DVB Logo
Home
မြန်မာသတင်း
သေဆုံးဒဏ်ရာရ ရွာသားများအား ကူညီရန် အလံဖြူထောင်သွားသည့် ပရဟိတကား ပစ်ခတ်ခံရ
DVB
·
August 20, 2019
သေဆုံးဒဏ်ရာရ ရွာသားများအား ကူညီရန် အလံဖြူထောင်သွားသည့် ပရဟိတကား ပစ်ခတ်ခံရ
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ပစ်ခတ်မှုတွေအကြား သေဆုံးဒဏ်ရာရ ရွာသားတွေကို သွားရောက်သယ်ဆောင်ဖို့ မူဆယ်ကနေ ထွက်သွားတဲ့ ပရဟိတကား ၃ စီးဟာ ခိုမုံးရွာအထွက်မှာ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်လို့ လမ်းခုလတ်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမြို့အနီး နမ့်ဟန်ကိုင်ကျေးရွာဘက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ရွာသား ၂ ဦးရှိပြီး မိုင်းယုလေး ရွာနားက ကုံးစုံ နဲ့ ဖားဖိန့်ရွာမှာလည်း ကျည်သင့်ရွာသား ၂ ဦးရှိကြောင်း တအာင်းစာပေနဲ့ ယဉ်ကျေးမှုအသင်းက ဆက်သွယ်အကူအညီတောင်းလာတဲ့အတွက်  ပရဟိတကားတွေ သွားရောက်ကူညီခဲ့တာပါ။

ပရဟိတကား ၃ စီးကို အလံဖြူထောင်ပြီး ဒီကနေ့မွန်းလွဲ ၁၂ နာရီကျော်က မူဆယ်ကနေ ထွက်ခွာလာရာမှာ မွန်းလွဲ ၁ နာရီကျော်လောက်က ကွတ်ခိုင်မြို့နယ် ခိုမုံးရွာအထွက်မှာ ပစ်ခတ်ခြိမ်းခြောက်ခံရတာလို့  မူဆယ်ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို ဆက်သွယ်အကူအညီတောင်းလာတာ ရွာသားတယောက်က လက်ကို သေနတ်မှန်ထားတယ်။ နောက်တယောက်က ခြေထောက်ရော လက်ပါမှန်ထားတယ်။ ကျည်ဆန်လည်း မထုတ်ရသေးဘူး။ အရိုးလည်း ထိထားတယ်။  ဟန်ကိုင်မှာက သေဆုံးသူ နှစ်ယောက် ရှိတယ်တဲ့၊ အဲဒါ သူတို့ကို ဆေးရုံပို့ပေးဖို့ ကျနော်တို့ ကရုဏာလူမှုကူညီရေး အသင်းက ကားသုံးစီးနဲ့ သွားကြတယ်။ ခိုမုံးအထွက် ဟန်ကိုင်ရွာနားမရောက်ခင် သူတို့တားထားတာ တွေ့တော့ အဲဒီနားမရောက်ခင် ကားကို ရပ်လိုက်တယ်ခင်ဗျ။ ကားရပ်လိုက်တဲ့အခါမှာ သူတို့က ကျနော်တို့ကို သတိပေး ခြောက်လှန့်တဲ့အနေနဲ့ အချက်အစိတ် (၂၅ ချက်) လောက်ပစ်တယ်။ အဲဒါနဲ့ ကျနော်တို့ ပြန်လှည့်လာခဲ့ရတယ်။ လူနာဆီလည်း မရောက်တော့ဘူးပေါ့ခင်ဗျာ။”

ရွာသားတွေ အပစ်ခံရတာ လွန်ခဲ့တဲ့ တရက် နှစ်ရက်လောက်ကတည်းက ဖြစ်ပြီး  ဘယ်လက်နက်ကိုင်အဖွဲ့ လက်ချက် ဆိုတာတော့ မသိရကြောင်း၊ သူတို့ ပစ်ခတ်ခြိမ်းခြောက်ခံရတဲ့ နေရာကတော့ MNDAA အဖွဲ့ တပ်စွဲထားတဲ့နေရာလို့ သူက ဆက်ပြောပါတယ်။

အလားတူ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် မေတ္တာရှင်လူမှုကူညီရေး အသင်းကလည်း နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင်တံတားအကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်အစီး ၃၀ လောက်  ပိတ်မိနေပါတယ်။

လူမှုကူညီရေးအဖွဲ့တွေအနေနဲ့ အခက်အခဲဖြစ်နေတဲ့ လူတွေဆီ ထမင်းဟင်းတွေ ပို့ပေးလိုပေမယ့် MNDAA လက်နက်ကိုင်အဖွဲ့ဟာ ရွာအဝင် EPC ရုံးသစ်နားမှာ နေရာယူ ထိန်းချုပ်ထားလို့ ဘယ်ယာဉ်မှ ဖြတ်သန်းသွားလာလို့ မရတော့သလို သူတို့လည်း သွားကူဖို့ အခက်အခဲ ဖြစ်နေတယ်လို့  အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေသဆုံးဒဏ္ရာရ ႐ြာသားမ်ားအား ကူညီရန္ အလံျဖဴေထာင္သြားသည့္ ပရဟိတကား ပစ္ခတ္ခံရ

ရွမ္းျပည္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ထဲမွာ ပစ္ခတ္မႈေတြအၾကား ေသဆုံးဒဏ္ရာရ ႐ြာသားေတြကို သြားေရာက္သယ္ေဆာင္ဖို႔ မူဆယ္ကေန ထြက္သြားတဲ့ ပရဟိတကား ၃ စီးဟာ ခိုမုံး႐ြာအထြက္မွာ လက္နက္ကိုင္အဖြဲ႕က ေသနတ္နဲ႔ ပစ္ခတ္ၿခိမ္းေျခာက္လို႔ လမ္းခုလတ္ကေန လွည့္ျပန္ခဲ့ရပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖတ္ကာၿမိဳ႕အနီး နမ့္ဟန္ကိုင္ေက်း႐ြာဘက္မွာ ေသနတ္ဒဏ္ရာနဲ႔ ေသဆုံးသူ ႐ြာသား ၂ ဦးရွိၿပီး မိုင္းယုေလး ႐ြာနားက ကုံးစုံ နဲ႔ ဖားဖိန႔္႐ြာမွာလည္း က်ည္သင့္႐ြာသား ၂ ဦးရွိေၾကာင္း တအာင္းစာေပနဲ႔ ယဥ္ေက်းမႈအသင္းက ဆက္သြယ္အကူအညီေတာင္းလာတဲ့အတြက္  ပရဟိတကားေတြ သြားေရာက္ကူညီခဲ့တာပါ။

ပရဟိတကား ၃ စီးကို အလံျဖဴေထာင္ၿပီး ဒီကေန႔မြန္းလြဲ ၁၂ နာရီေက်ာ္က မူဆယ္ကေန ထြက္ခြါလာရာမွာ မြန္းလြဲ ၁ နာရီေက်ာ္ေလာက္က ကြတ္ခိုင္ၿမိဳ႕နယ္ ခိုမုံး႐ြာအထြက္မွာ ပစ္ခတ္ၿခိမ္းေျခာက္ခံရတာလို႔  မူဆယ္ဂ႐ုဏာ လူမႈကူညီေရးအသင္းဥကၠ႒ ဦးေသာင္းထြန္းက ဒီဗြီဘီကို ေျပာပါတယ္။

“က်ေနာ္တို႔ကို ဆက္သြယ္အကူအညီေတာင္းလာတာ ႐ြာသားတေယာက္က လက္ကို ေသနတ္မွန္ထားတယ္။ ေနာက္တေယာက္က ေျခေထာက္ေရာ လက္ပါမွန္ထားတယ္။ က်ည္ဆန္လည္း မထုတ္ရေသးဘူး။ အ႐ိုးလည္း ထိထားတယ္။  ဟန္ကိုင္မွာက ေသဆုံးသူ ႏွစ္ေယာက္ ရွိတယ္တဲ့၊ အဲဒါ သူတို႔ကို ေဆး႐ုံပို႔ေပးဖို႔ က်ေနာ္တို႔ က႐ုဏာလူမႈကူညီေရး အသင္းက ကားသုံးစီးနဲ႔ သြားၾကတယ္။ ခိုမုံးအထြက္ ဟန္ကိုင္႐ြာနားမေရာက္ခင္ သူတို႔တားထားတာ ေတြ႕ေတာ့ အဲဒီနားမေရာက္ခင္ ကားကို ရပ္လိုက္တယ္ခင္ဗ်။ ကားရပ္လိုက္တဲ့အခါမွာ သူတို႔က က်ေနာ္တို႔ကို သတိေပး ေျခာက္လွန႔္တဲ့အေနနဲ႔ အခ်က္အစိတ္ (၂၅ ခ်က္) ေလာက္ပစ္တယ္။ အဲဒါနဲ႔ က်ေနာ္တို႔ ျပန္လွည့္လာခဲ့ရတယ္။ လူနာဆီလည္း မေရာက္ေတာ့ဘူးေပါ့ခင္ဗ်ာ။”

႐ြာသားေတြ အပစ္ခံရတာ လြန္ခဲ့တဲ့ တရက္ ႏွစ္ရက္ေလာက္ကတည္းက ျဖစ္ၿပီး  ဘယ္လက္နက္ကိုင္အဖြဲ႕ လက္ခ်က္ ဆိုတာေတာ့ မသိရေၾကာင္း၊ သူတို႔ ပစ္ခတ္ၿခိမ္းေျခာက္ခံရတဲ့ ေနရာကေတာ့ MNDAA အဖြဲ႕ တပ္စြဲထားတဲ့ေနရာလို႔ သူက ဆက္ေျပာပါတယ္။

အလားတူ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ဖတ္ကာအေျခစိုက္ ေမတၱာရွင္လူမႈကူညီေရး အသင္းကလည္း နမ့္ဖတ္လြန္း-မန္လြယ္-နမ့္ခိုင္တံတားအၾကား ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ယာဥ္အစီး ၃၀ ေလာက္  ပိတ္မိေနပါတယ္။

လူမႈကူညီေရးအဖြဲ႕ေတြအေနနဲ႔ အခက္အခဲျဖစ္ေနတဲ့ လူေတြဆီ ထမင္းဟင္းေတြ ပို႔ေပးလိုေပမယ့္ MNDAA လက္နက္ကိုင္အဖြဲ႕ဟာ ႐ြာအဝင္ EPC ႐ုံးသစ္နားမွာ ေနရာယူ ထိန္းခ်ဳပ္ထားလို႔ ဘယ္ယာဥ္မွ ျဖတ္သန္းသြားလာလို႔ မရေတာ့သလို သူတို႔လည္း သြားကူဖို႔ အခက္အခဲ ျဖစ္ေနတယ္လို႔  အသင္းရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013