
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၃၁၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၉၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၈၈၇၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၃၀၀၀ ကနေ ၉၃၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၃၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲတီစိမ်း
မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၀၀၀၀ ကနေ ၁၀၁၀၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၁၀၂၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲကြီး
မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၀၀၀၀ ကနေ ၁၂၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၆၀၀၀ ကနေ ၁၀၈၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ပဲထောပတ်
မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၃၀၀၀ ကနေ ၁၀၅၀၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၁၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ကုလားပဲ(နိုင်းတူးနိုင်း)
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၈၀၀၀၀ ကနေ ၈၀၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပေါင်းတည်ကုန်စည်ဒိုင်မှာကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၈၇၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
သတင်း – AMIA
Zawgyi Version
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
မတ်ပဲ
ပဲစင်းငုံနီ
ပဲတီစိမ်း
ပဲကြီး
ပဲထောပတ်
သတင်း – AMIA










