DVB Logo
Home
မြန်မာသတင်း
ရေပူစစ်ဆေးရေးစခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၁ ဦး သေဆုံး
DVB
·
August 24, 2019
ရေပူစစ်ဆေးရေးစခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရ၊ ပြည်သူ့စစ် ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ရှိတဲ့ ရေပူစစ်ဆေးရေးစခန်းကို လက်နက်ကိုင်တပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သွားတာကြောင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

“စစ်ဆေးရေးစခန်းရဲ့ အနောက်မှာရှိတဲ့ တောင်ကုန်းပေါ်ကနေ လာပစ်သွားတာပါ။ ပိန်းဆာ ပြည်သူ့စစ် ၁ ဦး သေပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ကျန်တဲ့ ပျက်စီးမှုကတော့ တဲတခုပဲ ပျက်ပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့ကလည်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) နဲ့ ကိုးကန့်အဖွဲ့ (MNDAA) တို့က ပြင်ဦးလွင်မြို့နဲ့ နောက်ချိုမြို့အတွင်းက နေရာအချို့ကို ဝင်တိုက်ခဲ့တာကြောင့် တပ်မတော်သား ၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့တာပါ။

လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရပူစစ္ေဆးေရးစခန္း ေရွာ့တိုက္ဒုံးျဖင့္ ပစ္ခတ္ခံရ၊ ျပည္သူ႔စစ္ ၁ ဦး ေသဆုံး

ရွမ္းျပည္နယ္၊ သိႏၷီၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမေပၚမွာ ရွိတဲ့ ေရပူစစ္ေဆးေရးစခန္းကို လက္နက္ကိုင္တပ္ဖြဲ႕က ဒီကေန႔ မနက္ပိုင္းမွာ ေရွာ့တိုက္ဒုံးနဲ႔ ပစ္ခတ္သြားတာေၾကာင့္ ဌာေနျပည္သူ႔စစ္တပ္ဖြဲ႕ဝင္ ၁ ဦး ေသဆုံးၿပီး ၁ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

“စစ္ေဆးေရးစခန္းရဲ႕ အေနာက္မွာရွိတဲ့ ေတာင္ကုန္းေပၚကေန လာပစ္သြားတာပါ။ ပိန္းဆာ ျပည္သူ႔စစ္ ၁ ဦး ေသၿပီး ၁ ဦး ဒဏ္ရာရခဲ့ပါတယ္။ က်န္တဲ့ ပ်က္စီးမႈကေတာ့ တဲတခုပဲ ပ်က္ပါတယ္” လို႔ ေဒသခံတဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္ေန႔ကလည္း ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႕ျဖစ္တဲ့ တအာင္းလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)၊ ရကၡိဳင့္တပ္မေတာ္ (AA) နဲ႔ ကိုးကန္႔အဖြဲ႕ (MNDAA) တို႔က ျပင္ဦးလြင္ၿမိဳ႕နဲ႔ ေနာက္ခ်ိဳၿမိဳ႕အတြင္းက ေနရာအခ်ိဳ႕ကို ဝင္တိုက္ခဲ့တာေၾကာင့္ တပ္မေတာ္သား ၉ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးနဲ႔ အရပ္သား ၃ ဦး စုစုေပါင္း ၁၅ ဦး ေသဆုံးခဲ့တာပါ။

လက္ရွိမွာလည္း ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013