DVB Logo
Home
မြန်မာသတင်း
ကရင့်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ
DVB
·
August 12, 2019
ကရင့်အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ
1 / 5
Donate to DVB

သြဂုတ်လ ၁၂ ရက်မှာ ကျရောက်တဲ့ ၆၉ ကြိမ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်ရှိ ယေရုရှလင်ဘုရားကျောင်းမှာ  ဒီနေ့မနက်က ကျင်းပပါတယ်။

အခုနှစ် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အပါအဝင် ကျန်တိုင်းဒေသကြီးတွေမှာလည်း ကျင်းပခွင့်မပြုသလို ကယားပြည်နယ်မှာလည်း ကျင်းပခွင့်မရတဲ့ အတွက် စောဘဦးကြီးကို လေးစားတဲ့ လွိုင်ကော်မြို့က ကရင်တိုင်းရင်းသားတွေ စုဝေးပြီး အောက်မေ့ဖွယ် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

၁၉၅၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်မှာ ကေအန်ယူ ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်းကေနဲ့ အဖွဲ့ဟာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေရင်း နဘူးမြို့နယ် ထို့ကော်ကိုးကျေးရွာအနီး လယ်တဲတခုမှာ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်။

အဲဒီနေ့ကို အစွဲပြုပြီး ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာတာဖြစ်ပြီး ကရင်လူမျိုး အများစု နေထိုင်ရာ ဒေသတွေမှာတော့ အဲဒီနေ့တနေ့လုံး အစာမစားဘဲ ကရင့်အာဇာနည်နေ့ကို အလေးအနက် အထိမ်းအမှတ်ပြု ကျင်းပလေ့ရှိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကရင့္အာဇာနည္ေန႔ ေအာက္ေမ့ဖြယ္အခမ္းအနား လြိဳင္ေကာ္တြင္ က်င္းပ

ၾသဂုတ္လ ၁၂ ရက္မွာ က်ေရာက္တဲ့ ၆၉ ႀကိမ္ေျမာက္ ကရင့္အာဇာနည္ေန႔ အထိမ္းအမွတ္ ေအာက္ေမ့ဖြယ္အခမ္းအနားကို ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕ ပန္ကန္းရပ္ကြက္ရွိ ေယ႐ုရွလင္ဘုရားေက်ာင္းမွာ  ဒီေန႔မနက္က က်င္းပပါတယ္။

အခုႏွစ္ ကရင့္အာဇာနည္ေန႔ အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အပါအဝင္ က်န္တိုင္းေဒသႀကီးေတြမွာလည္း က်င္းပခြင့္မျပဳသလို ကယားျပည္နယ္မွာလည္း က်င္းပခြင့္မရတဲ့ အတြက္ ေစာဘဦးႀကီးကို ေလးစားတဲ့ လြိဳင္ေကာ္ၿမိဳ႕က ကရင္တိုင္းရင္းသားေတြ စုေဝးၿပီး ေအာက္ေမ့ဖြယ္ ဆုေတာင္းပြဲ ျပဳလုပ္ခဲ့ၾကတာပါ။

၁၉၅၀ ျပည့္ႏွစ္ ၾသဂုတ္ ၁၂ ရက္မွာ ေကအန္ယူ ဥကၠ႒ ေစာဘဦးႀကီး၊ ဗိုလ္ခ်ဳပ္စိုင္းေကနဲ႔ အဖြဲ႕ဟာ ေတာ္လွန္ေရးတာဝန္ ထမ္းေဆာင္ေနရင္း နဘူးၿမိဳ႕နယ္ ထို႔ေကာ္ကိုးေက်း႐ြာအနီး လယ္တဲတခုမွာ ပစ္ခတ္မႈေၾကာင့္ က်ဆုံးခဲ့ရပါတယ္။

အဲဒီေန႔ကို အစြဲျပဳၿပီး ကရင့္အမ်ိဳးသားအာဇာနည္ေန႔ ျဖစ္ေပၚလာတာျဖစ္ၿပီး ကရင္လူမ်ိဳး အမ်ားစု ေနထိုင္ရာ ေဒသေတြမွာေတာ့ အဲဒီေန႔တေန႔လုံး အစာမစားဘဲ ကရင့္အာဇာနည္ေန႔ကို အေလးအနက္ အထိမ္းအမွတ္ျပဳ က်င္းပေလ့ရွိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013