DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဈေးသည် အမျိုးသမီးတဦး အသတ်ခံရ
DVB
·
August 17, 2019
တိုက်ကြီးတွင် တောဈေးသည် အမျိုးသမီးတဦး အသတ်ခံရ
Donate to DVB

တိုက်ကြီးမြို့နယ်၊ တခွကျေးရွာအုပ်စု၊ တာခွကျေးရွာနဲ့ ရှမ်းဂုံညင်းတန်းကျေးရွာ ဆက်သွယ်ထားတဲ့ လမ်းဘေး ၁၀ ပေခန့်အကွာ လယ်ကွက်ထဲမှာ အသတ်ခံထားရတဲ့ ၃၀ ကျော်အရွယ် အမျိုးသမီးတဦးကို  သြဂုတ် ၁၇ ရက်နေ့မနက် ၆ နာရီကျော်က တွေ့ရှိခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။

သေဆုံးသူဟာ ရှမ်းဂုံညင်းတန်းကျေးရွာနေ မမြင့်မြင့်သန်းဆိုသူဖြစ်ပြီး ကျေးရွာတွေမှာ စက်ဘီးနဲ့ တောဈေးလှည့်လည်ရောင်းချနေသူတဦး ဖြစ်ပါတယ်။

သြဂုတ် ၁၇ ရက်နေ့ မနက် ၆ နာရီခွဲအချိန်က ဆိုင်ကယ်ကယ်ရီမောင်းသူ တရွာတည်းနေ ဦးသာဦးဆိုသူက တွေ့ရှိပြီး သေဆုံးသူရဲ့ ဦးလေးတော်စပ်သူကို ပြောဆိုခဲ့တဲ့အတွက် သွားရောက်ကြည့်ခဲ့ရာ လယ်ကွက်ထဲတစောင်း အနေအထားနဲ့ လဲနေပြီး မျက်နှာဖူးရောင်ဒဏ်ရာတွေ၊ ညိုမည်း ဒဏ်ရာတွေနဲ့ ဦးခေါင်းအား ရွှဲ့ထဲနစ်ထားတဲ့ ပုံစံနဲ့ ‌သေဆုံးနေတာကို တွေရှိခဲ့တာကြောင့် တိုက်ကြီးမြို့မရဲစခန်းမှာ တရားလိုပြုလုပ်တိုင်တန်း အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနှင့်ပတ်သက်ပြီး တိုက်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ မှုဖွင့်ထားပြီး တရားခံဖမ်ဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ တိုက်ကြီးမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း-မေသွယ်




Zawgyi Version

တိုက္ႀကီးတြင္ ေတာေဈးသည္ အမ်ိဳးသမီးတဦး အသတ္ခံရ
DVB
တိုက္ႀကီးၿမိဳ႕နယ္၊ တခြေက်း႐ြာအုပ္စု၊ တာခြေက်း႐ြာနဲ႔ ရွမ္းဂုံညင္းတန္းေက်း႐ြာ ဆက္သြယ္ထားတဲ့ လမ္းေဘး ၁၀ ေပခန႔္အကြာ လယ္ကြက္ထဲမွာ အသတ္ခံထားရတဲ့ ၃၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတဦးကို ၾသဂုတ္ ၁၇ ရက္ေန႔မနက္ ၆ နာရီေက်ာ္က ေတြ႕ရွိခဲ့တယ္လို႔ တိုက္ႀကီးၿမိဳ႕မရဲစခန္းက သိရပါတယ္။
ေသဆုံးသူဟာ ရွမ္းဂုံညင္းတန္းေက်း႐ြာေန မျမင့္ျမင့္သန္းဆိုသူျဖစ္ၿပီး ေက်း႐ြာေတြမွာ စက္ဘီးနဲ႔ ေတာေဈးလွည့္လည္ေရာင္းခ်ေနသူတဦး ျဖစ္ပါတယ္။
ၾသဂုတ္ ၁၇ ရက္ေန႔ မနက္ ၆ နာရီခြဲအခ်ိန္က ဆိုင္ကယ္ကယ္ရီေမာင္းသူ တ႐ြာတည္းေန ဦးသာဦးဆိုသူက ေတြ႕ရွိၿပီး ေသဆုံးသူရဲ႕ ဦးေလးေတာ္စပ္သူကို ေျပာဆိုခဲ့တဲ့အတြက္ သြားေရာက္ၾကည့္ခဲ့ရာ လယ္ကြက္ထဲတေစာင္း အေနအထားနဲ႔ လဲေနၿပီး မ်က္ႏွာဖူးေရာင္ဒဏ္ရာေတြ၊ ညိဳမည္း ဒဏ္ရာေတြနဲ႔ ဦးေခါင္းအား ႐ႊဲ႕ထဲနစ္ထားတဲ့ ပုံစံနဲ႔ ‌ေသဆုံးေနတာကို ေတြရွိခဲ့တာေၾကာင့္ တိုက္ႀကီးၿမိဳ႕မရဲစခန္းမွာ တရားလိုျပဳလုပ္တိုင္တန္း အမႈဖြင့္ခဲ့တယ္လို႔ သိရပါတယ္။
ေသဆုံးမႈႏွင့္ပတ္သက္ၿပီး တိုက္ႀကီးၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ နဲ႔ မႈဖြင့္ထားၿပီး တရားခံဖမ္ဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးတာေတြ ေဆာင္႐ြက္ေနတယ္လို႔ တိုက္ႀကီးၿမိဳ႕မရဲစခန္း တာဝန္ရွိသူတဦးက ေျပာပါတယ္။
သတင္း-ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013