DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ် ဆောင်းသီးနှံစရိတ်ချေးငွေ ရာနှုန်းပြည့် ပြန်ဆပ်
DVB
·
August 24, 2019
ချောက်မြို့နယ် ဆောင်းသီးနှံစရိတ်ချေးငွေ ရာနှုန်းပြည့် ပြန်ဆပ်
Donate to DVB

ချောက်မြို့နယ်က ဆောင်းသီးနှံစရိတ် ချေးငွေ ပြန်ဆပ်ရန် ကျန်သူများ ရာနှုန်းပြည့် ပြန်ဆပ်တယ်လို့ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူက ပြောပါတယ်။ 

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယခင်နှစ် (၂၀၁၈ ခုနှစ်) ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးငွေမှ အတိုး ၅၈ သိန်းကျော်နဲ့ ဒဏ်ကြေးငွေ ၅ သိန်းကျော် စုစုပေါင်းငွေကျပ် ၆၃ သိန်းကျော် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စုစုပေါင်း ငွေကျပ်သိန်း ၁၅၀၀ ကျော် ထုတ်ချေးခဲ့ပြီး ယင်းထုတ်ချေးငွေမှ ၁၀၀ ကျပ်ကို တနှစ် အတိုးနှုန်း ၈ ကျပ် သတ်မှတ်ထားပြီး သတ်မှတ်ကာလ ကျော်လွန် ဒဏ်ကြေးငွေကတော့ ၁၀၀ ကို တလ ၁ ကျပ်နှုန်း ဒဏ်ကြေးငွေပေးရတယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးအောင်သောင်းက ရှင်းပြပါတယ်။ 

ဆောင်သီးနှံ စိုက်ပျိုးစရိတ် ထုတ်ချေးငွေကို ပြန်လည်ပေးဆပ်ဖို့ ဇွန်လကုန်အထိ သတ်မှတ်ထားပြီး ပေးဆပ်ရန် ကျန်ရှိတဲ့ တောင်သူ ၇၃ ဦးက သြဂုတ် ၂၁ ရက်နေ့မှာ ရာနှုန်းပြည့် ပြန်လည်ပေးဆပ်ခဲ့တာကြောင့် ဒဏ်ကြေးငွေ ၅၂၅,၀၀၀ ကျပ် ကောက်ခံရရှိတယ်လို့ ဆိုပါတယ်။ 

၂၀၁၈ ခုနှစ်၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ကို ချောက်မြို့နယ်က စိုက်ပျိုးမြေဧကပေါင်း ၁၄၂၆ ဧကအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စုစုပေါင်း ၁၅၂၉ သိန်းကျော် ထုတ်ချေးပေးခဲ့ပါတယ်။ 

ကိုကိုလင်း (ချောက်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေခ်ာက္ၿမိဳ႕နယ္ ေဆာင္းသီးႏွံစရိတ္ေခ်းေငြ ရာႏႈန္းျပည့္ ျပန္ဆပ္

ေခ်ာက္ၿမိဳ႕နယ္က ေဆာင္းသီးႏွံစရိတ္ ေခ်းေငြ ျပန္ဆပ္ရန္ က်န္သူမ်ား ရာႏႈန္းျပည့္ ျပန္ဆပ္တယ္လို႔ ေခ်ာက္ၿမိဳ႕နယ္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္ တာဝန္ရွိသူက ေျပာပါတယ္။

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နယ္အတြင္းရွိ ေတာင္သူေတြကို ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ယခင္ႏွစ္ (၂၀၁၈ ခုႏွစ္) ေဆာင္းရာသီ သီးႏွံစိုက္ပ်ိဳးစရိတ္ ထုတ္ေခ်းေငြမွ အတိုး ၅၈ သိန္းေက်ာ္နဲ႔ ဒဏ္ေၾကးေငြ ၅ သိန္းေက်ာ္ စုစုေပါင္းေငြက်ပ္ ၆၃ သိန္းေက်ာ္ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။

စုစုေပါင္း ေငြက်ပ္သိန္း ၁၅၀၀ ေက်ာ္ ထုတ္ေခ်းခဲ့ၿပီး ယင္းထုတ္ေခ်းေငြမွ ၁၀၀ က်ပ္ကို တႏွစ္ အတိုးႏႈန္း ၈ က်ပ္ သတ္မွတ္ထားၿပီး သတ္မွတ္ကာလ ေက်ာ္လြန္ ဒဏ္ေၾကးေငြကေတာ့ ၁၀၀ ကို တလ ၁ က်ပ္ႏႈန္း ဒဏ္ေၾကးေငြေပးရတယ္လို႔ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္ မန္ေနဂ်ာ ဦးေအာင္ေသာင္းက ရွင္းျပပါတယ္။

ေဆာင္သီးႏွံ စိုက္ပ်ိဳးစရိတ္ ထုတ္ေခ်းေငြကို ျပန္လည္ေပးဆပ္ဖို႔ ဇြန္လကုန္အထိ သတ္မွတ္ထားၿပီး ေပးဆပ္ရန္ က်န္ရွိတဲ့ ေတာင္သူ ၇၃ ဦးက ၾသဂုတ္ ၂၁ ရက္ေန႔မွာ ရာႏႈန္းျပည့္ ျပန္လည္ေပးဆပ္ခဲ့တာေၾကာင့္ ဒဏ္ေၾကးေငြ ၅၂၅,၀၀၀ က်ပ္ ေကာက္ခံရရွိတယ္လို႔ ဆိုပါတယ္။

၂၀၁၈ ခုႏွစ္၊ ေဆာင္းသီးႏွံ စိုက္ပ်ိဳးစရိတ္ကို ေခ်ာက္ၿမိဳ႕နယ္က စိုက္ပ်ိဳးေျမဧကေပါင္း ၁၄၂၆ ဧကအတြက္ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္က စုစုေပါင္း ၁၅၂၉ သိန္းေက်ာ္ ထုတ္ေခ်းေပးခဲ့ပါတယ္။

ကိုကိုလင္း (ေခ်ာက္)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013