DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 22, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၄၁၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၈၇၇၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၉၂၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၄၃၀၀ ကျပ် ဈေး ကွာခြားပါတယ်။

စားတော်ပဲလုံး
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၄၀၀၀ ကနေ ၇၆၁၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ဆင်ဖြူကျွန်း ကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးနဲ့ ၃၀၀၀ ကျပ် ဈေးကျသွားပြီး တအိတ်ကို ၂၅၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တပိဿာကို ၅၀၀ ကနေ ၉၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီတပိဿာကို ၅၀၀ ကနေ ၇၀၀ အထိ ပေါက်ဈေးနဲ့ ၅၀ ကျပ်ဈေးကျသွားပြီး တပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းနက်စမုံ
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၄၀၀၀၀ ကနေ ၂၈၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံ တအိတ်ကို ၂၆၀၀၀၀ ကနေ ၂၇၀၀၀၀ အထိ ပေါက်ဈေးနဲ့ ၅၀၀၀ ကျပ် ဈေးကျသွားပြီး တအိတ်ကို ၁၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

မြေပဲလုံးဆံနီ
မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိဿာကို ၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီ တပိဿာကို ၄၂၀၀ ပေါက်ဈေးရှိပြီး တပိဿာကို ၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA




Zawgyi Version

ေျပာင္းလဲေနသည့္ ယေန႔သီးႏွံေဈးႏႈန္းမ်ား
DVB

မတ္ပဲ
ရန္ကုန္ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာ မတ္ပဲက ပိႆာ ၆၀ ဝင္ တအိတ္ကို ၇၄၁၀၀ ေပါက္ေဈးရွိၿပီး ၃၀၀ က်ပ္ ေဈးတက္လာပါတယ္။ မႏၲေလးကုန္စည္ဒိုင္မွာ တအိတ္ကို ၇၀၀၀၀ ကေန ၇၅၀၀၀ ေပါက္ေဈးရွိၿပီး ေဈးအေျပာင္းအလဲ မရွိပါဘူး။ ရန္ကုန္နဲ႔ မႏၲေလးကုန္စည္ဒိုင္ တအိတ္ကို ၉၀၀ က်ပ္ ေဈးကြာျခားပါတယ္။

ပဲစင္းငုံနီ
ရန္ကုန္ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာ ပဲစင္းငုံနီ (ေဟာင္း) က ပိႆာ ၆၀ ဝင္တအိတ္ကို ၈၇၇၀၀ ေပါက္ေဈးရွိၿပီး ၅၀၀ က်ပ္ ေဈးက်သြားပါတယ္။ မႏၲေလးကုန္စည္ဒိုင္မွာ တအိတ္ကို ၉၂၀၀၀ ေပါက္ေဈးရွိၿပီး ၁၀၀၀ က်ပ္ ေဈးက်သြားပါတယ္။ ရန္ကုန္နဲ႔ မႏၲေလး ကုန္စည္ဒိုင္ တအိတ္ကို ၄၃၀၀ က်ပ္ ေဈး ကြာျခားပါတယ္။

စားေတာ္ပဲလုံး
ရန္ကုန္ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာ စားေတာ္ပဲလုံးက ၅၉ ဒသမ ၂၅ ပိႆာဝင္ တအိတ္ကို ၇၄၀၀၀ ကေန ၇၆၁၀၀ အထိ ေပါက္ေဈးရွိပါတယ္။ ဆင္ျဖဴကြၽန္း ကုန္စည္ဒိုင္မွာ စားေတာ္ပဲလုံး တအိတ္ကို ၁၀၂၀၀၀ ေပါက္ေဈးနဲ႔ ၃၀၀၀ က်ပ္ ေဈးက်သြားၿပီး တအိတ္ကို ၂၅၉၀၀ က်ပ္ ေဈးကြာျခားပါတယ္။

ၾကက္သြန္နီ
ရန္ကုန္ ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာ ၾကက္သြန္နီ တပိႆာကို ၅၀၀ ကေန ၉၀၀ အထိ ေပါက္ေဈးရွိပါတယ္။ ပခုကၠဴကုန္စည္ဒိုင္မွာ ၾကက္သြန္နီတပိႆာကို ၅၀၀ ကေန ၇၀၀ အထိ ေပါက္ေဈးနဲ႔ ၅၀ က်ပ္ေဈးက်သြားၿပီး တပိႆာကို ၂၀၀ က်ပ္ ေဈးကြာျခားပါတယ္။

ႏွမ္းနက္စမုံ
မႏၲေလးကုန္စည္ဒိုင္မွာ ႏွမ္းနက္စမုံက ၄၅ ပိႆာဝင္ တအိတ္ကို ၂၄၀၀၀၀ ကေန ၂၈၀၀၀၀ အထိ ေပါက္ေဈးရွိၿပီး ၃၀၀၀ က်ပ္ ေဈးက်သြားပါတယ္။ ေအာင္လံကုန္စည္ဒိုင္မွာ ႏွမ္းနက္စမုံ တအိတ္ကို ၂၆၀၀၀၀ ကေန ၂၇၀၀၀၀ အထိ ေပါက္ေဈးနဲ႔ ၅၀၀၀ က်ပ္ ေဈးက်သြားၿပီး တအိတ္ကို ၁၀၀၀၀ က်ပ္ ေဈးကြာျခားပါတယ္။

ေျမပဲလုံးဆံနီ
မႏၲေလးကုန္စည္ဒိုင္မွာ ေျမပဲလုံးဆံနီ တပိႆာကို ၄၀၀၀ ေပါက္ေဈးရွိၿပီး ၁၀၀၀ က်ပ္ ေဈးက်သြားပါတယ္။ ေအာင္လံကုန္စည္ဒိုင္မွာ ေျမပဲလုံးဆံနီ တပိႆာကို ၄၂၀၀ ေပါက္ေဈးရွိၿပီး တပိႆာကို ၂၀၀ က်ပ္ ေဈးကြာျခားပါတယ္။

ေဖာ္ျပထားတဲ့ သီးႏွံေဈးႏႈန္းေတြက အခ်ိန္နဲ႔အမွ် ေျပာင္းလဲႏိုင္ပါတယ္။

သတင္း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013