DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကျောင်း ၁၇ ကျောင်း ပိတ်ထားရဆဲ၊ လပတ်စာမေးပွဲများ အချိန်ရွှေ့စစ်မည်
DVB
·
August 25, 2019
မွန်ပြည်နယ်တွင် ကျောင်း ၁၇ ကျောင်း ပိတ်ထားရဆဲ၊ လပတ်စာမေးပွဲများ အချိန်ရွှေ့စစ်မည်
Donate to DVB

မွန်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၁၇ ကျောင်းပိတ်ထားရဆဲ ဖြစ်ပြီး၊ လပတ်စာမေးပွဲတွေကို အချိန်ပြောင်းရွှေ့စစ်ဆေးသွားမယ်လို့ ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက  ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၆၁၉ ကျောင်း ပိတ်ထားခဲ့ရပါတယ်။ အခုအခါမှာတော့ ရေအနည်းငယ် ပြန်လည် ကျဆင်းသွားခဲ့ပေမယ့် ကျိုက်မရောမြို့နယ်က စာသင်ကျောင်း ၁၆ ကျောင်းနဲ့ ပေါင်မြို့နယ်က စာသင်ကျောင်း ၁ ကျောင်း ပိတ်ထားရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် သြဂုတ်လ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လပတ်စာမေးပွဲကို အချိန်ပြောင်းရွှေ့ စစ်ဆေးသွားမယ်လို့  မွန်ပြည်နယ် ပညာရေးမှူးက ဒေါက်တာ ချိုချိုမြတ်အောင် ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေမှာ သတ်မှတ်သင်ခန်းစာ ပြီးစီးရေးအတွက် ပိတ်ရက်တွေမှာ အချိန်ပို သင်ကြားပေးသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

 စာသင်ကျောင်းတွေ ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနဲ့ ကျောင်းဝတ်စုံတွေ အကူအညီ လိုအပ်နေတဲ့အပြင် စာရေးခုံတွေလည်း လိုအပ်နေတယ်လို့ ကျိုက်မရောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ဦးက ပြောပါတယ်။

အခုအခါမှာတော့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေကို စာရင်း ကောက်ယူနေပြီး၊ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ပြောပါတယ်။ 

မွန်ပြည်နယ်မှာ အခုနှစ် ရေကြီးရေလျှံမှုကြောင့် စာသင်ကျောင်း ၆၁၉ ကျောင်း ပိတ်ထားခဲ့ရတာ ဖြစ်ပြီး ကျောင်းသား ၁၈၀၀၀၀  ကျော် ရေဘေးသင့်ခဲ့တာပါ။

ဇော်လွင်ထွဋ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မြန္ျပည္နယ္တြင္ ေက်ာင္း ၁၇ ေက်ာင္း ပိတ္ထားရဆဲ၊ လပတ္စာေမးပြဲမ်ား အခ်ိန္ေ႐ႊ႕စစ္မည္

မြန္ျပည္နယ္မွာ ေရႀကီးေရလွ်ံမႈေၾကာင့္ စာသင္ေက်ာင္း ၁၇ ေက်ာင္းပိတ္ထားရဆဲ ျဖစ္ၿပီး၊ လပတ္စာေမးပြဲေတြကို အခ်ိန္ေျပာင္းေ႐ႊ႕စစ္ေဆးသြားမယ္လို႔ ျပည္နယ္ ပညာေရးမႉးက ေျပာပါတယ္။

မြန္ျပည္နယ္မွာ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းက  ေရႀကီးေရလွ်ံမႈေၾကာင့္ စာသင္ေက်ာင္း ၆၁၉ ေက်ာင္း ပိတ္ထားခဲ့ရပါတယ္။ အခုအခါမွာေတာ့ ေရအနည္းငယ္ ျပန္လည္ က်ဆင္းသြားခဲ့ေပမယ့္ က်ိဳက္မေရာၿမိဳ႕နယ္က စာသင္ေက်ာင္း ၁၆ ေက်ာင္းနဲ႔ ေပါင္ၿမိဳ႕နယ္က စာသင္ေက်ာင္း ၁ ေက်ာင္း ပိတ္ထားရဆဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ၾသဂုတ္လ ေနာက္ဆုံးအပတ္မွာ က်င္းပဖို႔ စီစဥ္ထားတဲ့ လပတ္စာေမးပြဲကို အခ်ိန္ေျပာင္းေ႐ႊ႕ စစ္ေဆးသြားမယ္လို႔  မြန္ျပည္နယ္ ပညာေရးမႉးက ေဒါက္တာ ခ်ိဳခ်ိဳျမတ္ေအာင္ ေျပာပါတယ္။

ဒါ့အျပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ပိတ္ထားရတဲ့ ေက်ာင္းေတြမွာ သတ္မွတ္သင္ခန္းစာ ၿပီးစီးေရးအတြက္ ပိတ္ရက္ေတြမွာ အခ်ိန္ပို သင္ၾကားေပးသြားဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။

စာသင္ေက်ာင္းေတြ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ေက်ာင္းသုံးစာအုပ္၊ စာေရးကိရိယာနဲ႔ ေက်ာင္းဝတ္စုံေတြ အကူအညီ လိုအပ္ေနတဲ့အျပင္ စာေရးခုံေတြလည္း လိုအပ္ေနတယ္လို႔ က်ိဳက္မေရာၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေဇာ္ဦးက ေျပာပါတယ္။

အခုအခါမွာေတာ့ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ပ်က္စီးခဲ့တဲ့ စာသင္ေက်ာင္းေတြကို စာရင္း ေကာက္ယူေနၿပီး၊ ျပန္လည္ထူေထာင္ေရး ေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း သူက ေျပာပါတယ္။

မြန္ျပည္နယ္မွာ အခုႏွစ္ ေရႀကီးေရလွ်ံမႈေၾကာင့္ စာသင္ေက်ာင္း ၆၁၉ ေက်ာင္း ပိတ္ထားခဲ့ရတာ ျဖစ္ၿပီး ေက်ာင္းသား ၁၈၀၀၀၀  ေက်ာ္ ေရေဘးသင့္ခဲ့တာပါ။

ေဇာ္လြင္ထြဋ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013