DVB Logo
Home
Lead Story
စစ်ရေးစစ်ရာ အဖြေရှာ (အယ်ဒီတာအာဘော်)
DVB
·
August 19, 2019
စစ်ရေးစစ်ရာ အဖြေရှာ (အယ်ဒီတာအာဘော်)
Donate to DVB

“စစ်ဆိုတာ စတင်ဖို့လွယ်သလောက် အဆုံးသတ်ဖို့ခက်တယ်” ဟု ဆွန်ဇူးက မိန့်ဆိုခဲ့သည်။ ဤအဆိုကို အဆုံးမသတ်နိုင်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်က သက်သေခံနေသည်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးစကတည်းက ယနေ့အထိ မြန်မာမြေပြင်တွင် သေနတ်သံတို့ ရပ်စဲမသွားခဲ့။ တနေ့ပြီးတနေ့၊ တနှစ်ပြီးတနှစ်၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ။ လက်နက်ကိုင် အဖွဲ့အစည်းများကား ချုပ်ငြိမ်းမသွား၊ တိုးပွား၍သာ လာခဲ့သည်။ အချို့သော မှတ်တမ်းတို့အရဆိုလျှင် မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ အကြီး အဖွဲ့ငယ် စုစုပေါင်း ၁၀၀ ကျော်သည်။ အဖွ့ဲကြီးအဖြစ်မူ ၂၀ ခန့်ရှိသည်ဟု ဆိုပါသည်။ ထိုသို့ဆိုပါလျှင် အဘယ်ကြောင့် ပြည်တွင်းစစ်သည် မရပ်စဲနိုင်ခဲ့သနည်း။

အမှန်တကယ်ပင် စစ်ပွဲကို အလွယ်တကူ မပြုသင့်။ စစ်ရေးစစ်ရာ အမှုကိစ္စသည် အများပြည်သူနှင့် တိုက်ရိုက်ဆက်နွှယ်နေသော အမှုကိစ္စကြီးပင် ဖြစ်သည်။ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ၊ အိမ်ထောင်၊ မိသားစု ပျက်စီးစေနိုင်သော အကြောင်းရင်းတရပ် ဖြစ်သည်။ ပြည်သူ၏ အသက်အိုးအိမ်ကိစ္စပင်။ ချင့်ချင့်ချိန်ချိန် မစဉ်းမစား မလေ့လာဘဲ မပြုသင့်။ စစ်ဆိုသည်မှာ တိုင်းနိုင်ငံ တည်မြဲခြင်းနှင့် ချုပ်ငြိမ်းစေနိုင်ခြင်းကိစ္စ တခုဟု မှတ်ယူအပ်ပေသည်။ စစ်ပြုတော့မည် ဆိုလျှင်လည်း စစ်ပွဲကို အချိန်တိုတိုအတွင်း အဆုံးသတ်နိုင်ရမည်သာ။

ချာချီကမူ “စစ်ပွဲရှည်ကြာစွာ အဆုံးမသတ်နိုင်ခြင်းမှာ စစ်ပွဲဖြင့် ကိုယ်ကျိုးစီပွားရှာသူ ရှိနေလို့ပဲ” ဟု ဆိုသည်။ သို့ဆိုလျှင် စစ်ပွဲရှည်ကြာခြင်းဖြင့် မည်သူတို့ အကျိုးရှိ၍ မည်သူတို့ ဆုံးရှုံးနစ်နာခဲ့သနည်း ဆိုသည်ကို ပြည်သူအားလုံး စိစစ်ဝေဖန် သုံးသပ်သင့်ပြီ။ စစ်ကို မည်သူတို့က ဆွဲဆန့်ခဲ့ကြသနည်း။ ကြီးမားသည့် ရှစ်ခေါမဏီတပ်ကြီး ရှိခြင်း၊ ဆန္ဒအကြိုက်နှင့် ညီလို့ အာဏာချဲ့ထွင် ပိုင်စိုးလိုစိတ်၊ လူတစု၏ အာဏာကို ထိန်းသိမ်းလိုစိတ်၊ အစရှိသည့် အတ္တစိတ် အခြေခံတခုတည်းဖြင့် စစ်ကို မပြုသင့်။ မြန်မာ့ပြည်တွင်းစစ်ကို ဤနည်းဖြင့် အစပြုခဲ့ဟန်ရှိသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတို့က ယူဆခဲ့ကြသည်။ စစ်ကို မည်သို့ အဆုံးသတ်ကြမည်နည်း။ အပြတ်အသတ် အနိုင်မယူနိုင်ပါက ငြိမ်းချမ်းရေးစကား ဆိုကြရစမြဲပင်။ စားပွဲတွင် ဖြေရှင်းကြရမြဲပင်။

ယင်းသို့ ငြိမ်းချမ်းရေးဆိုရာတွင် စစ်သူကြီး၊ သို့မဟုတ် စစ်သေနာပတိတယောက်၌ ရှိရမည့် အရည်အချင်းမှာ (၁) တဖက်ရန်သူအပေါ် ရိုသေလေးစားတတ်ခြင်း၊ (၂) ခွင့်လွှတ်စိတ်၊ သဘောထားကြီးမြတ်စိတ်တို့ ရှိရခြင်း၊ (၃) ကတိကဝတ်အပေါ်တွင် သစ္စာစောင့်သိ လိုက်နာခြင်း၊ (၄) ထက်မြက်စူးရှသော ဉာဏ်ရည်ဉာဏ်သွေး ပြည့်ဝခြင်း၊ (၅) ကရုဏာတရား ပြည့်ဝရခြင်းတို့ ဖြစ်သည်။ ကရုဏာ မေတ္တာတရားဟု ဆိုရာတွင် သိုးတကောင်၏ မေတ္တာကရုဏာမျိုး မဟုတ်။ ဆင်ပြောင်ကြီး၏ မေတ္တာကရုဏာမျိုးသာ ဖြစ်ရမည်။ ဤအချက်များသည် ပီကင်းစစ်တက္ကသိုလ် စစ်ရေးစစ်ရာ ပါမောက္ခ “ဆရာမ ယွီ”၏ မိန့်ကြားချက်များသာ ဖြစ်သည်။

အဆိုပါ အရည်အသွေးနှင့် ကင်းလွတ်သူ စစ်သေနာပတိနေရာ ရောက်ရှိနေသရွေ့ ငြိမ်းချမ်းရေးစကား ပြောဆိုရန် ခက်ခဲနေပေလိမ့်ဦးမည်။ လောလောလတ်လတ် ဖြစ်ပျက်ခဲ့သော မြန်မာ့နိုင်ငံရေး အခြေအနေတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှ ယနေ့အထိ အပစ်ရပ်ကာလအဖြစ် သတ်မှတ်ခဲ့သည်။ မြောက်ပိုင်းရှိ စစ်တိုင်းငါးတိုင်းအား အပစ်ရပ်ကာလဟု သတ်မှတ်ခဲ့သည် ဆိုသော်လည်း သေနတ်သံတို့ကမူ တိတ်ဆိတ်မသွားနိုင်ခဲ့ပါချေ။ ရခိုင်ပြည်နယ် ထိုးစစ်တွင်လည်း အရှိန်အဟုန် ပြင်းထန်လာခဲ့သည်။

တိုင်းပြည်အနှံ့ရှိ စစ်ဒေသရပ်ဝန်းများသာမက ထိုဒေသရှိ ပြည်သူတို့၏ လူ့အခွင့်အရေးများ ထိခိုက်လာခဲ့သည်။ မတရားမှုတို့ စည်ပင်လာခဲ့သည်။ ပြည်သူလူထု၏ အသက်အိုးအိမ်တို့ လုံခြုံမှုအတွက် အာမခံချက်များ မရှိတော့။ ပြည်သူတို့ မြေစာပင် ဖြစ်ကြရပြန်သည်။

စစ်သည် လူတစုတဖွဲ့ချင်းနှင့် မဆိုင်။ ပြည်သူအားလုံးနှင့် ဆိုင်လာသည်။ ဘဝနှင့် ဆိုင်လာသည်။ စစ်၏ ပကတိတရားကို ကြည့်လျှင် “စစ်တို့မည်သည် အနိုင်ရသူက လွှမ်းမိုးချုပ်ကိုင်ရန် ဖန်တီးထားချက်ထက် မပို”။ တရားသောစစ်၊ မတရားသောစစ် ဆိုသည်မှာ ကိုယ်ကျင့်ဗေဒ ခွဲခြမ်းစိတ်ဖြာမှုမျှသာ ဖြစ်သည်။ သို့သော် သင် ဘယ်ဘက်၌ ရပ်တည်မလဲ ဆိုသည်မှာ တဦးချင်း နှလုံးသားဖြင့် ချင့်ချိန်အကဲဖြတ်ရမြဲပင်။ လူ့စရိုက်သဘာဝတွင်မူ အဖိနှိပ်ခံရလွန်းသူ၊ ချည့်နဲ့သူတို့ဘက်တွင် ရပ်တည်တတ်သည့်အပြင် မတရားမှုဟု ယူဆပါက တရားမျှတမှုဘက်မှ ရပ်တည်လေ့ရှိစမြဲ။ ထို့ကြောင့်လည်း “ပြည်သူမုန်းလျှင် စစ်ရှုံးမည်” ဟု ပညာရှိတို့ ဆိုခဲ့ကြသည်။

ယနေ့ ဖြစ်ပေါ်နေသော စစ်ရေးစစ်ရာတို့သည် ထွေပြား၏။ ရိုးရိုးစင်းစင်းမဟုတ်။ အဖြောင့်မဟုတ်၊ အကွေ့အကောက် များသည်။ နှစ်ဖက် သဘောတူ အပစ်ရပ် ပဏာမစာချုပ်ထိုးကြရန် ပြင်ဆင်နေဆဲကာလ။ သို့ဆိုလျှင် ပြည်သူတို့ မျှော်လင့်တကြီး စောင့်စားနေခဲ့ရသော ပြည်တွင်းငြိမ်းရေးကား ဝေဝါးမြဲ ဝေဝါးနေလျက်ပင် ရှိနေပေဦးမည်ဟု ဆိုရန်မှတပါး အခြားမရှိနိုင်တော့ပေ။




Zawgyi Version

စစ္ေရးစစ္ရာ အေျဖရွာ (အယ္ဒီတာအာေဘာ္)
DVB

“စစ္ဆိုတာ စတင္ဖို႔လြယ္သေလာက္ အဆုံးသတ္ဖို႔ခက္တယ္” ဟု ဆြန္ဇူးက မိန႔္ဆိုခဲ့သည္။ ဤအဆိုကို အဆုံးမသတ္ႏိုင္ေသာ ျမန္မာႏိုင္ငံ၏ ျပည္တြင္းစစ္က သက္ေသခံေနသည္။ ၁၉၄၈ လြတ္လပ္ေရး ရၿပီးစကတည္းက ယေန႔အထိ ျမန္မာေျမျပင္တြင္ ေသနတ္သံတို႔ ရပ္စဲမသြားခဲ့။ တေန႔ၿပီးတေန႔၊ တႏွစ္ၿပီးတႏွစ္၊ ဆယ္စုႏွစ္မ်ားစြာ ၾကာျမင့္ခဲ့ၿပီ။ လက္နက္ကိုင္ အဖြဲ႔အစည္းမ်ားကား ခ်ဳပ္ၿငိမ္းမသြား၊ တိုးပြား၍သာ လာခဲ့သည္။ အခ်ိဳ႕ေသာ မွတ္တမ္းတို႔အရဆိုလွ်င္ ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႔ အႀကီး အဖြဲ႔ငယ္ စုစုေပါင္း ၁၀၀ ေက်ာ္သည္။ အဖြ႔ဲႀကီးအျဖစ္မူ ၂၀ ခန႔္ရွိသည္ဟု ဆိုပါသည္။ ထိုသို႔ဆိုပါလွ်င္ အဘယ္ေၾကာင့္ ျပည္တြင္းစစ္သည္ မရပ္စဲႏိုင္ခဲ့သနည္း။

အမွန္တကယ္ပင္ စစ္ပြဲကို အလြယ္တကူ မျပဳသင့္။ စစ္ေရးစစ္ရာ အမႈကိစၥသည္ အမ်ားျပည္သူႏွင့္ တိုက္႐ိုက္ဆက္ႏႊယ္ေနေသာ အမႈကိစၥႀကီးပင္ ျဖစ္သည္။ ျပည္သူတို႔၏ အသက္အိုးအိမ္ စည္းစိမ္ဥစၥာ၊ အိမ္ေထာင္၊ မိသားစု ပ်က္စီးေစႏိုင္ေသာ အေၾကာင္းရင္းတရပ္ ျဖစ္သည္။ ျပည္သူ၏ အသက္အိုးအိမ္ကိစၥပင္။ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ မစဥ္းမစား မေလ့လာဘဲ မျပဳသင့္။ စစ္ဆိုသည္မွာ တိုင္းႏိုင္ငံ တည္ၿမဲျခင္းႏွင့္ ခ်ဳပ္ၿငိမ္းေစႏိုင္ျခင္းကိစၥ တခုဟု မွတ္ယူအပ္ေပသည္။ စစ္ျပဳေတာ့မည္ ဆိုလွ်င္လည္း စစ္ပြဲကို အခ်ိန္တိုတိုအတြင္း အဆုံးသတ္ႏိုင္ရမည္သာ။

ခ်ာခ်ီကမူ “စစ္ပြဲရွည္ၾကာစြာ အဆုံးမသတ္ႏိုင္ျခင္းမွာ စစ္ပြဲျဖင့္ ကိုယ္က်ိဳးစီပြားရွာသူ ရွိေနလို႔ပဲ” ဟု ဆိုသည္။ သို႔ဆိုလွ်င္ စစ္ပြဲရွည္ၾကာျခင္းျဖင့္ မည္သူတို႔ အက်ိဳးရွိ၍ မည္သူတို႔ ဆုံးရႈံးနစ္နာခဲ့သနည္း ဆိုသည္ကို ျပည္သူအားလုံး စိစစ္ေဝဖန္ သုံးသပ္သင့္ၿပီ။ စစ္ကို မည္သူတို႔က ဆြဲဆန႔္ခဲ့ၾကသနည္း။ ႀကီးမားသည့္ ရွစ္ေခါမဏီတပ္ႀကီး ရွိျခင္း၊ ဆႏၵအႀကိဳက္ႏွင့္ ညီလို႔ အာဏာခ်ဲ႔ထြင္ ပိုင္စိုးလိုစိတ္၊ လူတစု၏ အာဏာကို ထိန္းသိမ္းလိုစိတ္၊ အစရွိသည့္ အတၱစိတ္ အေျခခံတခုတည္းျဖင့္ စစ္ကို မျပဳသင့္။ ျမန္မာ့ျပည္တြင္းစစ္ကို ဤနည္းျဖင့္ အစျပဳခဲ့ဟန္ရွိသည္ဟု ႏိုင္ငံေရး ေလ့လာသုံးသပ္သူတို႔က ယူဆခဲ့ၾကသည္။ စစ္ကို မည္သို႔ အဆုံးသတ္ၾကမည္နည္း။ အျပတ္အသတ္ အႏိုင္မယူႏိုင္ပါက ၿငိမ္းခ်မ္းေရးစကား ဆိုၾကရစၿမဲပင္။ စားပြဲတြင္ ေျဖရွင္းၾကရၿမဲပင္။

ယင္းသို႔ ၿငိမ္းခ်မ္းေရးဆိုရာတြင္ စစ္သူႀကီး၊ သို႔မဟုတ္ စစ္ေသနာပတိတေယာက္၌ ရွိရမည့္ အရည္အခ်င္းမွာ (၁) တဖက္ရန္သူအေပၚ ႐ိုေသေလးစားတတ္ျခင္း၊ (၂) ခြင့္လႊတ္စိတ္၊ သေဘာထားႀကီးျမတ္စိတ္တို႔ ရွိရျခင္း၊ (၃) ကတိကဝတ္အေပၚတြင္ သစၥာေစာင့္သိ လိုက္နာျခင္း၊ (၄) ထက္ျမက္စူးရွေသာ ဉာဏ္ရည္ဉာဏ္ေသြး ျပည့္ဝျခင္း၊ (၅) က႐ုဏာတရား ျပည့္ဝရျခင္းတို႔ ျဖစ္သည္။ က႐ုဏာ ေမတၱာတရားဟု ဆိုရာတြင္ သိုးတေကာင္၏ ေမတၱာက႐ုဏာမ်ိဳး မဟုတ္။ ဆင္ေျပာင္ႀကီး၏ ေမတၱာက႐ုဏာမ်ိဳးသာ ျဖစ္ရမည္။ ဤအခ်က္မ်ားသည္ ပီကင္းစစ္တကၠသိုလ္ စစ္ေရးစစ္ရာ ပါေမာကၡ “ဆရာမ ယြီ”၏ မိန႔္ၾကားခ်က္မ်ားသာ ျဖစ္သည္။

အဆိုပါ အရည္အေသြးႏွင့္ ကင္းလြတ္သူ စစ္ေသနာပတိေနရာ ေရာက္ရွိေနသေရြ႕ ၿငိမ္းခ်မ္းေရးစကား ေျပာဆိုရန္ ခက္ခဲေနေပလိမ့္ဦးမည္။ ေလာေလာလတ္လတ္ ျဖစ္ပ်က္ခဲ့ေသာ ျမန္မာ့ႏိုင္ငံေရး အေျခအေနတြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္ေန႔မွ ယေန႔အထိ အပစ္ရပ္ကာလအျဖစ္ သတ္မွတ္ခဲ့သည္။ ေျမာက္ပိုင္းရွိ စစ္တိုင္းငါးတိုင္းအား အပစ္ရပ္ကာလဟု သတ္မွတ္ခဲ့သည္ ဆိုေသာ္လည္း ေသနတ္သံတို႔ကမူ တိတ္ဆိတ္မသြားႏိုင္ခဲ့ပါေခ်။ ရခိုင္ျပည္နယ္ ထိုးစစ္တြင္လည္း အရွိန္အဟုန္ ျပင္းထန္လာခဲ့သည္။

တိုင္းျပည္အႏွံ႔ရွိ စစ္ေဒသရပ္ဝန္းမ်ားသာမက ထိုေဒသရွိ ျပည္သူတို႔၏ လူ႔အခြင့္အေရးမ်ား ထိခိုက္လာခဲ့သည္။ မတရားမႈတို႔ စည္ပင္လာခဲ့သည္။ ျပည္သူလူထု၏ အသက္အိုးအိမ္တို႔ လုံၿခဳံမႈအတြက္ အာမခံခ်က္မ်ား မရွိေတာ့။ ျပည္သူတို႔ ေျမစာပင္ ျဖစ္ၾကရျပန္သည္။

စစ္သည္ လူတစုတဖြဲ႔ခ်င္းႏွင့္ မဆိုင္။ ျပည္သူအားလုံးႏွင့္ ဆိုင္လာသည္။ ဘဝႏွင့္ ဆိုင္လာသည္။ စစ္၏ ပကတိတရားကို ၾကည့္လွ်င္ “စစ္တို႔မည္သည္ အႏိုင္ရသူက လႊမ္းမိုးခ်ဳပ္ကိုင္ရန္ ဖန္တီးထားခ်က္ထက္ မပို”။ တရားေသာစစ္၊ မတရားေသာစစ္ ဆိုသည္မွာ ကိုယ္က်င့္ေဗဒ ခြဲျခမ္းစိတ္ျဖာမႈမွ်သာ ျဖစ္သည္။ သို႔ေသာ္ သင္ ဘယ္ဘက္၌ ရပ္တည္မလဲ ဆိုသည္မွာ တဦးခ်င္း ႏွလုံးသားျဖင့္ ခ်င့္ခ်ိန္အကဲျဖတ္ရၿမဲပင္။ လူ႔စ႐ိုက္သဘာဝတြင္မူ အဖိႏွိပ္ခံရလြန္းသူ၊ ခ်ည့္နဲ႔သူတို႔ဘက္တြင္ ရပ္တည္တတ္သည့္အျပင္ မတရားမႈဟု ယူဆပါက တရားမွ်တမႈဘက္မွ ရပ္တည္ေလ့ရွိစၿမဲ။ ထို႔ေၾကာင့္လည္း “ျပည္သူမုန္းလွ်င္ စစ္ရႈံးမည္” ဟု ပညာရွိတို႔ ဆိုခဲ့ၾကသည္။

ယေန႔ ျဖစ္ေပၚေနေသာ စစ္ေရးစစ္ရာတို႔သည္ ေထြျပား၏။ ႐ိုး႐ိုးစင္းစင္းမဟုတ္။ အေျဖာင့္မဟုတ္၊ အေကြ႔အေကာက္ မ်ားသည္။ ႏွစ္ဖက္ သေဘာတူ အပစ္ရပ္ ပဏာမစာခ်ဳပ္ထိုးၾကရန္ ျပင္ဆင္ေနဆဲကာလ။ သို႔ဆိုလွ်င္ ျပည္သူတို႔ ေမွ်ာ္လင့္တႀကီး ေစာင့္စားေနခဲ့ရေသာ ျပည္တြင္းၿငိမ္းေရးကား ေဝဝါးၿမဲ ေဝဝါးေနလ်က္ပင္ ရွိေနေပဦးမည္ဟု ဆိုရန္မွတပါး အျခားမရွိႏိုင္ေတာ့ေပ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013