DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ၆၀ ကို ကျပ် ၉ ဒသမ ၁‌၅ ဘီလီယံဖြင့် ဆောင်ရွက်မည်
DVB
·
January 17, 2021
စစ်ကိုင်းတိုင်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း ၆၀ ကို ကျပ် ၉ ဒသမ ၁‌၅ ဘီလီယံဖြင့် ဆောင်ရွက်မည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ကမ်းပြိုမှုကာကွယ်ရေးအတွက် တိုင်းအစိုးရရဲ့ ဘတ်ဂျက်ရန်ပုံငွေထဲက ကျပ် ၉ ဒသမ ၁၅ ဘီလီယံ အသုံးပြုပြီး အခု ဇန်နဝါရီလအတွင်း စတင်အကောင်ထည်ဖော်မယ်လို့ သိရပါတယ်။

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းတွေကို အကောင်ထည်ဖော်ရာမှာ တင်ဒါ ၂ ကြိမ်ခွဲခေါ်ခဲ့တာဖြစ်ပြီး တိုင်းအစိုးရဘတ်ဂျက်နဲ့ ပြုလုပ်မယ့် လုပ်ငန်းနေရာ ၆၀ နဲ့ ချင်းတွင်းမြစ်ကြောင်းအတွက် ပြည်ထောင်စုအစိုးရဘတ်ဂျက်နဲ့ ပြုလုပ်မယ့် လုပ်ငန်း ၅ ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရေအရင်းမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးက “တင်ဒါအောင်တဲ့ ကုမ္ပဏီတွေကို တိုင်းအစိုးရက ထုတ်ပြန်ပြီးပါပြီ။ လက်ရှိမှာ ပထမအကြိမ် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေနဲ့ စာချုပ် ချုပ်ဆိုနေဆဲ ဖြစ်ပါတယ်။ ဒုတိယအကြိမ် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေနဲ့က ဒီလကုန်အပြီး ချုပ်ဆိုသွားမှာပါ။ တချို့ လုပ်ငန်းနေရာတွေက တစ်ခုကို နှစ်ခုခွဲပြီး ဆောင်ရွက်ရတာတွေလည်း ရှိတော့ လုပ်ငန်းအရေအတွက် စုစုပေါင်း ၆၆ ခု ရှိမှာဖြစ်ပါတယ်။ ဒီလထဲမှာ လုပ်ငန်းတွေ စတင်နေပါပြီ။ ၂၀၂၁ ခုနှစ်အကုန် အပြီးဆောင်ရွက်သွားရမှာပါ" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ယူတာတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းတွေအတွက် တိုင်းအစိုး ရဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် လုပ်ငန်းနေရာ ၆၀ ထဲမှာ  အရေးပေါ် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ ဘတ်ဂျက်ရန်ပုံငွေထဲကနေ ကျပ်သန်းပေါင်း ၈၇၁၁.၇ နဲ့ ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းပေါင်း ၆၅ နေရာအတွက် သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013