DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် တနင်္သာရီမြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်
DVB
·
August 19, 2019
ရေဘေးသင့် တနင်္သာရီမြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်
1 / 5
Donate to DVB

တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေမှတ်အောက်ကို ပြန်ကျသွားတာကြောင့် တနင်္သာရီတိုင်း တနင်္သာရီမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ 

ရေနစ်မြုပ်လို့ ပျက်စီးသွားတဲ့ ရေတွင်းရေကန်တွေကို ပြန်လည်ဆယ်ယူတာတွေ ဆေးကြောတာ လုပ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပိုင်းနဲ့ ရိက္ခာဖြန့်ဝေတဲ့ အပိုင်းတွေလည်း တပြိုင်တည်း ဆောင်ရွက်နေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။ 

ရေဘေးသင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေး လုပ်ကိုင်ပေးရင်း စိတ်ဓာတ်မြှင့်တင်တဲ့ အစီအစဉ်တွေ ပြုလုပ်ပေးဖို့ လိုအပ်ချက်ရှိနေကာ လတ်တလော မဆောင်ရွက်နိုင်သေးဘဲ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ထားတုန်းပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ 

သြဂုတ်လ ဆန်းပိုင်းကစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် တနင်္သာရီ မြစ်ရေဟာ အန္တရာယ်ရှိရေမှတ်ကို ကျော်လွန်ခဲ့ပြီး တနင်္သာရီမြို့နယ်ထဲက ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၂၂ စုက လူဦးရေ ၂ သောင်း ၃ ထောင်ကျော် ရေဘေးသင့်ခဲ့ရပါတယ်။ 

အဲဒါအပြင် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် အဓိက ဆက်သွယ်ထားတဲ့ မလွှဲတောင် လမ်းပိုင်းမှာလည်း တောင်နံရံတွေ ပြိုကျတာ ကားလမ်းမြေသားတွေ ပြိုကျတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရေဘးသင့္ တနသၤာရီၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရး လုပ္ေဆာင္

တနသၤာရီျမစ္ေရဟာ စိုးရိမ္ေရမွတ္ေအာက္ကို ျပန္က်သြားတာေၾကာင့္ တနသၤာရီတိုင္း တနသၤာရီၿမိဳ႕ေပၚနဲ႔ ေက်း႐ြာအခ်ိဳ႕မွာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြကို လုပ္ကိုင္ေနပါတယ္။

ေရနစ္ျမဳပ္လို႔ ပ်က္စီးသြားတဲ့ ေရတြင္းေရကန္ေတြကို ျပန္လည္ဆယ္ယူတာေတြ ေဆးေၾကာတာ လုပ္ေနၿပီး က်န္းမာေရးေစာင့္ေရွာက္မႈပိုင္းနဲ႔ ရိကၡာျဖန႔္ေဝတဲ့ အပိုင္းေတြလည္း တၿပိဳင္တည္း ေဆာင္႐ြက္ေနတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင့္ေဆြက ေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြကို ျပန္လည္ထူေထာင္ေရး လုပ္ကိုင္ေပးရင္း စိတ္ဓာတ္ျမႇင့္တင္တဲ့ အစီအစဥ္ေတြ ျပဳလုပ္ေပးဖို႔ လိုအပ္ခ်က္ရွိေနကာ လတ္တေလာ မေဆာင္႐ြက္ႏိုင္ေသးဘဲ ပရဟိတအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ထားတုန္းပဲ ရွိေသးတယ္လို႔ ဆိုပါတယ္။

ၾသဂုတ္လ ဆန္းပိုင္းကစတင္ၿပီး မိုးအဆက္မျပတ္ ႐ြာသြန္းခဲ့တာေၾကာင့္ တနသၤာရီ ျမစ္ေရဟာ အႏၲရာယ္ရွိေရမွတ္ကို ေက်ာ္လြန္ခဲ့ၿပီး တနသၤာရီၿမိဳ႕နယ္ထဲက ရပ္ကြက္ အပါအဝင္ ေက်း႐ြာအုပ္စု ၂၂ စုက လူဦးေရ ၂ ေသာင္း ၃ ေထာင္ေက်ာ္ ေရေဘးသင့္ခဲ့ရပါတယ္။

အဲဒါအျပင္ တနသၤာရီတိုင္းနဲ႔ မြန္ျပည္နယ္ အဓိက ဆက္သြယ္ထားတဲ့ မလႊဲေတာင္ လမ္းပိုင္းမွာလည္း ေတာင္နံရံေတြ ၿပိဳက်တာ ကားလမ္းေျမသားေတြ ၿပိဳက်တာေၾကာင့္ လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ခဲ့ရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013