DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ရေဘေးကာကွယ်ရေး ကြိုတင်လေ့ကျင့်
DVB
·
August 17, 2019
ကလေးမြို့တွင် ရေဘေးကာကွယ်ရေး ကြိုတင်လေ့ကျင့်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း ကလေးမြို့မှာ မိုးနှောင်းရာသီ မုတ်သုံမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ရေကြီးမှုတွေ ဖြစ်တတ်တာကြောင့် ဖြစ်လာတဲ့အခါ အလွယ်တကူ ရင်ဆိုင်ဖြတ်ကျော်ဖို့ ကျီကုန်းရွာမှာ ရေဘေးကယ်ဆယ်ရေး ကြိုတင်လေ့ကျင့်မှုတရပ်ကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

“စိုးရိမ်တာက မိုးနှောင်းကာလမှာ မုန်တိုင်းဖြစ်လာနိုင်မယ်။ တကယ်လို့ မုန်တိုင်း ဖြစ်လာရင် မိုးရွာသွန်းမှု ပြင်းပြင်းထန်ထန် ဖြစ်လာမယ်။ ဒီမုတ်သုံ မိုးက ချင်းပြည်နယ်၊ မကွေး၊ ဂန့်ဂေါဘက်တွေပါ ရွာပြီဆိုရင် ကျနော်တို့ဆီမှာတော့ ရေကြီးပြီဆိုတာ အသေအချာပဲ” လို့ အဲ့ဒီပွဲမှာ ကလေးခရိုင် မိုးလေဝသနှင့် ဇလဗေဒဌာန ခရိုင်ဦးစီးအရာရှိ ဦးတင်စိုးက ပြောပါတယ်။

ကလေးဒေသဟာ ၂၀၁၀ နောက်ပိုင်း သုံး လေးနှစ် တစ်ကြိမ် စိုက်ပျိုးမြေအချို့ ရေလွှမ်းမိုးမှု ခံနေရပြီး လူနေရွာတချို့ကိုတော့ ရေလွတ်ရာ ပြောင်းရွှေ့ထားပါတယ်။ ၂၀၁၅ ခုနှစ် ရေဘေးကတော့ ကလေးမြို့ သမိုင်းမှာ ရေအကြီးဆုံး ကြုံခဲ့ရပြီး လူဦးရေ သိန်းကျော်အထိ ရေလွတ်ရာ ရှောင်ခဲ့ရတာပါ။

“ဖြစ်လာတဲ့အခါ ဖြေရှင်းတာထက် မဖြစ်ခင် လေ့ကျင့်ထားတယ်ဆိုတာ လိုအပ်ပါတယ်။ ကျနော်တို့ကတော့ ကူညီကယ်ဆယ်ရေးအတွက် လူ၊ ယန္တရားပစ္စည်းတွေ အားလုံး ပါဝင်ပေးသွားဖို့ အသင့်ရှိနေပါတယ်" လို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး) ဒုဒကစမှူး ဗိုလ်မှူးကြီး ညီညီတင်က ပြောပါတယ်။

ကလေးဒေသဟာ အနောက်မြောက်တိုင်း တပ်တွေနဲ့ ထိစပ်နေပြီး ၂၀၁၅ ခုနှစ် ရေလွှမ်းမိုးစဉ်ကလည်း ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို တပ်မတော်က တဖက်တလမ်းက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ရေဘေး ဇာတ်တိုက်မှုကိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ၊ ဒေသခံကျေးရွာပြည်သူတွေအပြင် တပ်မတော်သား ၂၄၀ ကျော် ပါဝင်ခဲ့ပါတယ်။

ကလေးမြို့မှာ မိုးဦးနဲ့ မိုးလယ်ကာလတွေ မိုးခေါင်ခဲ့ပြီး အခု မိုးလယ် ဒုတိယလအထိ မိုးပုံမှန် မရှိခဲ့ဘူးလို့ သိရပါတယ်။

မင်းရဲစစ်နိုင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကေလးၿမိဳ႕တြင္ ေရေဘးကာကြယ္ေရး ႀကိဳတင္ေလ့က်င့္

စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာ မိုးေႏွာင္းရာသီ မုတ္သုံမုန္တိုင္း ျဖစ္ေပၚလာႏိုင္ၿပီး ေရႀကီးမႈေတြ ျဖစ္တတ္တာေၾကာင့္ ျဖစ္လာတဲ့အခါ အလြယ္တကူ ရင္ဆိုင္ျဖတ္ေက်ာ္ဖို႔ က်ီကုန္း႐ြာမွာ ေရေဘးကယ္ဆယ္ေရး ႀကိဳတင္ေလ့က်င့္မႈတရပ္ကို ဒီေန႔မနက္ပိုင္းက ျပဳလုပ္ခဲ့ၾကပါတယ္။

“စိုးရိမ္တာက မိုးေႏွာင္းကာလမွာ မုန္တိုင္းျဖစ္လာႏိုင္မယ္။ တကယ္လို႔ မုန္တိုင္း ျဖစ္လာရင္ မိုး႐ြာသြန္းမႈ ျပင္းျပင္းထန္ထန္ ျဖစ္လာမယ္။ ဒီမုတ္သုံ မိုးက ခ်င္းျပည္နယ္၊ မေကြး၊ ဂန႔္ေဂါဘက္ေတြပါ ႐ြာၿပီဆိုရင္ က်ေနာ္တို႔ဆီမွာေတာ့ ေရႀကီးၿပီဆိုတာ အေသအခ်ာပဲ” လို႔ အဲ့ဒီပြဲမွာ ကေလးခ႐ိုင္ မိုးေလဝသႏွင့္ ဇလေဗဒဌာန ခ႐ိုင္ဦးစီးအရာရွိ ဦးတင္စိုးက ေျပာပါတယ္။

ကေလးေဒသဟာ ၂၀၁၀ ေနာက္ပိုင္း သုံး ေလးႏွစ္ တစ္ႀကိမ္ စိုက္ပ်ိဳးေျမအခ်ိဳ႕ ေရလႊမ္းမိုးမႈ ခံေနရၿပီး လူေန႐ြာတခ်ိဳ႕ကိုေတာ့ ေရလြတ္ရာ ေျပာင္းေ႐ႊ႕ထားပါတယ္။ ၂၀၁၅ ခုႏွစ္ ေရေဘးကေတာ့ ကေလးၿမိဳ႕ သမိုင္းမွာ ေရအႀကီးဆုံး ႀကဳံခဲ့ရၿပီး လူဦးေရ သိန္းေက်ာ္အထိ ေရလြတ္ရာ ေရွာင္ခဲ့ရတာပါ။

“ျဖစ္လာတဲ့အခါ ေျဖရွင္းတာထက္ မျဖစ္ခင္ ေလ့က်င့္ထားတယ္ဆိုတာ လိုအပ္ပါတယ္။ က်ေနာ္တို႔ကေတာ့ ကူညီကယ္ဆယ္ေရးအတြက္ လူ၊ ယႏၲရားပစၥည္းေတြ အားလုံး ပါဝင္ေပးသြားဖို႔ အသင့္ရွိေနပါတယ္" လို႔ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ကေလး) ဒုဒကစမႉး ဗိုလ္မႉးႀကီး ညီညီတင္က ေျပာပါတယ္။

ကေလးေဒသဟာ အေနာက္ေျမာက္တိုင္း တပ္ေတြနဲ႔ ထိစပ္ေနၿပီး ၂၀၁၅ ခုႏွစ္ ေရလႊမ္းမိုးစဥ္ကလည္း ေရေဘးကူညီကယ္ဆယ္ေရး လုပ္ငန္းေတြကို တပ္မေတာ္က တဖက္တလမ္းက ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ဒီကေန႔ ျပဳလုပ္တဲ့ ေရေဘး ဇာတ္တိုက္မႈကိုေတာ့ အရပ္ဘက္အဖြဲ႕အစည္းေတြ၊ ဌာနဆိုင္ရာေတြ၊ ေဒသခံေက်း႐ြာျပည္သူေတြအျပင္ တပ္မေတာ္သား ၂၄၀ ေက်ာ္ ပါဝင္ခဲ့ပါတယ္။

ကေလးၿမိဳ႕မွာ မိုးဦးနဲ႔ မိုးလယ္ကာလေတြ မိုးေခါင္ခဲ့ၿပီး အခု မိုးလယ္ ဒုတိယလအထိ မိုးပုံမွန္ မရွိခဲ့ဘူးလို႔ သိရပါတယ္။

မင္းရဲစစ္ႏိုင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013