DVB Logo
Home
မြန်မာသတင်း
ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် စိတ်ကြွဆေးပြား ၂ သန်းခွဲခန့်နှင့် လက်ပစ်ဗုံးများ ဖမ်းမိ
DVB
·
August 10, 2019
ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် စိတ်ကြွဆေးပြား ၂ သန်းခွဲခန့်နှင့် လက်ပစ်ဗုံးများ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးရဲ့နေအိမ်မှာ စိတ်ကြွဆေးပြား၂ သန်းခွဲလောက်၊ လက်ပစ်ဗုံး၊ မိုင်းနဲ့ လက်ကိုင်စကားပြောစက်တွေ ဖမ်းဆီးရမိတယ်လို တပ်မတော်က ဩဂုတ် ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၈ ရက် နေ့လယ် ၁ နာရီခွဲလောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ရသေ့တောင်မြို့နယ် နယ်မြေ (၁၁) ရက်ခုံတိုင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသာကျော်ရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

နေအိမ် အပေါ်ထပ် အိပ်ခန်းအတွင်းမှာ အဝါရောင်ပီနံအိတ်နဲ့ ထည့်ထားတဲ့ WY စိတ်ကြွဆေးပြား ၂၄၈၃၄၅၆ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅ ဘီလီယံခန့်)၊ ARAKAN ARMY လက်မောင်းတံဆိပ် ၁ စုံ၊ ရင်ဘတ်တံဆိပ် ၁ ခု၊ တရုတ်လက်ပစ်ဗုံး ၃၆ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ Icom စကားပြောစက် ၅၂ လုံး၊ ရခိုင်ပြည်နယ်တံဆိပ်ပါ ဘေးလွယ်အိတ် ၁ လုံးအား သိမ်းဆည်းရမိခဲ့တာပါ။

ဦးစံသာကျော် (ဖမ်းမမိ) အား ဥပဒေနဲ့အညီ အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံတွေ ဖော်ထုတ်ရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




Zawgyi Version

ရေသ့ေတာင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးအိမ္တြင္ စိတ္ႂကြေဆးျပား ၂ သန္းခြဲခန႔္ႏွင့္ လက္ပစ္ဗုံးမ်ား ဖမ္းမိ

DVB

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတဦးရဲ႕ေနအိမ္မွာ စိတ္ႂကြေဆးျပား၂ သန္းခြဲေလာက္၊ လက္ပစ္ဗုံး၊ မိုင္းနဲ႔ လက္ကိုင္စကားေျပာစက္ေတြ ဖမ္းဆီးရမိတယ္လို တပ္မေတာ္က ဩဂုတ္ ၈ ရက္ေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

ဩဂုတ္ ၈ ရက္ ေန႔လယ္ ၁ နာရီခြဲေလာက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႕ဟာ သတင္းအရ ရေသ့ေတာင္ၿမိဳ႕နယ္ နယ္ေျမ (၁၁) ရက္ခုံတိုင္ေက်း႐ြာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစံသာေက်ာ္ရဲ႕ ေနအိမ္ကို သြားေရာက္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာလို႔ ဆိုပါတယ္။

ေနအိမ္ အေပၚထပ္ အိပ္ခန္းအတြင္းမွာ အဝါေရာင္ပီနံအိတ္နဲ႔ ထည့္ထားတဲ့ WY စိတ္ႂကြေဆးျပား ၂၄၈၃၄၅၆ ျပား (ခန႔္မွန္းတန္ဖိုး ေငြက်ပ္ ၅ ဘီလီယံခန႔္)၊ ARAKAN ARMY လက္ေမာင္းတံဆိပ္ ၁ စုံ၊ ရင္ဘတ္တံဆိပ္ ၁ ခု၊ တ႐ုတ္လက္ပစ္ဗုံး ၃၆ လုံး၊ လက္လုပ္ေရွ႕ထြက္မိုင္း ၂ လုံး၊ Icom စကားေျပာစက္ ၅၂ လုံး၊ ရခိုင္ျပည္နယ္တံဆိပ္ပါ ေဘးလြယ္အိတ္ ၁ လုံးအား သိမ္းဆည္းရမိခဲ့တာပါ။

ဦးစံသာေက်ာ္ (ဖမ္းမမိ) အား ဥပေဒနဲ႔အညီ အမႈဖြင့္စစ္ေဆးၿပီး ကြင္းဆက္တရားခံေတြ ေဖာ္ထုတ္ရမိေရး ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013