DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ရေဘေးအတွက်  ပန်းရဲ့လမ်းအဖွဲ့နှင့် မိုးညှင်းမေတ္တာလေညှင်းအသင်း အလှူခံ
DVB
·
August 20, 2019
မွန်ပြည်နယ်ရေဘေးအတွက်  ပန်းရဲ့လမ်းအဖွဲ့နှင့် မိုးညှင်းမေတ္တာလေညှင်းအသင်း အလှူခံ
1 / 2
Donate to DVB

မွန်ပြည်နယ် ရေဘေးကူညီရေးအတွက် မိုးညှင်းမြို့ရှိ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းနဲ့ ရန်ကုန်မြို့က လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းဂီတအဖွဲ့တို့ စုပေါင်းပြီး ရန်ပုံငွေရှာဖွေပွဲကို ကချင်ပြည်နယ် မိုးညှင်းမြို့မှာ သြဂုတ် ၁၈ ရက်နေ့ကျင်းပပါတယ်။

ပန်းရဲ့လမ်း အဖွဲ့ခေါင်းဆောင် ကိုမျိုးဦးက “ကျနော်တို့က မြစ်ကြီးနားမှာ ၁၆ ရက် နေ့က တနေရာပဲ ကျင်းပခွင့်ရပါတယ်။ အလှူငွေ ၆ သိန်း ရပါတယ်။ ၁၇ ရက်နေ့က မိုးကောင်းမှာ ၄ နေရာ ကျင်းပတယ်။ အလှူငွေ ၁၃ သိန်းကျော် ရပါတယ်။ ကျနော်တို့ အဖွဲ့က မန္တလေး၊ ရန်ကုန်မှာ အလှူခံနေတဲ့အဖွဲ့တွေ ရှိသေးတယ်။ အရေးပေါ်အတွက် လှူဒါန်းပြီးသွားပြီ။ အခု ပြန်လည်တည်ထောင်ရေးအတွက် ဆက်ပြီး လှူဒါန်းသွားမှာပါ”လို့ ပြောပါတယ်။

မိုးညှင်းအခြေစိုက်မေတ္တာလေညှင်းအသင်းဟာ ပန်းရဲ့လမ်းအဖွဲ့နဲ့ပူးပေါင်းပြီး ပထမအကြိမ် အဖြစ် ဖားကန့်စစ်ဘေးရှောင်အတွက်အလှူငွေ ကူရှာဖွေခဲ့သလို ဒုတိယအကြိမ် ဆွမ်ပရာဘွမ် စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူရှာပေးခဲ့ပြီး အခု တတိယအကြိမ်အဖြစ် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

မေတ္တာလေညှင်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြတ်စိုးရှိန်က “ကျနော်တို့အသင်းက နေ့စဉ် နာရေးတွေ ကူညီနေရလို့ မွန်ပြည်နယ်အထိ သွားရောက် မကူညီနိုင်ပါဘူး။ ဒါကြောင့် ပန်းရဲ့လမ်းအဖွဲ့လေး လာတဲ့အခါ လမ်းကြုံအနေနဲ့ ပါဝင်ကူညီကြတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၁၂ နှစ်က စတင်တည်ထောင်ခဲ့တဲ့ မေတ္တာလေညှင်းအသင်းမှာ ယခုအချိန်ထိ အသင်းဝင်ပေါင်း ၂၀၀ ကျော်ရှိကာ နာရေးပို့ဆောင်ပေးတာ၊ လူနာသယ်ဆောင်ပေးတာ၊ သွေးလှူဒါန်းတာနဲ့ အောက်ဆီဂျင် လှူဒါန်းတာတွေကို အဓိကထားဆောင်ခဲ့ပြီး နာရေး မဆောင်ရွက်နိုင်တဲ့ မိသားစုကို သံဃာပင့်ဆောင်တာကအစ တာဝန်ပြီးဆုံးတဲ့အထိ အသင်းက ပံ့ပိုးကူညီပေးထားပါတယ်။

သတင်း- ခင်သန်းညွန့်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

မြန္ျပည္နယ္ေ ရေဘးအတြက္  ပန္းရဲ႕လမ္းအဖြဲ႕ႏွင့္ မိုးညႇင္းေမတၱာေလညႇင္းအသင္း အလႉခံ

မြန္ျပည္နယ္ ေရေဘးကူညီေရးအတြက္ မိုးညႇင္းၿမိဳ႕ရွိ ေမတၱာေလညႇင္း လူမႈကူညီေရးအသင္းနဲ႔ ရန္ကုန္ၿမိဳ႕က လြတ္လပ္ၿငိမ္းခ်မ္းပန္းရဲ႕လမ္းဂီတအဖြဲ႕တို႔ စုေပါင္းၿပီး ရန္ပုံေငြရွာေဖြပြဲကို ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕မွာ ၾသဂုတ္ ၁၈ ရက္ေန႔က်င္းပပါတယ္။

ပန္းရဲ႕လမ္း အဖြဲ႕ေခါင္းေဆာင္ ကိုမ်ိဳးဦးက “က်ေနာ္တို႔က ျမစ္ႀကီးနားမွာ ၁၆ ရက္ ေန႔က တေနရာပဲ က်င္းပခြင့္ရပါတယ္။ အလႉေငြ ၆ သိန္း ရပါတယ္။ ၁၇ ရက္ေန႔က မိုးေကာင္းမွာ ၄ ေနရာ က်င္းပတယ္။ အလႉေငြ ၁၃ သိန္းေက်ာ္ ရပါတယ္။ က်ေနာ္တို႔ အဖြဲ႕က မႏၲေလး၊ ရန္ကုန္မွာ အလႉခံေနတဲ့အဖြဲ႕ေတြ ရွိေသးတယ္။ အေရးေပၚအတြက္ လႉဒါန္းၿပီးသြားၿပီ။ အခု ျပန္လည္တည္ေထာင္ေရးအတြက္ ဆက္ၿပီး လႉဒါန္းသြားမွာပါ”လို႔ ေျပာပါတယ္။

မိုးညႇင္းအေျခစိုက္ေမတၱာေလညႇင္းအသင္းဟာ ပန္းရဲ႕လမ္းအဖြဲ႕နဲ႔ပူးေပါင္းၿပီး ပထမအႀကိမ္ အျဖစ္ ဖားကန႔္စစ္ေဘးေရွာင္အတြက္အလႉေငြ ကူရွာေဖြခဲ့သလို ဒုတိယအႀကိမ္ ဆြမ္ပရာဘြမ္ စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ကူရွာေပးခဲ့ၿပီး အခု တတိယအႀကိမ္အျဖစ္ မြန္ျပည္နယ္ ေရေဘးသင့္ျပည္သူမ်ားအတြက္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

ေမတၱာေလညႇင္းလူမႈကူညီေရးအသင္း ဥကၠ႒ ဦးျမတ္စိုးရွိန္က “က်ေနာ္တို႔အသင္းက ေန႔စဥ္ နာေရးေတြ ကူညီေနရလို႔ မြန္ျပည္နယ္အထိ သြားေရာက္ မကူညီႏိုင္ပါဘူး။ ဒါေၾကာင့္ ပန္းရဲ႕လမ္းအဖြဲ႕ေလး လာတဲ့အခါ လမ္းႀကဳံအေနနဲ႔ ပါဝင္ကူညီၾကတာ ျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

၂၀၁၂ ႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ ေမတၱာေလညႇင္းအသင္းမွာ ယခုအခ်ိန္ထိ အသင္းဝင္ေပါင္း ၂၀၀ ေက်ာ္ရွိကာ နာေရးပို႔ေဆာင္ေပးတာ၊ လူနာသယ္ေဆာင္ေပးတာ၊ ေသြးလႉဒါန္းတာနဲ႔ ေအာက္ဆီဂ်င္ လႉဒါန္းတာေတြကို အဓိကထားေဆာင္ခဲ့ၿပီး နာေရး မေဆာင္႐ြက္ႏိုင္တဲ့ မိသားစုကို သံဃာပင့္ေဆာင္တာကအစ တာဝန္ၿပီးဆုံးတဲ့အထိ အသင္းက ပံ့ပိုးကူညီေပးထားပါတယ္။

သတင္း- ခင္သန္းၫြန႔္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013