DVB Logo
Home
မြန်မာသတင်း
မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးအတွက် အနုပညာရှင်အချို့ကို သံတမန် ခန့်အပ်
DVB
·
August 18, 2019
မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးအတွက် အနုပညာရှင်အချို့ကို သံတမန် ခန့်အပ်
1 / 6
Donate to DVB

လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းလဲ အသုံးပြုမယ့် မြန်မာယူနီကုဒ်စံစနစ်အတွက် အနုပညာရှင်တချို့ကို သံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

နိုင်ငံတကာသုံး ယူနီကုဒ်စံစနစ်နဲ့ ကိုက်ညီတဲ့ မြန်မာယူနီကုဒ်စံစနစ်ကို ကူးပြောင်းနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အများပြည်သူ အသိပညာပေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပေးမယ့် အနုပညာရှင်တချို့ကို သံသမန်အဖြစ် ခန့်အပ်ခဲ့တာပါ။

ယူနီကုဒ်စံစနစ်သုံး မြန်မာစာစနစ်က သတင်းအချက်အလက်တွေကို စနစ်တကျ သိမ်းဆည်းနိုင်ပြီး၊ တိုင်းရင်းသား ဘာသာစကားတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်တာကြောင့် ဒီစနစ်ကို ပြောင်းလဲအသုံးပြုတာလို့ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ  ဒေါက်တာထွန်းသူရသက်က ပြောပါတယ်။

အစိုးရဝန်ကြီးဌာနတွေမှာတော့ မြန်မာယူနီကုဒ်စံစနစ်ကို ၂၀၁၉ ခုနှစ် ဧပြီလ  ၁ ရက်နေ့က စတင်အသုံးပြုနေကြပြီး ဌာနချင်း ချိတ်ဆက်ရာမှာ ပိုမိုလွယ်ကူလာစေဖို့အတွက် ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

ယူနီကုဒ်စံစနစ်ကို ဌာနဆိုင်ရာ e-Government application တွေနဲ့ နောက်ဆုံးပေါ် နည်းပညာ အသုံးချစနစ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ ထောက်ပံ့မှုတွေမှာ ဆောင်ရွက်နိုင်မယ်လို့ ပြောပါတယ်။ 

ဘာသာပြန်ဆိုရာမှာလည်း တခြားဘာသာစကားတခုကနေ မြန်မာဘာသာကို အပြန်အလှန်ပ ပြန်ဆိုနိုင်မှာပါ။ မြန်မာယူနီကုဒ်ဆိုင်ရာ အချက်အလက်တွေကို သိရှိချင်ရင် www.mcf.org.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာယူနီကုဒ္စံစနစ္ ကူးေျပာင္းေရးအတြက္ အႏုပညာရွင္အခ်ိဳ႕ကို သံတမန္ ခန႔္အပ္

လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေျပာင္းလဲ အသုံးျပဳမယ့္ ျမန္မာယူနီကုဒ္စံစနစ္အတြက္ အႏုပညာရွင္တခ်ိဳ႕ကို သံတမန္အျဖစ္ ခန႔္အပ္ခဲ့ပါတယ္။

ႏိုင္ငံတကာသုံး ယူနီကုဒ္စံစနစ္နဲ႔ ကိုက္ညီတဲ့ ျမန္မာယူနီကုဒ္စံစနစ္ကို ကူးေျပာင္းႏိုင္ေရးအတြက္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက အမ်ားျပည္သူ အသိပညာေပးလုပ္ငန္းေတြကို ဝိုင္းဝန္းကူညီေပးမယ့္ အႏုပညာရွင္တခ်ိဳ႕ကို သံသမန္အျဖစ္ ခန႔္အပ္ခဲ့တာပါ။

ယူနီကုဒ္စံစနစ္သုံး ျမန္မာစာစနစ္က သတင္းအခ်က္အလက္ေတြကို စနစ္တက် သိမ္းဆည္းႏိုင္ၿပီး၊ တိုင္းရင္းသား ဘာသာစကားေတြကိုလည္း အလြယ္တကူ အသုံးျပဳႏိုင္တာေၾကာင့္ ဒီစနစ္ကို ေျပာင္းလဲအသုံးျပဳတာလို႔ ျမန္မာႏိုင္ငံ ကြန္ပ်ဴတာအသင္းခ်ဳပ္ ဒုတိယဥကၠ႒  ေဒါက္တာထြန္းသူရသက္က ေျပာပါတယ္။

အစိုးရဝန္ႀကီးဌာနေတြမွာေတာ့ ျမန္မာယူနီကုဒ္စံစနစ္ကို ၂၀၁၉ ခုႏွစ္ ဧၿပီလ  ၁ ရက္ေန႔က စတင္အသုံးျပဳေနၾကၿပီး ဌာနခ်င္း ခ်ိတ္ဆက္ရာမွာ ပိုမိုလြယ္ကူလာေစဖို႔အတြက္ ျဖစ္တယ္လို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန  ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က ေျပာပါတယ္။

ယူနီကုဒ္စံစနစ္ကို ဌာနဆိုင္ရာ e-Government application ေတြနဲ႔ ေနာက္ဆုံးေပၚ နည္းပညာ အသုံးခ်စနစ္ေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ ေထာက္ပံ့မႈေတြမွာ ေဆာင္႐ြက္ႏိုင္မယ္လို႔ ေျပာပါတယ္။

ဘာသာျပန္ဆိုရာမွာလည္း တျခားဘာသာစကားတခုကေန ျမန္မာဘာသာကို အျပန္အလွန္ပ ျပန္ဆိုႏိုင္မွာပါ။ ျမန္မာယူနီကုဒ္ဆိုင္ရာ အခ်က္အလက္ေတြကို သိရွိခ်င္ရင္ www.mcf.org.mm မွာ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013