DVB Logo
Home
Lead Story
သဘာဝဘေးအန္တရာယ်နှင့် ကယ်ဆယ်ရေး (အယ်ဒီတာအာဘော်)
DVB
·
August 13, 2019
သဘာဝဘေးအန္တရာယ်နှင့် ကယ်ဆယ်ရေး (အယ်ဒီတာအာဘော်)
Donate to DVB

ကမ္ဘာ့ရာသီဥတု အပြောင်းအလဲတွင် ကမ္ဘာ့နိုင်ငံ အတော်များများ ရာသီဥတု ဆိုးရွားမှုဒဏ်ကို အနည်းနှင့်အများ ခံနေကြရသည်ပင်။ ထိုဖြစ်ရပ်များထဲတွင် တတိယဖွံ့ဖြိုးဆဲနိုင်ငံများက ပို၍ ခံကြရသည်မှာ ဓမ္မတာတခုပင်ဖြစ်သည်။ ယင်းသို့ဖြစ်ရသည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အသိပညာ နည်းပါးနေခြင်းကို တွေ့ရသည်။ ထို့အပြင် အစိုးရတရပ်၏ ပညာရှင်တို့အပေါ် ကိုးစားမှုမရှိသည်ကိုလည်း တွေ့ရပါသည်။ ဤဖြစ်ရပ်မျိုးသည် အာဏာရှင်နိုင်ငံများနှင့် အာဏာရှင်စနစ်မှ ပြောင်းလဲစ နိုင်ငံအများစုတွင် ဖြစ်ပေါ်လေ့ရှိသည်ဟု ဆိုကြပါသည်။

အဆိုပါဖြစ်ရပ်မျိုးကို မြန်မာနိုင်ငံတွင်လည်း ကြုံတွေ့နေသည်ကို စာနယ်ဇင်းများ ရုပ်သံများနှင့် လူမှုကွန်ရက် မီဒီယာများတွင် လတ်တလော ဖော်ပြနေသော သတင်းများက သက်သေခံနေသည်။ ဆိုးရွားစွာ ဖြစ်ပေါ်နေသော ရာသီဥတုကြောင့် သဘာဝဘေးအန္တရာယ်ကိုသာမက လူတို့၏ မဆင်မခြင်လုပ်ဆောင်ခဲ့မှုတို့ပါ ပေါင်းစပ်၍ ပြည်သူတို့ ခံစားသင့်သည်ထက် ပိုခံစားခဲ့သည်ကို တွေ့ရပါသည်။

ယခုလအတွင်း မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ သဲဖြူကုန်းရွာ မြေပြိုကျမှုသည် သဘာဝဘေးသာမက လူလုပ်ဘေးပါ ပေါင်းစပ်ပါဝင်နေသည်ကို မြင်တွေ့နိုင်ပါသည်။

ဖြစ်စဉ်ကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာနိုင်ငံ၌ ကျောက်မိုင်းများ လုပ်ကိုင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်လောက်မှ စတင် ကြည့်ရမည်ဆိုလျှင်ပင် ပေါင်မြို့နယ်တခုတည်းပင် ကျောက်မိုင်းပေါင်း ၂၂ မိုင်းထိ လုပ်ကိုင်နေသည်ဟု သိရသည်။ ထိုဒေသအနီးရှိ ကျိုက်ထိုမြို့နယ်တွင် ကျောက်မိုင်း ၄၈ မိုင်းရှိသည်ကို တွေ့ရသည်။ ယင်းကျောက်မိုင်းအားလုံးကို အနှစ် ၃၀ စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။ ဒေသခံများအနေဖြင့် မိုင်းခွဲသံတွေနှင့် မိုင်းကြောင့် မြေကြီးတုန်ခါမှုဒဏ်ကို အချိန်နှင့်အမျှ ခံနေကြရသည်။ ယင်းဖြစ်စဉ်၏ ဆိုးရွားမှု အတိုင်းအတာကိုကား ဒေသခံတို့ မသိရှိနိုင်ပါချေ။

ထို့အပြင် အဆိုပါဒေသများ၌ ရွှေကျင်မှုကလည်း ရှိနေသေးသည်။ ကျောက်တောင်မိုင်းခွဲခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ရွှေကျင်ခြင်းတို့ကြောင့် မြေပြင်အနေအထား ပြောင်းလဲနေခြင်း၊ အက်ကွဲနေခြင်းတို့ကိုမူ သတိမမူမိခဲ့ကြပေ။ ထို့အပြင် မြစ်ကြောင်းပြောင်းလဲမှုတို့ကို သိသိသာသာ မြင်ခဲ့ကြသော်လည်း လျစ်လျူရှုမိခဲ့ကြသည်။ ယင်းကြောင့်ဟု ဆက်စပ်စဉ်းစားမိကြဟန်မတူ။ ကျောက်မိုင်းချထားခဲ့မှုမှာလည်း လူနေကျေးရွာများနှင့် ၄ မိုင်ကျော်ခန့်တွင် ပေးထားရမည်ဖြစ်သော်လည်း ဥပဒေကို လိုက်နာခဲ့ကြဟန်လည်း မရှိသည်ကို တွေ့မြင်နေရသည်။ အဆိုးဆုံးသောအချက်မှာ ကျောက်မိုင်းလုပ်ငန်းအား ချပေးထားပြီးနောက်ပိုင်း မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေးမှု မရှိခြင်းမှာ အားနည်းချက်ပင်ဖြစ်မည်ဟု ဆိုနိုင်သည်။

ယင်းကဲ့သို့ အဘက်ဘက် အားနည်းချက်နှင့် ချို့ယွင်းချက်တို့ကြောင့် မြန်မာပြည်အောက်ပိုင်းတခုလုံး ရေကြီးမိုးကြီး သဘာဝဘေးနှင့် ကြုံကြိုက်တိုက်ဆိုင်ချိန် ၉.၈.၁၉ နေ့တွင် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ၌ မြေပြိုကျမှုကြောင့် လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ရသည်ဟု ဒီဗွီဘီ နောက်ဆုံးသတင်းအရ သိရသည်။ ထို့ထက်မက သေဆုံးဖို့များသည်ဟု ယူဆရပါသည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေ ကယ်ထုတ်နေကြဆဲ ဖြစ်သည်။ ထို့အပြင် နောက်ထပ် မြေပြိုကျမှုများလည်း ထပ်မံဖြစ်ပေါ်လာနိုင်သေးသည်ဟု ဘူမိဗေဒ ပညာရှင်အချို့နှင့် ကျွမ်းကျင်ပညာရှင်တို့ အဆိုအရ သိရသည်။ ၎င်းတို့အဆိုအရ ဒရုန်း (Drone) ဖြင့် ပျံသန်းကြည့်ရှုရာတွင် မြေပြင် တလျှောက်၌ မိုင်းဒဏ်ကြောင့် အက်ကွဲနေသော အခြေအနေတရပ် ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း ပြောကြားချက်အရ သိရပေသည်။

ထို့အပြင် အခြားသောဒေသများ၌လည်း ရေကြီးရေလျှံခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နေသည်တို့လည်း ရှိပေသည်။ သဘာဘေးအား တားဆီးရန် ခက်ခဲသော်လည်း ဖြစ်ပွားပြီးနောက်၌ ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီရောက်ရှိရေးနှင့် စနစ်တကျ ကယ်ဆယ်နိုင်ရေးအတွက်မူ ကြိုတင်ပြင်ဆင် စီမံခန့်ခွဲထားရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့်ကြည့်လျှင် တကြိမ်တခါမဟုတ် နှစ်စဉ် ရေကြီးရေလျှံသဘာဝဘေးကို ကြုံတွေ့နေရမြဲပင် ဖြစ်သည်။ သို့အတွက် ကြိုတင်စီမံခန့်ခွဲရေးမှာ ပိုသည်မရှိ လိုအပ်နေဦးမည်သာ။ မည်သို့ပင်ဖြစ်စေ သဘာဝဘေးကို ကြိုတင်မကာကွယ်နိုင်သေးသော်လည်း လူလုပ်ဘေးဆိုးများကိုတော့ ကြိုတင်ကာကွယ်ပေးပါရန် လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။




Zawgyi Version

သဘာဝေဘးအႏၲရာယ္ႏွင့္ ကယ္ဆယ္ေရး (အယ္ဒီတာအာေဘာ္)
DVB

ကမာၻ႔ရာသီဥတု အေျပာင္းအလဲတြင္ ကမာၻ႔ႏိုင္ငံ အေတာ္မ်ားမ်ား ရာသီဥတု ဆိုးရြားမႈဒဏ္ကို အနည္းႏွင့္အမ်ား ခံေနၾကရသည္ပင္။ ထိုျဖစ္ရပ္မ်ားထဲတြင္ တတိယဖြံ႔ၿဖိဳးဆဲႏိုင္ငံမ်ားက ပို၍ ခံၾကရသည္မွာ ဓမၼတာတခုပင္ျဖစ္သည္။ ယင္းသို႔ျဖစ္ရသည္မွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းမႈဆိုင္ရာ အသိပညာ နည္းပါးေနျခင္းကို ေတြ႔ရသည္။ ထို႔အျပင္ အစိုးရတရပ္၏ ပညာရွင္တို႔အေပၚ ကိုးစားမႈမရွိသည္ကိုလည္း ေတြ႔ရပါသည္။ ဤျဖစ္ရပ္မ်ိဳးသည္ အာဏာရွင္ႏိုင္ငံမ်ားႏွင့္ အာဏာရွင္စနစ္မွ ေျပာင္းလဲစ ႏိုင္ငံအမ်ားစုတြင္ ျဖစ္ေပၚေလ့ရွိသည္ဟု ဆိုၾကပါသည္။

အဆိုပါျဖစ္ရပ္မ်ိဳးကို ျမန္မာႏိုင္ငံတြင္လည္း ႀကဳံေတြ႔ေနသည္ကို စာနယ္ဇင္းမ်ား ႐ုပ္သံမ်ားႏွင့္ လူမႈကြန္ရက္ မီဒီယာမ်ားတြင္ လတ္တေလာ ေဖာ္ျပေနေသာ သတင္းမ်ားက သက္ေသခံေနသည္။ ဆိုးရြားစြာ ျဖစ္ေပၚေနေသာ ရာသီဥတုေၾကာင့္ သဘာဝေဘးအႏၲရာယ္ကိုသာမက လူတို႔၏ မဆင္မျခင္လုပ္ေဆာင္ခဲ့မႈတို႔ပါ ေပါင္းစပ္၍ ျပည္သူတို႔ ခံစားသင့္သည္ထက္ ပိုခံစားခဲ့သည္ကို ေတြ႔ရပါသည္။

ယခုလအတြင္း မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ရွိ သဲျဖဴကုန္းရြာ ေျမၿပိဳက်မႈသည္ သဘာဝေဘးသာမက လူလုပ္ေဘးပါ ေပါင္းစပ္ပါဝင္ေနသည္ကို ျမင္ေတြ႔ႏိုင္ပါသည္။

ျဖစ္စဥ္ကို ျပန္လည္သုံးသပ္ၾကည့္လွ်င္ ျမန္မာႏိုင္ငံ၌ ေက်ာက္မိုင္းမ်ား လုပ္ကိုင္ခဲ့သည္မွာ ၾကာၿပီျဖစ္သည္။ သို႔ေသာ္ ၂၀၁၁ ခုႏွစ္ေလာက္မွ စတင္ ၾကည့္ရမည္ဆိုလွ်င္ပင္ ေပါင္ၿမိဳ႕နယ္တခုတည္းပင္ ေက်ာက္မိုင္းေပါင္း ၂၂ မိုင္းထိ လုပ္ကိုင္ေနသည္ဟု သိရသည္။ ထိုေဒသအနီးရွိ က်ိဳက္ထိုၿမိဳ႕နယ္တြင္ ေက်ာက္မိုင္း ၄၈ မိုင္းရွိသည္ကို ေတြ႔ရသည္။ ယင္းေက်ာက္မိုင္းအားလုံးကို အႏွစ္ ၃၀ စာခ်ဳပ္ျဖင့္ လုပ္ကိုင္ခြင့္ ျပဳထားျခင္းျဖစ္သည္။ ေဒသခံမ်ားအေနျဖင့္ မိုင္းခြဲသံေတြႏွင့္ မိုင္းေၾကာင့္ ေျမႀကီးတုန္ခါမႈဒဏ္ကို အခ်ိန္ႏွင့္အမွ် ခံေနၾကရသည္။ ယင္းျဖစ္စဥ္၏ ဆိုးရြားမႈ အတိုင္းအတာကိုကား ေဒသခံတို႔ မသိရွိႏိုင္ပါေခ်။

ထို႔အျပင္ အဆိုပါေဒသမ်ား၌ ေ႐ႊက်င္မႈကလည္း ရွိေနေသးသည္။ ေက်ာက္ေတာင္မိုင္းခြဲျခင္း၊ သစ္ေတာျပဳန္းတီးျခင္းႏွင့္ ေရႊက်င္ျခင္းတို႔ေၾကာင့္ ေျမျပင္အေနအထား ေျပာင္းလဲေနျခင္း၊ အက္ကြဲေနျခင္းတို႔ကိုမူ သတိမမူမိခဲ့ၾကေပ။ ထို႔အျပင္ ျမစ္ေၾကာင္းေျပာင္းလဲမႈတို႔ကို သိသိသာသာ ျမင္ခဲ့ၾကေသာ္လည္း လ်စ္လ်ဴ႐ႈမိခဲ့ၾကသည္။ ယင္းေၾကာင့္ဟု ဆက္စပ္စဥ္းစားမိၾကဟန္မတူ။ ေက်ာက္မိုင္းခ်ထားခဲ့မႈမွာလည္း လူေနေက်းရြာမ်ားႏွင့္ ၄ မိုင္ေက်ာ္ခန႔္တြင္ ေပးထားရမည္ျဖစ္ေသာ္လည္း ဥပေဒကို လိုက္နာခဲ့ၾကဟန္လည္း မရွိသည္ကို ေတြ႔ျမင္ေနရသည္။ အဆိုးဆုံးေသာအခ်က္မွာ ေက်ာက္မိုင္းလုပ္ငန္းအား ခ်ေပးထားၿပီးေနာက္ပိုင္း ေျမျပင္အေျခအေနအား ကြင္းဆင္းစစ္ေဆးမႈ မရွိျခင္းမွာ အားနည္းခ်က္ပင္ျဖစ္မည္ဟု ဆိုႏိုင္သည္။

ယင္းကဲ့သို႔ အဘက္ဘက္ အားနည္းခ်က္ႏွင့္ ခ်ိဳ႕ယြင္းခ်က္တို႔ေၾကာင့္ ျမန္မာျပည္ေအာက္ပိုင္းတခုလုံး ေရႀကီးမိုးႀကီး သဘာဝေဘးႏွင့္ ႀကဳံႀကိဳက္တိုက္ဆိုင္ခ်ိန္ ၉.၈.၁၉ ေန႔တြင္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်းရြာ၌ ေျမၿပိဳက်မႈေၾကာင့္ လူေပါင္း ၆၀ ခန႔္ ေသဆုံးခဲ့ရသည္ဟု ဒီဗြီဘီ ေနာက္ဆုံးသတင္းအရ သိရသည္။ ထို႔ထက္မက ေသဆုံးဖို႔မ်ားသည္ဟု ယူဆရပါသည္။ လက္ရွိအေျခအေနတြင္ ကယ္ဆယ္ေရးအဖြဲ႔မ်ားက ဆက္လက္ရွာေဖြ ကယ္ထုတ္ေနၾကဆဲ ျဖစ္သည္။ ထို႔အျပင္ ေနာက္ထပ္ ေျမၿပိဳက်မႈမ်ားလည္း ထပ္မံျဖစ္ေပၚလာႏိုင္ေသးသည္ဟု ဘူမိေဗဒ ပညာရွင္အခ်ိဳ႕ႏွင့္ ကြၽမ္းက်င္ပညာရွင္တို႔ အဆိုအရ သိရသည္။ ၎တို႔အဆိုအရ ဒ႐ုန္း (Drone) ျဖင့္ ပ်ံသန္းၾကည့္႐ႈရာတြင္ ေျမျပင္ တေလွ်ာက္၌ မိုင္းဒဏ္ေၾကာင့္ အက္ကြဲေနေသာ အေျခအေနတရပ္ ျဖစ္ေပၚေနသည္ကို ေတြ႔ရေၾကာင္း ေျပာၾကားခ်က္အရ သိရေပသည္။

ထို႔အျပင္ အျခားေသာေဒသမ်ား၌လည္း ေရႀကီးေရလွ်ံျခင္းႏွင့္ ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚေနသည္တို႔လည္း ရွိေပသည္။ သဘာေဘးအား တားဆီးရန္ ခက္ခဲေသာ္လည္း ျဖစ္ပြားၿပီးေနာက္၌ ကယ္ဆယ္ေရးအဖြဲ႔မ်ား အခ်ိန္မီေရာက္ရွိေရးႏွင့္ စနစ္တက် ကယ္ဆယ္ႏိုင္ေရးအတြက္မူ ႀကိဳတင္ျပင္ဆင္ စီမံခန႔္ခြဲထားရန္ လိုအပ္ပါသည္။ ျမန္မာႏိုင္ငံအေနျဖင့္ၾကည့္လွ်င္ တႀကိမ္တခါမဟုတ္ ႏွစ္စဥ္ ေရႀကီးေရလွ်ံသဘာဝေဘးကို ႀကဳံေတြ႕ေနရၿမဲပင္ ျဖစ္သည္။ သို႔အတြက္ ႀကိဳတင္စီမံခန႔္ခြဲေရးမွာ ပိုသည္မရွိ လိုအပ္ေနဦးမည္သာ။ မည္သို႔ပင္ျဖစ္ေစ သဘာဝေဘးကို ႀကိဳတင္မကာကြယ္ႏိုင္ေသးေသာ္လည္း လူလုပ္ေဘးဆိုးမ်ားကိုေတာ့ ႀကိဳတင္ကာကြယ္ေပးပါရန္ လိုအပ္ေနၿပီျဖစ္ေၾကာင္း တင္ျပလိုက္ရပါသည္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013