DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ကားလမ်း ရေကျော်၊ သစ်ပင်ကြီးများ ပြိုလဲ 
DVB
·
August 21, 2019
မုံရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ကားလမ်း ရေကျော်၊ သစ်ပင်ကြီးများ ပြိုလဲ 
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ဩဂုတ် ၂၁ ရက် မနက်အစောပိုင်းက စတင်ကာ ၄ နာရီကျော်ကြာ မိုးအဆက်မပြတ် သဲသဲမဲမဲ ရွာသွန်းခဲ့လို့ မုံရွာ၊ ချောင်းဦး၊ ကနီ၊ ဘုတလင်၊ ယင်းမာပင်၊ အရာတော်၊ ရေဦး၊ ဒီပဲယင်း စတဲ့မြို့တွေမှာ နေအိမ်အတွင်း ရေဝင်တာ၊ လမ်းရေကျော်လို့ ယာယီသွားလာရေး ပြတ်တောက်တာ၊ အချို့နေရာတွေမှာ မြေအိကျပြီး သစ်ပင်ကြီးတွေ အမြစ်က လဲပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မုံရွာမြို့ပေါ်မှာလည်း နေရာအနှံ့အပြား မိုးရွာသွန်းခဲ့ပြီး မိုးရွာချိန်ကြာမြင့်တာကြောင့် အလယ်ရပ်ကွက်၊ မြိုင်သဇင်လမ်းပေါ်မှာ သက်တမ်းရင့် မယ်ဇလီပင်ကြီး လမ်းပေါ် ကန့်လန့်ဖြတ် လဲပြိုကျခဲ့လို့ လမ်းပိတ်ဆို့သွားခဲ့ပါတယ်။

မုံရွာမီးသတ်တပ်ဖွဲ့ ဒုမြို့နယ် မီးသတ်ဦးစီးမှုး ဦးတင်ကိုကိုက "လုံးပတ် ၅ ပေ၊ အရှည် ပေ ၆၀ လောက်ရှိတဲ့ မယ်ဇလီပင် လမ်းပေါ် ကန့်လန့်လဲကျပြီး လမ်းပိတ်ခဲ့တာပါ။ ခရိုင်မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ကရိန်း၊ ချိန်းဆောတွေနဲ့ သွားရောက်ပြီး ၁ နာရီကျော်ကြာ ရှင်းလင်းပေးခဲ့ပါတယ်။ လူနှင့် နေအိမ်အဆောက်အဦတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။"လို့ ပြောပါတယ်။ 

မနက်ပိုင်းက ရွာသွန်းတဲ့မိုးကြောင့် မုံရွာ-မန္တလေးလမ်း၊ ငါးယှန်ကျေးရွာအနီးမှာလည်း ကားလမ်းရေကျော်ခဲ့လို့ ခရီးသည်နဲ့ ကုန်တင်ယာဉ်တွေ လမ်းပိတ်ခဲ့သလို မုံရွာ-ဘုတလင်လမ်း၊ ဘုတလင်-မောင်းလမ်းတွေမှာလည်း ကားလမ်းရေကျော်ခဲ့ပါတယ်။ 

ဒါ့အပြင် ချောင်းဦးမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း နေအိမ်တွေအတွင်း ရေဝင်ရောက်လို့ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်အချို့ ရေလွတ်ရာကို ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြရပါတယ်။ 

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(တတိယ) ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေနဲ့ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်း ထုတ်ပြန်ထားပါတယ်။

အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်း နိုင်ပြီး နေရာ တော်တော်များများ ရွာသွန်းမြဲခန့် ရွာနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ  ၈ ရက်မှ ၁၀ ရက်ခန့်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ ၅ ရက်မှ ၇ ရက်ခန့် ရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မုံ႐ြာတြင္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ကားလမ္း ေရေက်ာ္၊ သစ္ပင္ႀကီးမ်ား ၿပိဳလဲ 

စစ္ကိုင္းတိုင္းအတြင္း ဩဂုတ္ ၂၁ ရက္ မနက္အေစာပိုင္းက စတင္ကာ ၄ နာရီေက်ာ္ၾကာ မိုးအဆက္မျပတ္ သဲသဲမဲမဲ ႐ြာသြန္းခဲ့လို႔ မုံ႐ြာ၊ ေခ်ာင္းဦး၊ ကနီ၊ ဘုတလင္၊ ယင္းမာပင္၊ အရာေတာ္၊ ေရဦး၊ ဒီပဲယင္း စတဲ့ၿမိဳ႕ေတြမွာ ေနအိမ္အတြင္း ေရဝင္တာ၊ လမ္းေရေက်ာ္လို႔ ယာယီသြားလာေရး ျပတ္ေတာက္တာ၊ အခ်ိဳ႕ေနရာေတြမွာ ေျမအိက်ၿပီး သစ္ပင္ႀကီးေတြ အျမစ္က လဲၿပိဳက်တာေတြ ျဖစ္ေပၚခဲ့ပါတယ္။

မုံ႐ြာၿမိဳ႕ေပၚမွာလည္း ေနရာအႏွံ႔အျပား မိုး႐ြာသြန္းခဲ့ၿပီး မိုး႐ြာခ်ိန္ၾကာျမင့္တာေၾကာင့္ အလယ္ရပ္ကြက္၊ ၿမိဳင္သဇင္လမ္းေပၚမွာ သက္တမ္းရင့္ မယ္ဇလီပင္ႀကီး လမ္းေပၚ ကန႔္လန႔္ျဖတ္ လဲၿပိဳက်ခဲ့လို႔ လမ္းပိတ္ဆို႔သြားခဲ့ပါတယ္။

မုံ႐ြာမီးသတ္တပ္ဖြဲ႕ ဒုၿမိဳ႕နယ္ မီးသတ္ဦးစီးမႈး ဦးတင္ကိုကိုက "လုံးပတ္ ၅ ေပ၊ အရွည္ ေပ ၆၀ ေလာက္ရွိတဲ့ မယ္ဇလီပင္ လမ္းေပၚ ကန႔္လန႔္လဲက်ၿပီး လမ္းပိတ္ခဲ့တာပါ။ ခ႐ိုင္မီးသတ္ဦးစီးဌာနက ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ ကရိန္း၊ ခ်ိန္းေဆာေတြနဲ႔ သြားေရာက္ၿပီး ၁ နာရီေက်ာ္ၾကာ ရွင္းလင္းေပးခဲ့ပါတယ္။ လူႏွင့္ ေနအိမ္အေဆာက္အဦေတြ ထိခိုက္ဒဏ္ရာရတာေတာ့ မရွိခဲ့ပါဘူး။"လို႔ ေျပာပါတယ္။

မနက္ပိုင္းက ႐ြာသြန္းတဲ့မိုးေၾကာင့္ မုံ႐ြာ-မႏၲေလးလမ္း၊ ငါးယွန္ေက်း႐ြာအနီးမွာလည္း ကားလမ္းေရေက်ာ္ခဲ့လို႔ ခရီးသည္နဲ႔ ကုန္တင္ယာဥ္ေတြ လမ္းပိတ္ခဲ့သလို မုံ႐ြာ-ဘုတလင္လမ္း၊ ဘုတလင္-ေမာင္းလမ္းေတြမွာလည္း ကားလမ္းေရေက်ာ္ခဲ့ပါတယ္။

ဒါ့အျပင္ ေခ်ာင္းဦးၿမိဳ႕ အနိမ့္ပိုင္းရပ္ကြက္ေတြမွာလည္း ေနအိမ္ေတြအတြင္း ေရဝင္ေရာက္လို႔ သက္ႀကီး႐ြယ္အိုႏွင့္ ကေလးသူငယ္အခ်ိဳ႕ ေရလြတ္ရာကို ယာယီေျပာင္းေ႐ြ႕ေနထိုင္ခဲ့ၾကရပါတယ္။

၂၀၁၉ ခုႏွစ္၊ ဩဂုတ္လ(တတိယ) ၁၀ ရက္ပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္အေနနဲ႔ ဘဂၤလား ပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္း တႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ ပိုမိုအားေကာင္းလာကာ၊ မုန္တိုင္းငယ္ အျဖစ္သို႔ ေရာက္ရွိႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကခန႔္မွန္း ထုတ္ျပန္ထားပါတယ္။

အေနာက္ေတာင္မုတ္သုံေလဟာ အားအသင့္အတင့္မွ အားေကာင္း ႏိုင္ၿပီး ေနရာ ေတာ္ေတာ္မ်ားမ်ား ႐ြာသြန္းၿမဲခန႔္ ႐ြာႏိုင္ၿပီး စစ္ကိုင္းတိုင္းအထက္ပိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ  ၈ ရက္မွ ၁၀ ရက္ခန႔္၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္း ေအာက္ပိုင္း၊မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္အေရွ႕ပိုင္း)၊ ခ်င္းျပည္နယ္နဲ႔ ကယားျပည္နယ္တို႔မွာ ၅ ရက္မွ ၇ ရက္ခန႔္ ႐ြာႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013