DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီး လယ်တောတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
DVB
·
August 23, 2019
အင်းတော်ကြီး လယ်တောတွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွား
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးမြို့ အောင်ချမ်းသာကျေးရွာ လယ်တောမှာ ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

အောင်ချမ်းသာကျေးရွာ နန့်ပလန်ကွင်းလယ် တောတဲမှာ လယ်ပိုင်ရှင် ဦးကျော်ထွန်းက လယ်စာရင်းငှား လင်မယား ၂ ဦးအသတ်ခံရကြောင်း သြဂုတ် ၂၂ ရက်မနက် ၇ နာရီကျော်လောက်မှာ ကျေးရွာတာဝန်ခံ ဦးသောင်းထွန်းကို အကြောင်းကြားခဲ့တာကြောင့် ချောင်းဝအုပ်ချုပ်ရေးမှုးအဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

လယ်တဲပေါ်မှာ စာရင်းငှား ကိုမျိုးသင်းဦး (၃၃ နှစ်) သေဆုံးနေပြီး လယ်တဲအနောက်မြောက်ဘက် မြေပြင်ပေါ်မှာတော့ ဇနီးဖြစ်သူ သီတာအေး (၃၃ နှစ်) သေဆုံးနေတာကို တွေ့ရတာပါ။

ရုပ်အလောင်းတွေကို လုံးတုံရဲစခန်း ပို့ဆောင်စစ်ဆေးခဲ့ရာမှာ ဓား၊ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာတွေ့ရလို့ တရားခံ (ဖမ်းမမိသေး) ကို လူသတ်မှုပုဒ်မ ၃၀၂ အမှုကြီးအမှတ်စဉ် ၄/၂၀၁၉ နဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။




Zawgyi Version

အင္းေတာ္ႀကီး လယ္ေတာတြင္ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြား
DVB
ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ အင္းေတာ္ႀကီးၿမိဳ႕ ေအာင္ခ်မ္းသာေက်း႐ြာ လယ္ေတာမွာ ၂ ေလာင္းၿပိဳင္ လူသတ္မႈ ျဖစ္ပြားခဲ့တယ္လို႔ မိုးညႇင္းရဲစခန္းက သိရပါတယ္။
ေအာင္ခ်မ္းသာေက်း႐ြာ နန႔္ပလန္ကြင္းလယ္ ေတာတဲမွာ လယ္ပိုင္ရွင္ ဦးေက်ာ္ထြန္းက လယ္စာရင္းငွား လင္မယား ၂ ဦးအသတ္ခံရေၾကာင္း ၾသဂုတ္ ၂၂ ရက္မနက္ ၇ နာရီေက်ာ္ေလာက္မွာ ေက်း႐ြာတာဝန္ခံ ဦးေသာင္းထြန္းကို အေၾကာင္းၾကားခဲ့တာေၾကာင့္ ေခ်ာင္းဝအုပ္ခ်ဳပ္ေရးမႈးအဖြဲ႕နဲ႔အတူ သြားေရာက္စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။
လယ္တဲေပၚမွာ စာရင္းငွား ကိုမ်ိဳးသင္းဦး (၃၃ ႏွစ္) ေသဆုံးေနၿပီး လယ္တဲအေနာက္ေျမာက္ဘက္ ေျမျပင္ေပၚမွာေတာ့ ဇနီးျဖစ္သူ သီတာေအး (၃၃ ႏွစ္) ေသဆုံးေနတာကို ေတြ႕ရတာပါ။
႐ုပ္အေလာင္းေတြကို လုံးတုံရဲစခန္း ပို႔ေဆာင္စစ္ေဆးခဲ့ရာမွာ ဓား၊ ေသနတ္ ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့တာေတြ႕ရလို႔ တရားခံ (ဖမ္းမမိေသး) ကို လူသတ္မႈပုဒ္မ ၃၀၂ အမႈႀကီးအမွတ္စဥ္ ၄/၂၀၁၉ နဲ႔ အမႈဖြင့္စုံစမ္းေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013