DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် သိန်းနဲ့ချီရှိလာနိုင်
DVB
·
August 13, 2019
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် သိန်းနဲ့ချီရှိလာနိုင်
Donate to DVB

ရခိုင်ပြည်နယ်မှာ လက်ရှိတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ တိုးမြင့်လာနေသလို လာမယ့် စက်တင်ဘာလအတွင်းမှာ စစ်ဘေးရှောင် ဒုက္ခသည် သိန်းနဲ့ချီ ရှိလာနိုင်တယ်လို့ ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

လက်ရှိတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မြို့နယ် ၈ မြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀၀ ကျော် ရှိလာနေပြီး စစ်ဖြစ်တဲ့ဧရိယာ တဖြည်းဖြည်း ကျယ်လာတာကြောင့် ရှေ့လတွေအတွင်း စစ်ဘေးရှောင်တွေ သိန်းနဲ့ချီရှိလာနိုင်တယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ခန့်မှန်းထားတာပါ။

ဒါပေမဲ့ ဒုက္ခသည်တွေ ဒီလို အရေအတွက် တိုးမြင့်လာမယ့် အခြေအနေအတွက် ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေကမှ ကြိုတင်ပြင်ဆင်ထားတာကို မတွေ့ရဘူးလို့ ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်မှာ ထွက်ပြေးလာကြတဲ့သူတွေအနေနဲ့ သူတို့ နေရပ်တွေကို ပြန်သွားဖို့ မဖြစ်နိုင်သလို တိုက်ပွဲတွေ ကျေးရွာအနီး ဆက်ဖြစ်နေလို့ ကျေးရွာတွေဆီ မြန်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

ပြည်နယ်အစိုးရကတော့ စစ်ဘေးရှောင် ၁၀၀၀၀ ကျော်အတွက် မိုးမကျမီ နေအိမ်တွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေပေမယ့် လက်ရှိအချိန်အထိ ပြီးစီးခြင်း မရှိသေးပါဘူး။

နယ်မြေ အခြအနေ မတည်ငြိမ်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင် စခန်းတွေ မပြီးစီးတာ ဖြစ်တဲ့အကြောင်းနဲ့ တိုက်ပွဲဖြစ်နေတာတွေကို ရပ်တန့်ပြီး နှစ်ဖက် ညှိနှိုင်း အဖြေရှာလိုတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးက ပြောပါတယ်။

အရင်တုန်းကဆိုရင် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပေမယ့် အခုဆိုရင် မြေပုံမြို့နယ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာနေပါတယ်။

ဒီလို တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ၆၀၀၀၀ ကျော်အထိ ရှိလာနေပြီး မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာဆိုရင် တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကျေးရွာ ၂၀ နီးပါး ရှိနေပါတယ်။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရခိုင္ျပည္နယ္တြင္ စစ္ေဘးေရွာင္ ဒုကၡသည္ သိန္းနဲ႔ခ်ီရွိလာႏိုင္

ရခိုင္ျပည္နယ္မွာ လက္ရွိတိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ေတြ တိုးျမင့္လာေနသလို လာမယ့္ စက္တင္ဘာလအတြင္းမွာ စစ္ေဘးေရွာင္ ဒုကၡသည္ သိန္းနဲ႔ခ်ီ ရွိလာႏိုင္တယ္လို႔ ရခိုင္လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြက သတိေပးထားပါတယ္။

လက္ရွိတိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ ၆၀၀၀၀ ေက်ာ္ ရွိလာေနၿပီး စစ္ျဖစ္တဲ့ဧရိယာ တျဖည္းျဖည္း က်ယ္လာတာေၾကာင့္ ေရွ႕လေတြအတြင္း စစ္ေဘးေရွာင္ေတြ သိန္းနဲ႔ခ်ီရွိလာႏိုင္တယ္လို႔ ရခိုင္လူမႈအဖြဲ႕အစည္းေတြက ခန႔္မွန္းထားတာပါ။

ဒါေပမဲ့ ဒုကၡသည္ေတြ ဒီလို အေရအတြက္ တိုးျမင့္လာမယ့္ အေျခအေနအတြက္ ဘယ္သူေတြ၊ ဘယ္အဖြဲ႕ေတြကမွ ႀကိဳတင္ျပင္ဆင္ထားတာကို မေတြ႕ရဘူးလို႔ ရခိုင္ တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံးက ဆိုပါတယ္။

ဒီလို တိုက္ပြဲေတြ ျဖစ္ေနတဲ့အခ်ိန္မွာ ထြက္ေျပးလာၾကတဲ့သူေတြအေနနဲ႔ သူတို႔ ေနရပ္ေတြကို ျပန္သြားဖို႔ မျဖစ္ႏိုင္သလို တိုက္ပြဲေတြ ေက်း႐ြာအနီး ဆက္ျဖစ္ေနလို႔ ေက်း႐ြာေတြဆီ ျမန္ေနဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔လည္း ဆိုပါတယ္။

ျပည္နယ္အစိုးရကေတာ့ စစ္ေဘးေရွာင္ ၁၀၀၀၀ ေက်ာ္အတြက္ မိုးမက်မီ ေနအိမ္ေတြ ေဆာက္လုပ္ဖို႔ ျပင္ဆင္ေနေပမယ့္ လက္ရွိအခ်ိန္အထိ ၿပီးစီးျခင္း မရွိေသးပါဘူး။

နယ္ေျမ အျခအေန မတည္ၿငိမ္တာနဲ႔ မိုးသည္းထန္စြာ ႐ြာသြန္းေနတာေၾကာင့္ စစ္ေဘးေရွာင္ စခန္းေတြ မၿပီးစီးတာ ျဖစ္တဲ့အ‌ေဦကာင်းနဲ႔ တိုက္ပြဲျဖစ္ေနတာေတြကို ရပ္တန႔္ၿပီး ႏွစ္ဖက္ ညႇိႏႈိင္း အေျဖရွာလိုတယ္လို႔ ျပည္နယ္အစိုးရ တာဝန္ရွိသူတဦးက ေျပာပါတယ္။

အရင္တုန္းကဆိုရင္ ပလက္ဝၿမိဳ႕နယ္ အပါအဝင္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔ တိုက္ပြဲေတြ ျဖစ္ပြားလာခဲ့ေပမယ့္ အခုဆိုရင္ ေျမပုံၿမိဳ႕နယ္နဲ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တည္ရွိရာ အမ္းၿမိဳ႕နယ္မွာလည္း တိုက္ပြဲေတြ ျဖစ္ပြားလာေနပါတယ္။

ဒီလို တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေဘးေရွာင္ ၆၀၀၀၀ ေက်ာ္အထိ ရွိလာေနၿပီး မင္းျပားၿမိဳ႕နယ္ ဖုံသာေခ်ာင္းဘက္မွာဆိုရင္ တိုက္ပြဲေၾကာင့္ ပိတ္မိေနတဲ့ ေက်း႐ြာ ၂၀ နီးပါး ရွိေနပါတယ္။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013