေတာေက်း႐ြာေနအိမ္မ်ား ေ႐ႊ႕ေျပာင္းရမည့္အႏၲရာယ္ ႀကဳံေနရ

မေကြးတိုင္း၊ ကံမၿမိဳ႕နယ္ ေ႐ႊေတာေက်း႐ြာမွာ ကမ္းၿပိဳမႈေတြေၾကာင့္ အိမ္ေတြ ဖ်က္သိမ္းေ႐ႊ႕ေျပာင္းရေတာ့မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။

ကံမၿမိဳ႕နယ္ထဲက ေ႐ႊေတာေက်း႐ြာမွာ  အိမ္ေျခ ၁၀၀ ပတ္ဝန္းက်င္ရွိၿပီး လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကစၿပီး မင္းတုန္းေခ်ာင္းေၾကာင့္ ကမ္းပါးေတြ တျဖည္းျဖည္းၿပိဳက်လာခဲ့တာပါ။

၂၀၁၈ ခုႏွစ္က ေနအိမ္ ၈ လုံး ဖ်က္သိမ္းေျပာင္းေ႐ႊ႕ခဲ့ရၿပီး အခုလည္း ကမ္းနီးအိမ္ ၁၀ လုံးမွာ ေန႔စဥ္ ကမ္းပါးၿပိဳက်ေနတာေၾကာင့္ ေနအိမ္ဖ်က္သိမ္းၿပီး ေျပာင္းေ႐ႊ႕ရေတာ့မယ့္ အေျခအေန ေရာက္ေနတယ္လို႔ ေ႐ႊေတာေက်း႐ြာေန ဦးဘာဘူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြက ကမ္းပါးၿပိဳက်မႈေၾကာင့္ လူတေယာက္ေသဆုံးခဲ့ပါတယ္။

ေဒသခံေတြကေတာ့ အိမ္ေတြ၊ ေက်ာင္းကန္ဘုရားေတြ၊ စာသင္ေက်ာင္းေတြ၊ ေဆးေပးခန္းေတြကို မေ႐ႊ႕ရဖို႔အတြက္ ေခ်ာင္းကိုပဲ ျပင္ေပးေစခ်င္ေနၾကတယ္လို႔ ေနအိမ္ေ႐ႊ႕ေျပာင္းခဲ့ရတဲ့ ဦးေ႐ႊသီးက ေျပာပါတယ္။

ကံမၿမိဳ႕နယ္ထဲမွာ  မင္းတုန္းေခ်ာင္းတေလွ်ာက္ ကမ္းပါးၿပိဳတဲ့ေနရာ ငါးေနရာေလာက္ရွိၿပီး အဲဒီအထဲက သမၻရာေက်း႐ြာမွာေတာ့ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အေရးေပၚရန္ပုံေငြနဲ႔ လက္ရွိ ေဆာင္႐ြက္ေနၿပီး ဒီေနရာအတြက္လည္း ရန္ပုံေငြရွာေဖြဖို႔ လုပ္ေဆာင္သြားမယ္လို႔ ကံၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္ဝင္းက ေျပာပါတယ္။

ကံမၿမိဳ႕နယ္ထဲမွာ မင္းတုန္းေခ်ာင္းေၾကာင့္ က်ီးမီး၊ သမၻရာ၊ သရက္ေတာ၊ ဝန္လိုကိုင္းနဲ႔  အခုေ႐ႊေတာေက်း႐ြာေတြဟာ ကမ္းပါးၿပိဳတဲ့အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။

ေ႐ႊေတာေက်း႐ြာမွာေတာ့ ကမ္းပါးမွ ာအရွည္ ေပ ၁၀၀၀ ေက်ာ္ေလာက္ရွိၿပီး မိုးတြင္းေရာက္တိုင္း ၿပိဳက်တတ္တာေၾကာင့္ ကမ္းနားအိမ္တန္းေျမေနရာေတြ ေခ်ာင္းထဲေမ်ာပါသြားကာ စိုက္ပ်ိဳးေျမေတြလည္း ဆုံးရႈံးေနရပါတယ။ ဒါေၾကာင့္ အခ်ိန္မီ ကမ္းထိန္းတာေတြျပဳလုပ္ေပးဖို႔ ေဒသခံေတြက လိုလားေနၾကတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013