DVB Logo
Home
မြန်မာသတင်း
ရဲစခန်းပတ်လည်က ဆိုင်ခန်းများ စစ်ကိုင်းတိုင်းတခုတည်းတွင် ဖယ်ရှားပါက လက်မခံ
DVB
·
August 14, 2019
ရဲစခန်းပတ်လည်က ဆိုင်ခန်းများ စစ်ကိုင်းတိုင်းတခုတည်းတွင် ဖယ်ရှားပါက လက်မခံ
1 / 6
Donate to DVB

ရဲစခန်းပတ်လည်က တိုက်တန်းဈေးဆိုင်ခန်းတွေကို ဖယ်ရှားတော့မယ်ဆိုတာနဲ့ ပတ်သက်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေမှာ မလုပ်ဘဲ စစ်ကိုင်းတိုင်းမှာသာ  လုပ်မယ်ဆိုရင် လုံးဝ လက်မခံနိုင်ဘူးလို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ရဲစခန်းတွေရဲ့ ဝင်းမျက်နှာစာ ပတ်လည်တွေမှာ ဝန်ထမ်းသက်သာဆိုပြီး ဈေးဆိုင်ခန်းတွေကို အငှားစာချုပ်တွေနဲ့ တရားဝင်ခွင့်ပြုခဲ့တာပါ။

ဒါပေမယ့် လတ်တလောမှာတော့ ၁၉၅၅ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ ၃ အရ ရှင်းလင်းဖယ်ရှားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သြဂုတ် ၁၂ ရက်နေ့က မုံရွာမြို့၊ မြို့တော်ခန်းမမှာ တိုင်းအစိုး၊ လွှတ်တော်နှင့် ပါတီ၊ လူထုတွေ့ဆုံပွဲမှာ ရဲတိုက်တန်း ငှားရမ်းနေထိုင်သူတဦးကမေးမြန်းမှုအပေါ် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သူများတိုင်းတွေ မလုပ်ဘဲ စစ်ကိုင်းတိုင်းကိုသာ လုပ်မယ်ဆိုရင် လုံးဝ လက်မခံနိုင်ဘူးလို့ ပြန်လည်ပြောကြားခဲ့တာပါ။

"ခင်ဗျားတို့လည်း သိပြီးပြီနော်။ ကျနော်တို့တိုင်းကို ကျနော် သေချာလုပ်မှာ။ သူများတိုင်းတွေ မလုပ်ဘဲနဲ့ ကျနော်တို့တိုင်းတင် လုပ်ရင် ကျနော် လုံးဝ လက်သင့်မခံဘူး"လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

မြို့နယ်တိုင်းလိုလိုမှာ ရှိနေတဲ့ ရဲတိုက်တန်းတွေမှာ ၂၀၁၃ ခုနှစ်ကတည်းကစတင်ကာ သက်သာဆိုင်ခန်းတွေက ဆိုင်ခန်းငှားရမ်းခ ကောက်ခံတာ မရှိတော့တဲ့အပြင် ဖယ်ရှားပေးကြဖို့ ညှိနှိုင်းခဲ့ပေမယ့် ဆိုင်ခန်းငှားရမ်းသူတွေက စုပေါင်းလက်မှတ်ရေးထိုးကာ အသနားခံစာ တင်ထားခဲ့တာကြောင့် အခုအချိန်ထိ ကြာနေတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ဒီဆိုင်ခန်းတွေကြောင့် စားဝတ်နေရေး အဆင်ပြေနေကြတဲ့အတွက် တိုင်းအစိုးရကနေ ထပ်မံကာ အသနားခံစာ တင်ပေးဖို့ကို မုံရွာရဲတိုက်တန်းမှာ ငှားရမ်းနေထိုင်သူတဦးက တွေ့ဆုံပွဲမှာ ပြောပါတယ်။

မုံရွာရဲတိုက်တန်းမှာ ဆိုင်ခန်းငှားရမ်းထားသူ ဦးရေချမ်းက "ရဲတိုက်တန်းက မုံရွာတင်မကပါဘူး။ ရွှေဘို၊ ရေဦး၊ တန့်ဆည် အားလုံးကလည်း စိတ်သောက ရောက်နေကြပါတယ်။ ၁၉၅၅ ဆိုတဲ့ အစိုးရဥပဒေကို အသုံးပြုပြီးတော့ ကျနော်တို့ကို ခွေးမောင်းသလို၊ ခွေးလေခွေးလွင့် မောင်းသလို မောင်းချတော့မှာပါ။ အဲဒီတော့ ကျနော်တို့အနေနဲ့က နိုင်ငံတော်အတိုင်ပင်ခံ မိန့်ကြားထားသလို မတရားမှုတွေ၊ ကိုယ်ပြောချင်တာတွေကို ဝန်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်ကနေတဆင့် တင်ပြလို့ရပါတယ်ဆိုလို့ လာပြီးတင်ပြတာပါ"လို့ ပြောပါတယ်။

ဒီဈေးဆိုင်ခန်းတွေကို ဝန်ထမ်းသက်သာအတွက် အစိုးရနဲ့ နှစ် ၃၀ အငှားနဲ့ ချထားပေးခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စကို ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနကို တိုင်းအစိုးရကတဆင့် စာချွန်တော်တက်လို့ရမရကို မေးမြန်းပေးမယ်လို့လည်း လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက"ကျနော်တို့လည်း မထုတ်ချင်ဘူး။ အစိုးရတဖွဲ့လုံး ဘယ်သူ့လိုက်မေးမေး ထုတ်ချင်တယ်ဆိုတဲ့သူရှိရင် လည်လှီးပစ်လိုက်။ ဘယ်သူမှမလုပ်ချင်ဘူး။ ဒါက နိုင်ငံရေးအရ Flow တခုဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဆရာတို့ဘက်က ဆိုင်းငံ့စေချင်တဲ့ ကာလ၊ စာချွန်တော်တက်ချင်တဲ့ကိစ္စ ပြည်ထောင်စုကို မေးပေးပြီးရင် တက်လို့ရတယ်ဆိုရင် နစ်နာသူကိုယ်တိုင် စာချွန်တော်တက်။ စာချွန်တော်အရ ကျလာတဲ့အမိန့်ကို တိုင်းအစိုးရက ဆောင်ရွက်ပေးမယ်”လို့လည်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

လတ်တလောမှာတော့ မုံရွာ ရဲတိုက်တန်းက ဆိုင်ခန်းတွေအခြေအနေ မသိရသေးပေမယ့် ရေဦး၊ ရွှေဘို၊ တန့်ဆည်၊ စိုင်ပြင်၊ အရာတော်၊ ကသာမြို့ စတဲ့မြို့နယ်တွေက ဆိုင်ခန်းတွေကိုလည်း အပြီးသတ်ထွက်ခွာပေးရမယ့် ရက်ကို စာထွက်ထားပြီ းဖြစ်တယ်လို့ သိရပါတယ်။ 

ဆိုင်ခန်းပိုင်ရှင်တွေကတော့ ဝန်ထမ်းသက်သာ မရှိတော့ရင်လည်း ကျသင့်တဲ့ နှုန်းထားအတိုင်း နိုင်ငံတော်ကို ပေးသွင်းပြီး ဆက်လက်နေထိုင်ခွင့်ပြုဖို့သာ လိုလားနေကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရဲစခန္းပတ္လည္က ဆိုင္ခန္းမ်ား စစ္ကိုင္းတိုင္းတခုတည္းတြင္ ဖယ္ရွားပါက လက္မခံ

ရဲစခန္းပတ္လည္က တိုက္တန္းေဈးဆိုင္ခန္းေတြကို ဖယ္ရွားေတာ့မယ္ဆိုတာနဲ႔ ပတ္သက္ၿပီး တျခားတိုင္းနဲ႔ျပည္နယ္ေတြမွာ မလုပ္ဘဲ စစ္ကိုင္းတိုင္းမွာသာ  လုပ္မယ္ဆိုရင္ လုံးဝ လက္မခံႏိုင္ဘူးလို႔ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က ေျပာပါတယ္။

စစ္ကိုင္းတိုင္းအတြင္းက ရဲစခန္းေတြရဲ႕ ဝင္းမ်က္ႏွာစာ ပတ္လည္ေတြမွာ ဝန္ထမ္းသက္သာဆိုၿပီး ေဈးဆိုင္ခန္းေတြကို အငွားစာခ်ဳပ္ေတြနဲ႔ တရားဝင္ခြင့္ျပဳခဲ့တာပါ။

ဒါေပမယ့္ လတ္တေလာမွာေတာ့ ၁၉၅၅ ခုႏွစ္က ျပ႒ာန္းထားတဲ့ အစိုးရအိမ္ဥပစာ (ႏွင္ထုတ္ျခင္း) အက္ဥပေဒပုဒ္မ ၃ အရ ရွင္းလင္းဖယ္ရွားဖို႔ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး ၾသဂုတ္ ၁၂ ရက္ေန႔က မုံ႐ြာၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမမွာ တိုင္းအစိုး၊ လႊတ္ေတာ္ႏွင့္ ပါတီ၊ လူထုေတြ႕ဆုံပြဲမွာ ရဲတိုက္တန္း ငွားရမ္းေနထိုင္သူတဦးကေမးျမန္းမႈအေပၚ ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က သူမ်ားတိုင္းေတြ မလုပ္ဘဲ စစ္ကိုင္းတိုင္းကိုသာ လုပ္မယ္ဆိုရင္ လုံးဝ လက္မခံႏိုင္ဘူးလို႔ ျပန္လည္ေျပာၾကားခဲ့တာပါ။

"ခင္ဗ်ားတို႔လည္း သိၿပီးၿပီေနာ္။ က်ေနာ္တို႔တိုင္းကို က်ေနာ္ ေသခ်ာလုပ္မွာ။ သူမ်ားတိုင္းေတြ မလုပ္ဘဲနဲ႔ က်ေနာ္တို႔တိုင္းတင္ လုပ္ရင္ က်ေနာ္ လုံးဝ လက္သင့္မခံဘူး"လို႔ ဝန္ႀကီးခ်ဳပ္က ေျပာဆိုခဲ့တာပါ။

ၿမိဳ႕နယ္တိုင္းလိုလိုမွာ ရွိေနတဲ့ ရဲတိုက္တန္းေတြမွာ ၂၀၁၃ ခုႏွစ္ကတည္းကစတင္ကာ သက္သာဆိုင္ခန္းေတြက ဆိုင္ခန္းငွားရမ္းခ ေကာက္ခံတာ မရွိေတာ့တဲ့အျပင္ ဖယ္ရွားေပးၾကဖို႔ ညႇိႏႈိင္းခဲ့ေပမယ့္ ဆိုင္ခန္းငွားရမ္းသူေတြက စုေပါင္းလက္မွတ္ေရးထိုးကာ အသနားခံစာ တင္ထားခဲ့တာေၾကာင့္ အခုအခ်ိန္ထိ ၾကာေနတာ ျဖစ္ပါတယ္။

လက္ရွိမွာ ဒီဆိုင္ခန္းေတြေၾကာင့္ စားဝတ္ေနေရး အဆင္ေျပေနၾကတဲ့အတြက္ တိုင္းအစိုးရကေန ထပ္မံကာ အသနားခံစာ တင္ေပးဖို႔ကို မုံ႐ြာရဲတိုက္တန္းမွာ ငွားရမ္းေနထိုင္သူတဦးက ေတြ႕ဆုံပြဲမွာ ေျပာပါတယ္။

မုံ႐ြာရဲတိုက္တန္းမွာ ဆိုင္ခန္းငွားရမ္းထားသူ ဦးေရခ်မ္းက "ရဲတိုက္တန္းက မုံ႐ြာတင္မကပါဘူး။ ေ႐ႊဘို၊ ေရဦး၊ တန႔္ဆည္ အားလုံးကလည္း စိတ္ေသာက ေရာက္ေနၾကပါတယ္။ ၁၉၅၅ ဆိုတဲ့ အစိုးရဥပေဒကို အသုံးျပဳၿပီးေတာ့ က်ေနာ္တို႔ကို ေခြးေမာင္းသလို၊ ေခြးေလေခြးလြင့္ ေမာင္းသလို ေမာင္းခ်ေတာ့မွာပါ။ အဲဒီေတာ့ က်ေနာ္တို႔အေနနဲ႔က ႏိုင္ငံေတာ္အတိုင္ပင္ခံ မိန႔္ၾကားထားသလို မတရားမႈေတြ၊ ကိုယ္ေျပာခ်င္တာေတြကို ဝန္ႀကီးခ်ဳပ္ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ကေနတဆင့္ တင္ျပလို႔ရပါတယ္ဆိုလို႔ လာၿပီးတင္ျပတာပါ"လို႔ ေျပာပါတယ္။

ဒီေဈးဆိုင္ခန္းေတြကို ဝန္ထမ္းသက္သာအတြက္ အစိုးရနဲ႔ ႏွစ္ ၃၀ အငွားနဲ႔ ခ်ထားေပးခဲ့တာလို႔ သိရပါတယ္။ ဒီကိစၥကို ျပည္ေထာင္စုအဆင့္ဝန္ႀကီးဌာနကို တိုင္းအစိုးရကတဆင့္ စာခြၽန္ေတာ္တက္လို႔ရမရကို ေမးျမန္းေပးမယ္လို႔လည္း လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးက ေျပာဆိုခဲ့ပါေသးတယ္။

လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူက"က်ေနာ္တို႔လည္း မထုတ္ခ်င္ဘူး။ အစိုးရတဖြဲ႕လုံး ဘယ္သူ႔လိုက္ေမးေမး ထုတ္ခ်င္တယ္ဆိုတဲ့သူရွိရင္ လည္လွီးပစ္လိုက္။ ဘယ္သူမွမလုပ္ခ်င္ဘူး။ ဒါက ႏိုင္ငံေရးအရ Flow တခုျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ ဆရာတို႔ဘက္က ဆိုင္းငံ့ေစခ်င္တဲ့ ကာလ၊ စာခြၽန္ေတာ္တက္ခ်င္တဲ့ကိစၥ ျပည္ေထာင္စုကို ေမးေပးၿပီးရင္ တက္လို႔ရတယ္ဆိုရင္ နစ္နာသူကိုယ္တိုင္ စာခြၽန္ေတာ္တက္။ စာခြၽန္ေတာ္အရ က်လာတဲ့အမိန႔္ကို တိုင္းအစိုးရက ေဆာင္႐ြက္ေပးမယ္”လို႔လည္း ျပန္လည္ေျဖၾကားခဲ့ပါတယ္။

လတ္တေလာမွာေတာ့ မုံ႐ြာ ရဲတိုက္တန္းက ဆိုင္ခန္းေတြအေျခအေန မသိရေသးေပမယ့္ ေရဦး၊ ေ႐ႊဘို၊ တန႔္ဆည္၊ စိုင္ျပင္၊ အရာေတာ္၊ ကသာၿမိဳ႕ စတဲ့ၿမိဳ႕နယ္ေတြက ဆိုင္ခန္းေတြကိုလည္း အၿပီးသတ္ထြက္ခြာေပးရမယ့္ ရက္ကို စာထြက္ထားၿပီ းျဖစ္တယ္လို႔ သိရပါတယ္။

ဆိုင္ခန္းပိုင္ရွင္ေတြကေတာ့ ဝန္ထမ္းသက္သာ မရွိေတာ့ရင္လည္း က်သင့္တဲ့ ႏႈန္းထားအတိုင္း ႏိုင္ငံေတာ္ကို ေပးသြင္းၿပီး ဆက္လက္ေနထိုင္ခြင့္ျပဳဖို႔သာ လိုလားေနၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013