DVB Logo
Home
မြန်မာသတင်း
ဒဏ်ရာရသူများကို သွားကယ်သည့် လူမှုကူညီရေးအဖွဲ့များအား တိုက်ခိုက်မှု ပြစ်တင်ရှုတ်ချ
DVB
·
August 18, 2019
ဒဏ်ရာရသူများကို သွားကယ်သည့် လူမှုကူညီရေးအဖွဲ့များအား တိုက်ခိုက်မှု ပြစ်တင်ရှုတ်ချ
Donate to DVB

တိုက်ပွဲအတွင်း ဒဏ်ရာရနေတဲ့သူတွေကို သွားရောက်ကယ်ဆယ်တဲ့ လူမှုကူညီရေးအဖွဲ့တွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ရှုတ်ချပြောဆိုလိုက်ပါတယ်။

သြဂုတ် ၁၇ ရက်နေ့က လားရှိုးမြို့အနီး ၁၂ မိုင်မှာ ဖြစ်ပွားနေတဲ့  တိုက်ပွဲအတွင်း ဒဏ်ရာရနေတဲ့ လူနာတွေကို လားရှိုးလူငယ်လူမှုကူညီရေးအသင်းအဖွဲ့က သွားရောက်သယ်ဆောင်ခဲ့ပါတယ်။ 

ဒဏ်ရာရလူနာတွေ သယ်ဆောင်လာတဲ့ လားရှိုးလူမှုကူညီကယ်ဆယ်ရေးယာဉ်ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကနေပြီး  လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် လားရှိုး လူငယ်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်သေဆုံးခဲ့ပြီး အသင်းသား ၄ ယောက် ဒဏ်ရာရရှိခဲ့တာပါ။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ပရဟိတသမားတွေဆိုတာက ဒဏ်ရာရတဲ့ ဘယ်သူမဆို ကူညီကယ်ဆယ်ပေးနေတာဖြစ်ပြီး အခုလို လက်နက်တွေနဲ့ ပစ်ခတ်ပြီး အသက်ဆုံးရှုံးခဲ့ရတာတဲ့ဖြစ်စဉ်က အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ယူဆကြောင်း  ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (အနောက်ပိုင်းခရိုင်) တာဝန်ရှိသူ ဦးလွင်မောင်က ပြောပါတယ်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆိုတာ လူမျိုးဘာသာမရွေးကို ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေသလို နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းမဟုတ်သူတွေကို ပစ်ခတ်တာက ပြင်းပြင်ထန်ထန် ရှုတ်ချတယ်လို့ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း လူမှုကုညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့သူတွေက ဘက်လိုက်မှုမရှိဘဲ အကူအညီပေးနေတယ်ဆိုတာကို နားလည်ပြီး အကာအကွယ်ပေးဖို့ကိုလည်း ရန်ကုန်တိုင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (အရှေ့ပိုင်းခရိုင်) မှ ဒေါ်သန်းသန်းစိုးက ပြောပါတယ်။

ဒါ့အပြင် စစ်ပွဲအတွင်း ဒဏ်ရာရာလူနာတွေကို သွားရောက်ကူညီဆောင်ရွက်မယ့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနေနဲ့လည်း သက်ဆိုင်ရာ နယ်မြေခံအဖွဲ့အစည်းတွေနဲ့ ချိန်ဆက်ပြီးမှာသာ သွားရောက်သင့်တယ်လို့လည်း အကြံပြုပြောဆိုထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒဏ္ရာရသူမ်ားကို သြားကယ္သည့္ လူမႈကူညီေရးအဖြဲ႕မ်ားအား တိုက္ခိုက္မႈ ျပစ္တင္ရႈတ္ခ်

တိုက္ပြဲအတြင္း ဒဏ္ရာရေနတဲ့သူေတြကို သြားေရာက္ကယ္ဆယ္တဲ့ လူမႈကူညီေရးအဖြဲ႕ေတြကို တိုင္းရင္းသားလက္နက္ကိုင္ေတြက ပစ္ခတ္တိုက္ခိုက္တာဟာ အၾကမ္းဖက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ရန္ကုန္တိုင္း လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕က ရႈတ္ခ်ေျပာဆိုလိုက္ပါတယ္။

ၾသဂုတ္ ၁၇ ရက္ေန႔က လားရႈိးၿမိဳ႕အနီး ၁၂ မိုင္မွာ ျဖစ္ပြားေနတဲ့  တိုက္ပြဲအတြင္း ဒဏ္ရာရေနတဲ့ လူနာေတြကို လားရႈိးလူငယ္လူမႈကူညီေရးအသင္းအဖြဲ႕က သြားေရာက္သယ္ေဆာင္ခဲ့ပါတယ္။

ဒဏ္ရာရလူနာေတြ သယ္ေဆာင္လာတဲ့ လားရႈိးလူမႈကူညီကယ္ဆယ္ေရးယာဥ္ကို တိုင္းရင္းသားလက္နက္ကိုင္ တပ္ဖြဲ႕ေတြကေနၿပီး  လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္မႈေၾကာင့္ လားရႈိး လူငယ္လူမႈကူညီေရးအသင္း ဥကၠ႒ ဦးထြန္းျမင့္ေသဆုံးခဲ့ၿပီး အသင္းသား ၄ ေယာက္ ဒဏ္ရာရရွိခဲ့တာပါ။

လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ ပရဟိတသမားေတြဆိုတာက ဒဏ္ရာရတဲ့ ဘယ္သူမဆို ကူညီကယ္ဆယ္ေပးေနတာျဖစ္ၿပီး အခုလို လက္နက္ေတြနဲ႔ ပစ္ခတ္ၿပီး အသက္ဆုံးရႈံးခဲ့ရတာတဲ့ျဖစ္စဥ္က အၾကမ္းဖက္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ ယူဆေၾကာင္း  ရန္ကုန္တိုင္း လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ (အေနာက္ပိုင္းခ႐ိုင္) တာဝန္ရွိသူ ဦးလြင္ေမာင္က ေျပာပါတယ္။

လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ေတြဆိုတာ လူမ်ိဳးဘာသာမေ႐ြးကို ကယ္ဆယ္ေရးေတြ လုပ္ေဆာင္ေပးေနသလို ႏိုင္ငံေရးနဲ႔ သက္ဆိုင္တဲ့ အဖြဲ႕အစည္းမဟုတ္သူေတြကို ပစ္ခတ္တာက ျပင္းျပင္ထန္ထန္ ရႈတ္ခ်တယ္လို႔ဆိုပါတယ္။

လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႔လည္း လူမႈကုညီကယ္ဆယ္ေရး လုပ္ေဆာင္ေနတဲ့သူေတြက ဘက္လိုက္မႈမရွိဘဲ အကူအညီေပးေနတယ္ဆိုတာကို နားလည္ၿပီး အကာအကြယ္ေပးဖို႔ကိုလည္း ရန္ကုန္တိုင္း လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ (အေရွ႕ပိုင္းခ႐ိုင္) မွ ေဒၚသန္းသန္းစိုးက ေျပာပါတယ္။

ဒါ့အျပင္ စစ္ပြဲအတြင္း ဒဏ္ရာရာလူနာေတြကို သြားေရာက္ကူညီေဆာင္႐ြက္မယ့္ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ေတြေနနဲ႔လည္း သက္ဆိုင္ရာ နယ္ေျမခံအဖြဲ႕အစည္းေတြနဲ႔ ခ်ိန္ဆက္ၿပီးမွာသာ သြားေရာက္သင့္တယ္လို႔လည္း အႀကံျပဳေျပာဆိုထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013