DVB Logo
Home
မြန်မာသတင်း
မိုးညို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
DVB
·
August 24, 2019
မိုးညို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
Donate to DVB

ပဲခူးတိုင်း၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို  အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မိုးညိုမြို့မရဲစခန်းမှာ သြဂုတ် ၂၃ ရက်က ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ မိုးညိုမြို့နယ်ထဲက အင်းသားကြီး ၉ ယောက်ကို နောက်ထပ် အင်းသက်တမ်း ၃ နှစ်ရအောင် တာဝန်ယူလုပ်ပေးမယ်လို့ ပြောပြီး ငွေကြေးတွေ တောင်းယူ၊ ကိုယ်ကျိုး အလွဲသုံးတာတွေကို စစ်ဆေး အရေးယူပေးဖို့ ကော်မရှင်ကို တိုင်ကြားခဲ့တာကြောင့် စစ်ဆေးခဲ့တာပါ။

စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို စီမံခန့်ခွဲရေးတာဝန် ဖြစ်တဲ့ အင်းလေလံပစ်ရာမှာ ကြီးကြပ်ဆောင်ရွက်တုန်း ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားတဲ့ အင်းတွေနဲ့ ပတ်သက်လို့ အင်းသားကြီးတွေဆီက ငွေကျပ် ၃၅ သိန်းနဲ့ ငွေကျပ် ၃၂ သိန်းတို့ကို တောင်းခံရယူခဲ့တာ ပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မိုးညိဳ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို အဂတိလိုက္စားမႈျဖင့္ အမႈဖြင့္

ပဲခူးတိုင္း၊ မိုးညိဳၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္ထားပါတယ္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့တာ စစ္ေဆးေပၚေပါက္ခဲ့တာေၾကာင့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းကို  အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ မိုးညိဳၿမိဳ႕မရဲစခန္းမွာ ၾသဂုတ္ ၂၃ ရက္က ပထမ သတင္းေပးတိုင္ၾကားခ်က္ ဖြင့္လွစ္ၿပီး တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ထုတ္ျပန္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳတဲ့ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းဟာ မိုးညိဳၿမိဳ႕နယ္ထဲက အင္းသားႀကီး ၉ ေယာက္ကို ေနာက္ထပ္ အင္းသက္တမ္း ၃ ႏွစ္ရေအာင္ တာဝန္ယူလုပ္ေပးမယ္လို႔ ေျပာၿပီး ေငြေၾကးေတြ ေတာင္းယူ၊ ကိုယ္က်ိဳး အလြဲသုံးတာေတြကို စစ္ေဆး အေရးယူေပးဖို႔ ေကာ္မရွင္ကို တိုင္ၾကားခဲ့တာေၾကာင့္ စစ္ေဆးခဲ့တာပါ။

စုံစမ္းစစ္ေဆးေရးအဖြဲ႕က စစ္ေဆးရာမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းဟာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တေယာက္အေနနဲ႔ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းကို စီမံခန႔္ခြဲေရးတာဝန္ ျဖစ္တဲ့ အင္းေလလံပစ္ရာမွာ ႀကီးၾကပ္ေဆာင္႐ြက္တုန္း ၂၀၁၇ ခုႏွစ္၊ မတ္လအတြင္းက ၂၀၁၇-၁၈၊ ၂၀၁၈-၁၉၊ ၂၀၁၉-၂၀ ခုႏွစ္အတြက္ ေၾကးတိုင္အင္း သက္တမ္းတိုး ေလွ်ာက္ထားတဲ့ အင္းေတြနဲ႔ ပတ္သက္လို႔ အင္းသားႀကီးေတြဆီက ေငြက်ပ္ ၃၅ သိန္းနဲ႔ ေငြက်ပ္ ၃၂ သိန္းတို႔ကို ေတာင္းခံရယူခဲ့တာ ေပၚေပါက္တယ္လို႔ ဆိုပါတယ္။

အမႈဖြင့္ခံထားရတာနဲ႔ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေက်ာ္မ်ိဳးမင္းကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေပမယ့္ မရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013