DVB Logo
Home
မြန်မာသတင်း
YBS နှင့် ကျောင်းကား ယာဉ်တိုက်မှုဖြစ်၊ ကျောင်းသား ကျောင်းသူများ ဒဏ်ရာရ
DVB
·
August 24, 2019
YBS နှင့် ကျောင်းကား ယာဉ်တိုက်မှုဖြစ်၊ ကျောင်းသား ကျောင်းသူများ ဒဏ်ရာရ
Donate to DVB

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာရှေ့မှာ ဒီကနေ့မနက် ၇ နာရီလောက်က YBS-7 နဲ့ ကောင်းထက်ကျော် ကိုယ်ပိုင်အထက်တန်းကျောင်းကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့လို့ ကျောင်းသား ကျောင်းသူ ၁၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အထက်တန်း ကျောင်းသား ကျောင်းသူ ၁၄ ယောက်နဲ့ ယာဉ်မောင်း ၁ ယောက်၊ ယာဉ်အကူ ၁ ယောက် စုစုပေါင်း ၁၆ ယောက်ကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ရတယ်လို့ မအူကုန်းလမ်းကျယ် ပရဟိတလူငယ်များအဖွဲ့က ပြောပါတယ်။ 

ဒဏ်ရာရသူတွေထဲက ကျောင်းသူ ကျောင်းသား ၁၀ ယောက်လောက်ကတော့ ဆေးရုံ ဆက်တင်ရမယ့် အခြေအနေ ရှိပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာ မရှိဘူးလို့ အဲဒီပရဟိတအသင်းရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ 

ဒီယာဉ်တိုက်မှုအတွင်းမှာ YBS ကားပေါ်က ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

YBS ႏွင့္ ေက်ာင္းကား ယာဥ္တိုက္မႈျဖစ္၊ ေက်ာင္းသား ေက်ာင္းသူမ်ား ဒဏ္ရာရ

ရန္ကုန္တိုင္း မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ယုဇနပလာဇာေရွ႕မွာ ဒီကေန႔မနက္ ၇ နာရီေလာက္က YBS-7 နဲ႔ ေကာင္းထက္ေက်ာ္ ကိုယ္ပိုင္အထက္တန္းေက်ာင္းကားတို႔ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့လို႔ ေက်ာင္းသား ေက်ာင္းသူ ၁၄ ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။

ထိခိုက္ဒဏ္ရာရတဲ့ အထက္တန္း ေက်ာင္းသား ေက်ာင္းသူ ၁၄ ေယာက္နဲ႔ ယာဥ္ေမာင္း ၁ ေယာက္၊ ယာဥ္အကူ ၁ ေယာက္ စုစုေပါင္း ၁၆ ေယာက္ကို ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚဌာနကို ပို႔ေဆာင္ေပးခဲ့ရတယ္လို႔ မအူကုန္းလမ္းက်ယ္ ပရဟိတလူငယ္မ်ားအဖြဲ႕က ေျပာပါတယ္။

ဒဏ္ရာရသူေတြထဲက ေက်ာင္းသူ ေက်ာင္းသား ၁၀ ေယာက္ေလာက္ကေတာ့ ေဆး႐ုံ ဆက္တင္ရမယ့္ အေျခအေန ရွိေပမယ့္ အသက္အႏၲရာယ္ စိုးရိမ္စရာ မရွိဘူးလို႔ အဲဒီပရဟိတအသင္းရဲ႕ ျပန္ၾကားေရး တာဝန္ခံက ေျပာပါတယ္။

ဒီယာဥ္တိုက္မႈအတြင္းမွာ YBS ကားေပၚက ဒဏ္ရာရသူေတာ့ မရွိခဲ့ပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013