DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်  ၃ မြို့နယ်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်ပွား
DVB
·
August 20, 2019
ရခိုင်ပြည်နယ်  ၃ မြို့နယ်တွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်ပွား
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မြေပုံမြို့နယ် ၃ မြို့နယ်မှာ  မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြားတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

သြဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာနဲ့ ပြိန်တောရွာ (ပြိန်းတော) အကြားမှ တိုက်ပွဲတွေဖြစ်ခဲ့သလို အမျက်တောင်ရွာနဲ့ ငစံဘော်ရွာအကြားမှာလည်း တိုက်ဖြစ်ပွားခဲ့တယ်လို့ အေအေက ပြောပါတယ်။ 

ဒါ့အပြင် မြေပုံမြို့နယ်၊ လျှောက်ခြုံရွာ အနောက်ဘက်မှာ မြန်မာစစ်တပ်က သံတွဲအခြေစိုက်၊ ခမရ(၅၆၆)နဲ့ အေအေတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘူးသီးတောင်မြို့နယ်၊"ဂေါင်းတိုက်" (မွတ်ဆလင်) ကျေးရွာရဲ အရှေ့ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၁၈ ရက်မှာ မြို့နယ် ၃ မြို့နယ်မှာ တိုက်ပွဲတွေကြောင့် မြန်မာတပ်မတော်ဘက်က စစ်သည် ၂၅ ဦးခန့်ကျဆုံးသွားသလို သြဂုတ် ၁၅ ရက်နေ့ ကျောက်တော်မြို့နယ်တိုက်ပွဲမှာ အေအေဘက်က  ၃ ဦးကျတာရှိတယ်လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “တိုက်ပွဲဖြစ်တဲ့ မြို့နယ် ၃ ခုထဲမှာ တိုက်ပွဲ လေးကြိမ် ဖြစ်တယ်။ မြေပုံမြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ဘူးသီးတောင်းမြို့နယ် တို့မှာ တိုက်ပွဲဖြစ်တယ်။ ဘူးသီးတောင်မှာဆိုရင် ၂ နေရာ တိုက်ပွဲဖြစ်တယ်။ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က ၂၅ ခန့်ကျတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ဒီနေ့လည်းပဲ မင်းပြားမြို့နယ်ဘက် တိုက်ပွဲတွေ ဖြစ်တယ်။ အသေးစိတ်အချက်အလက်တွေ ဌာနချုပ် ကျနော့်ဆီကို မရောက်သေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် သုံးမြို့နယ်မှာ တိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့ သိရှိဖို့ အနောက်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်ရာမှာ “မဖြစ်တာ သုံး လေးရက်လောက်ရှိပြီ၊ ဘယ်မှာမှ မဖြစ်ဘူးလို့” ပြောပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက စတင်ပြီး လက်ရှိအချိန်အထိဆိုရင် တိုက်ပွဲဖြစ်ပွားလာတာ အခုဆိုရင် ၈ ကျော်ရှိလာပြီး ဖြစ်ပေမယ့် တိုက်ပွဲတွေရပ်မသွားဘဲ တဖြည်းဖြည်းနဲ့ ပိုမိုပြင်းထန်လာနေပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ် စစ်ဘေးရှောင်ဦးရေ ၆၀၀၀၀ ကျော်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ - Khun Zaw Oo

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရခိုင္ျပည္နယ္  ၃ ၿမိဳ႕နယ္တြင္ တပ္မေတာ္ႏွင့္ ေအေအ တိုက္ပြဲျဖစ္ပြား

ရခိုင္ျပည္နယ္အတြင္း ရေသ့ေတာင္၊ ဘူးသီးေတာင္နဲ႔ ေျမပုံၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္မွာ  ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကားတိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနပါတယ္။

ၾသဂုတ္ ၁၈ ရက္ မနက္ပိုင္းမွာ ရေသ့ေတာင္ၿမိဳ႕နယ္၊ မညင္းေတာင္႐ြာနဲ႔ ၿပိန္ေတာ႐ြာ (ၿပိန္းေတာ) အၾကားမွ တိုက္ပြဲေတြျဖစ္ခဲ့သလို အမ်က္ေတာင္႐ြာနဲ႔ ငစံေဘာ္႐ြာအၾကားမွာလည္း တိုက္ျဖစ္ပြားခဲ့တယ္လို႔ ေအေအက ေျပာပါတယ္။

ဒါ့အျပင္ ေျမပုံၿမိဳ႕နယ္၊ ေလွ်ာက္ၿခဳံ႐ြာ အေနာက္ဘက္မွာ ျမန္မာစစ္တပ္က သံတြဲအေျခစိုက္၊ ခမရ(၅၆၆)နဲ႔ ေအေအတို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္၊"ေဂါင္းတိုက္" (မြတ္ဆလင္) ေက်း႐ြာရဲ အေရွ႕ဘက္မွာလည္း တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ဆိုပါတယ္။

ၾသဂုတ္ ၁၈ ရက္မွာ ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္မွာ တိုက္ပြဲေတြေၾကာင့္ ျမန္မာတပ္မေတာ္ဘက္က စစ္သည္ ၂၅ ဦးခန႔္က်ဆုံးသြားသလို ၾသဂုတ္ ၁၅ ရက္ေန႔ ေက်ာက္ေတာ္ၿမိဳ႕နယ္တိုက္ပြဲမွာ ေအေအဘက္က  ၃ ဦးက်တာရွိတယ္လို႔ ရကၡိဳင့္တပ္ေတာ္က သတင္းထုတ္ျပန္ပါတယ္။

ေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက “တိုက္ပြဲျဖစ္တဲ့ ၿမိဳ႕နယ္ ၃ ခုထဲမွာ တိုက္ပြဲ ေလးႀကိမ္ ျဖစ္တယ္။ ေျမပုံၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္နဲ႔ ဘူးသီးေတာင္းၿမိဳ႕နယ္ တို႔မွာ တိုက္ပြဲျဖစ္တယ္။ ဘူးသီးေတာင္မွာဆိုရင္ ၂ ေနရာ တိုက္ပြဲျဖစ္တယ္။ အဲ့ဒီမွာ ဗမာစစ္တပ္ဘက္က ၂၅ ခန႔္က်တယ္။ ဒဏ္ရာရတဲ့သူေတြလည္း ရွိတယ္။ ဒီေန႔လည္းပဲ မင္းျပားၿမိဳ႕နယ္ဘက္ တိုက္ပြဲေတြ ျဖစ္တယ္။ အေသးစိတ္အခ်က္အလက္ေတြ ဌာနခ်ဳပ္ က်ေနာ့္ဆီကို မေရာက္ေသးဘူးလို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ သုံးၿမိဳ႕နယ္မွာ တိုက္ပြဲသတင္းေတြနဲ႔ပတ္သက္လို႔ သိရွိဖို႔ အေနာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဆက္သြယ္ရာမွာ “မျဖစ္တာ သုံး ေလးရက္ေလာက္ရွိၿပီ၊ ဘယ္မွာမွ မျဖစ္ဘူးလို႔” ေျပာပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔အၾကား တိုက္ပြဲဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ လဆန္းပိုင္းက စတင္ၿပီး လက္ရွိအခ်ိန္အထိဆိုရင္ တိုက္ပြဲျဖစ္ပြားလာတာ အခုဆိုရင္ ၈ ေက်ာ္ရွိလာၿပီး ျဖစ္ေပမယ့္ တိုက္ပြဲေတြရပ္မသြားဘဲ တျဖည္းျဖည္းနဲ႔ ပိုမိုျပင္းထန္လာေနပါတယ္။

ဒီလိုတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ စစ္ေဘးေရွာင္ဦးေရ ၆၀၀၀၀ ေက်ာ္အထိ ရွိလာေနၿပီ ျဖစ္ပါတယ္။

သတင္း-ဝဏၰခြာညိဳ၊ ဓာတ္ပုံ - Khun Zaw Oo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013