DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေး၊ ချက်လုပ်စခန်းနှင့် သံသယရှိသူ အယောက် ၄၀ ခန့် ဖမ်းဆီးမိ
DVB
·
August 24, 2019
မူးယစ်ဆေး၊ ချက်လုပ်စခန်းနှင့် သံသယရှိသူ အယောက် ၄၀ ခန့် ဖမ်းဆီးမိ
Donate to DVB

မူးယစ်ဆေး၊ ချက်လုပ်စခန်းနဲ့ စခန်းက တိမ်းရှောင်လာသူတွေလို့ သံသယရှိသူ အယောက် ၄၀ လောက်ကို ဩဂုတ် ၂၃ ရက် မနက်ပိုင်းက ဖမ်းဆီးထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားပွဲရွာနားမှာ သြဂုတ် ၂၂ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး ချက်လုပ်ရာမှာသုံးတဲ့ မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ အိုက်စ်ထည့်တဲ့ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒီဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက်ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေ ထည့်ထားတဲ့ သံပေပါ ၅၈ လုံး၊ ပေပါအခွံ ၁၁၀ လုံး၊ အိုက်စ် ၁၅၀ လီတာဆံ့ ၁ ပုံးနဲ့ မော်တော်ယာဉ် ၁ စီးတို့ကို လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ညနေပိုင်းမှာတော့ အဲဒီနေရာကနေ ပေ ၂၀၀၀ ကျော်အကွာမှာ ဘိန်းဖြူမှုန့်/ခဲ ၄ ဒသမ ၅ ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁,၀၀၀ ပြား၊ ဘိန်းမဲအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်ဆစ်အရည် ထည့်ထားတဲ့ ပေပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဘူး(အကြီး/အသေး)၁၈ ဘူး၊ ဆေးဘူးမျိုးစုံ ၅၉ ဘူးနဲ့ CCL တံဆိပ်ပါ အဖြူရောင်အတုံး ၂၀ တုံးတို့ကို ပိုင်ရှင်မဲ့ ထပ်တွေ့ခဲ့ပါတယ်။

မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာတော့ မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းကနေ တိမ်းရှောင်လာသူတွေလို့ သံသယရှိသူတွေထဲက ပန်ကေတုရွာနားက ၁၇ ယောက်၊ ဝမ်ဖွန်းရွာနားက ၇ ယောက်နဲ့ မက်လန်းရွာနားက ၁၅ ယောက်၊ စုစုပေါင်း ၃၉ ယောက်ကို တွေ့ပြီး သက်ဆိုင်ရာက လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၃ ရက် မနက်ပိုင်းကပဲ နောင်ပိန်းရွာတဝိုက်မှာ ထပ်ပြီး ရှင်းလင်းရာမှာတော့ ရွာရဲ့ တမိုင်လောက်အကွာမှာ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွ ဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ်ဆေးဝါးရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး အလုံး ၆၀၀၊ ပွိုင့် ၂၂ သေနတ်  ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်တွေ့ခဲ့ပါတယ်။

အဲဒီ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို နမ့်စန်မြို့ မူးယစ် တပ်ဖွဲ့စုကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့  ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၁၅ ရက်နေ့အထိ ဘိန်းဖြူ ၁၇၁ ဒသမ ၇၅၈ ကီလို၊ ဘိန်းဘိမ်း ၂၃၉ ဒသမ ၆၄ ကီလို၊ ဘိန်းမည်း ၆၀ ဒသမ ၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၄,၂၉၅,၈၈၈ ပြား၊ အိုက်စ် ၅,၀၆၉ ဒသမ ၉၁ ကီလို၊ တခြားဆက်စပ်ပစ္စည်း ၁၀,၈၄၈ ဒသမ ၁၃ ကီလို(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံ) ကျော် ဖမ်းမိခဲ့တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မူးယစ္ေဆး၊ ခ်က္လုပ္စခန္းႏွင့္ သံသယရွိသူ အေယာက္ ၄၀ ခန္႔ ဖမ္းဆီးမိ

မူးယစ္ေဆး၊ ခ်က္လုပ္စခန္းနဲ႔ စခန္းက တိမ္းေရွာင္လာသူေတြလို႔ သံသယရွိသူ အေယာက္ ၄၀ ေလာက္ကို ဩဂုတ္ ၂၃ ရက္ မနက္ပိုင္းက ဖမ္းဆီးထားတယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕နယ္၊ နားပြဲ႐ြာနားမွာ ၾသဂုတ္ ၂၂ ရက္ ညေနပိုင္းက မူးယစ္ေဆးဝါး ခ်က္လုပ္ရာမွာသုံးတဲ့ မိုးကာတဲ ၁၀ လုံး၊ ေရခဲေသတၱာ ၁၄ လုံး၊ စတီးေပါင္းအိုး ၁၃ လုံး၊ အိုက္စ္ထည့္တဲ့ဗန္း ၇ ဗန္း၊ ဂက္စ္အိုး ၇၅၇ လုံး၊ အက္ဆစ္ပုံး ၇၀၈ လုံး၊ ႀကိတ္စက္ ၁ လုံး၊ ဆီတိုင္ကီ ၅ လုံး၊ မီးစက္ႀကီး ၁ လုံး၊ ဒီဂ်စ္တယ္ကတၱား ၃ လုံး၊ ေဆးခ်က္ေပါင္းအိုး ၁၄ လုံး၊ ေကာ္ဇလုံ ၁၀၇ လုံး၊ ဟိုက္ဒ႐ိုကလိုရစ္ အက္ဆစ္ေတြ ထည့္ထားတဲ့ သံေပပါ ၅၈ လုံး၊ ေပပါအခြံ ၁၁၀ လုံး၊ အိုက္စ္ ၁၅၀ လီတာဆံ့ ၁ ပုံးနဲ႔ ေမာ္ေတာ္ယာဥ္ ၁ စီးတို႔ကို လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြက ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့တယ္လို႔ ဆိုပါတယ္။

ညေနပိုင္းမွာေတာ့ အဲဒီေနရာကေန ေပ ၂၀၀၀ ေက်ာ္အကြာမွာ ဘိန္းျဖဴမႈန႔္/ခဲ ၄ ဒသမ ၅ ကီလိုဂရမ္၊ WY စိတ္ႂကြ႐ူးသြပ္ေဆးျပားအမႈန႔္ ၁၈ ဒသမ ၁၄ ကီလိုဂရမ္၊ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၁,၀၀၀ ျပား၊ ဘိန္းမဲအရည္ ၂၀ ဂါလန္၊ ဂက္စ္အိုး ၂ လုံး၊ ေဆးျပား႐ိုက္စက္ ၂ လုံး၊ ေဆးေမႊစက္ ၂ လုံး၊ အက္ဆစ္အရည္ ထည့္ထားတဲ့ ေပပါ ၃ လုံး၊ ေဆးခ်က္ကန္ ၆ ကန္၊ မိုးကာတဲ ၅ လုံး၊ အရက္ျပန္ ၁၀ လီတာ၊ အနံ႔ေဆးဘူး(အႀကီး/အေသး)၁၈ ဘူး၊ ေဆးဘူးမ်ိဳးစုံ ၅၉ ဘူးနဲ႔ CCL တံဆိပ္ပါ အျဖဴေရာင္အတုံး ၂၀ တုံးတို႔ကို ပိုင္ရွင္မဲ့ ထပ္ေတြ႕ခဲ့ပါတယ္။

မေန႔က မနက္ပိုင္း ၁၀ နာရီေလာက္မွာေတာ့ မူးယစ္ေဆးဝါးခ်က္လုပ္ေရးစခန္းကေန တိမ္းေရွာင္လာသူေတြလို႔ သံသယရွိသူေတြထဲက ပန္ေကတု႐ြာနားက ၁၇ ေယာက္၊ ဝမ္ဖြန္း႐ြာနားက ၇ ေယာက္နဲ႔ မက္လန္း႐ြာနားက ၁၅ ေယာက္၊ စုစုေပါင္း ၃၉ ေယာက္ကို ေတြ႕ၿပီး သက္ဆိုင္ရာက လိုအပ္တဲ့ စစ္ေဆးတာေတြ လုပ္ဖို႔ ေဆာင္႐ြက္ေနတယ္လို႔ ဆိုပါတယ္။

ဩဂုတ္ ၂၃ ရက္ မနက္ပိုင္းကပဲ ေနာင္ပိန္း႐ြာတဝိုက္မွာ ထပ္ၿပီး ရွင္းလင္းရာမွာေတာ့ ႐ြာရဲ႕ တမိုင္ေလာက္အကြာမွာ သြပ္မိုးတဲ ၅ လုံး၊ WY စိတ္ႂကြ ေဆးျပားေတြ ထည့္ထားတဲ့ ဆာလာအိတ္ ၂၇ အိတ္ (ေဆးျပား အေရအတြက္စိစစ္ဆဲ)၊ မူးယစ္ေဆးဝါး႐ိုက္စက္ ၄ လုံး၊ ေဆးစပ္စတီးဗန္း ၁၀ ဗန္း၊ ဂက္စ္အိုး အလုံး ၆၀၀၊ ပြိဳင့္ ၂၂ ေသနတ္  ၁ လက္၊ က်ည္အိမ္ ၁ ခု၊ ႀကိဳးဆြဲလက္ပစ္ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ က်ည္ ၃၆၀ ေတာင့္၊ ေမာ္ေတာ္ယာဥ္ ၄ စီးနဲ႔ ဆက္စပ္ပစၥည္းေတြ ထပ္ေတြ႕ခဲ့ပါတယ္။

အဲဒီ လက္နက္ခဲယမ္းေတြ၊ မူးယစ္ေဆးဝါးေတြနဲ႔ ဆက္စပ္ပစၥည္းေတြကို နမ့္စန္ၿမိဳ႕ မူးယစ္ တပ္ဖြဲ႕စုကို စနစ္တက် လႊဲေျပာင္းအပ္ႏွံသြားမယ္လို႔ ဆိုပါတယ္။

တပ္မေတာ္အေနနဲ႔  ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ကေန ၾသဂုတ္ ၁၅ ရက္ေန႔အထိ ဘိန္းျဖဴ ၁၇၁ ဒသမ ၇၅၈ ကီလို၊ ဘိန္းဘိမ္း ၂၃၉ ဒသမ ၆၄ ကီလို၊ ဘိန္းမည္း ၆၀ ဒသမ ၇၅ ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၄၄,၂၉၅,၈၈၈ ျပား၊ အိုက္စ္ ၅,၀၆၉ ဒသမ ၉၁ ကီလို၊ တျခားဆက္စပ္ပစၥည္း ၁၀,၈၄၈ ဒသမ ၁၃ ကီလို(စုစုေပါင္း မူးယစ္ေဆးဝါး ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၁၇ ဒသမ ၈၅ ဘီလီယံ) ေက်ာ္ ဖမ္းမိခဲ့တယ္လို႔လည္း ထုတ္ျပန္ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013