DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၁၂ ခုတွင် ဩဂုတ် ၁၃ ရက်နေ့ တနေကုန် ရေပြတ်မည်
DVB
·
August 10, 2019
မြို့နယ် ၁၂ ခုတွင် ဩဂုတ် ၁၃ ရက်နေ့ တနေကုန် ရေပြတ်မည်
Donate to DVB

လာမယ့် သြဂုတ် ၁၃ ရက်နေ့မှာ ရန်ကုန်က မြို့နယ် ၁၂ ခုမှာ တနေကုန်ရေပြတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာပါတယ်။

ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) ကိုသွယ်တန်းထားတဲ့ ကောင်းကင်ဓာတ်အာလိုင်းမှာ မကြာခဏ အပြစ်ဖြစ်နေတာ နည်းပါးစေဖို့အတွက် အကာပါတဲ့ ဓာတ်ကြိုးတွေလဲလှယ်နိုင်ဖို့ အကြိုလုပ်ငန်းလုပ်မှာဖြစ်လို့ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီစက်ရုံက အဓိက ရေပေးဝေနေတဲ့ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ သာကေတနဲ့ ဒေါပုံမြို့နယ်တို့မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရေပြတ်တောက်မှာ ဖြစ်ပါတယ်။




Zawgyi Version

ၿမိဳ႕နယ္ ၁၂ ခုတြင္ ဩဂုတ္ ၁၃ ရက္ေန႔ တေနကုန္ ေရျပတ္မည္

DVB

လာမယ့္ ၾသဂုတ္ ၁၃ ရက္ေန႔မွာ ရန္ကုန္က ၿမိဳ႕နယ္ ၁၂ ခုမွာ တေနကုန္ေရျပတ္မယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေၾကညာပါတယ္။

ငမိုးရိပ္ေရသန႔္စင္စက္႐ုံ (ေညာင္ႏွစ္ပင္) ကိုသြယ္တန္းထားတဲ့ ေကာင္းကင္ဓာတ္အာလိုင္းမွာ မၾကာခဏ အျပစ္ျဖစ္ေနတာ နည္းပါးေစဖို႔အတြက္ အကာပါတဲ့ ဓာတ္ႀကိဳးေတြလဲလွယ္ႏိုင္ဖို႔ အႀကိဳလုပ္ငန္းလုပ္မွာျဖစ္လို႔ လွ်ပ္စစ္ဓာတ္အား ျဖတ္ေတာက္မယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ အဲဒီစက္႐ုံက အဓိက ေရေပးေဝေနတဲ့ မဂၤလာဒုံ၊ ေ႐ႊျပည္သာ၊ ေျမာက္ဥကၠလာပ၊ ေတာင္ဥကၠလာပ၊ သဃၤန္းကြၽန္း၊ ဒဂုံေတာင္၊ ဒဂုံေျမာက္၊ ဒဂုံအေရွ႕၊ ဒဂုံဆိပ္ကမ္း၊ ေ႐ႊေပါက္ကံ၊ သာေကတနဲ႔ ေဒါပုံၿမိဳ႕နယ္တို႔မွာ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ေရျပတ္ေတာက္မွာ ျဖစ္ပါတယ္။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013