DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် မိုးစပါး ဧက ၉၀၀၀ ခန့် ရေလွှမ်းမိုးခံရ
DVB
·
August 10, 2019
ကရင်ပြည်နယ်တွင် မိုးစပါး ဧက ၉၀၀၀ ခန့် ရေလွှမ်းမိုးခံရ
Donate to DVB

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးပြီးမိုးစပါးဧက ၂ သိန်း ၆ သောင်းကျော်မှာ ဧက ၉၀၀၀ နီးပါးရေလွှမ်းမိုးခံရပြီး ရေလွှမ်းကာလတိုတဲ့အတွက် လက်ရှိမှာတော့ ပျက်စီးဆုံးရှုံးမှု မရှိသေးဘူးလို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၄ သိန်းကျော်နဲ့ စိုက်ပျိုးပြီးမိုးစပါး ၂ သိန်း ၆ သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၆၀ ဒသမ ၇၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ရာမှာ ဧက ၉ ထောင်နီးပါး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၃၃ ရာခိုင်နှုန်း ရေလွှမ်းမိုးခံခဲ့ရပါတယ်။

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က “ကျနော်တို့ အခုလက်ရှိအခြေအနေအရ ရေလွှမ်းမိုးခံရတဲ့အတွက် စိုက်ပျိုးပြီးဧရိယာရဲ့ ၃ ဒသမ ၃၃ ရာခိုင်နှုန်းလောက် ရေလွှမ်းခံရတဲ့အခြေအနေလေး ရှိတယ်။ သို့သော်လည်း ရေလွှမ်းခံရတဲ့ကာလ တိုနေတဲ့အတွက်ကြောင့် ပျက်စီးဆုံးရှုံးမှုကတော့ အခုအချိန်အထိတော့ မရှိသေးပါဘူး။ အချို့အကွက်တွေလည်း ရေပြန်ကျပြီးတော့ ပြန်ပေါ်နေတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ်၊ ကော့ကျိုက်ကျေးရွာ၊ ဦးကြည်သန်းက “ပျိုးတွေ၊ စပါးစိုက်ခတွေ တခါရှုံး နှစ်ခါရှုံးတော့ အခက်အခဲရှိတာပေါ့။ မရှိတဲ့အခါ သူများဥစ္စာလိုက်တောင်းယူရတယ်။ စပါးရတယ်အချိန်မှာ ကိုယ်ပြန်ရောင်း ရောင်းပြီးတော့ ပြန်ဆပ်ပေါ့” လို့ ပြောပါတယ်။

ပြည်နယ်အစိုးရနဲ့ စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်ရဲ့ ညွှန်ကြားချက်တွေနဲ့ ဆင်းသုခမျိုးစပါး တင်း ၄၀၀၀၊ ရက် ၉၀ မျိုးစပါး တင်း ၁၀၀၀၊ လုံးသွယ်မွှေးမျိုးစပါး တင်း ၁၀၀ စုစုပေါင်းတင်း ၅၁၀၀ ကို စုဆောင်းထားရှိပြီးဖြစ်သလို ရေကြီးနစ်မြုပ်ခဲ့တဲ့ စပါးခင်းတွေအတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာတွေထည့်သွင်းနိုင်ဖို့ ပြည်နယ်အစိုးရရဲ့ပံ့ပိုးမှုနဲ့ သက်ဆိုင်ရာမြို့နယ်တွေမှာ ဖြန့်ဖြူးခွဲဝေပေးဖို့ အရန်သင့်စုဆောင်းထားပါတယ်။

ရာသီဥတုရဲ့ပြောင်းလဲလာမှု၊ ရေကြီးနစ်မြှပ်မှုတွေအတွက် နောက်ဆက်တွဲ ရောဂါပိုးမွှားတွေ ကျရောက်လာနိုင်တဲ့ အနေအထားရှိတဲ့အတွက် မြို့နယ်၊ ခရိုင်အလိုက် ဒေသခံတောင်သူတွေကို မြေအသုံးချမှု၊ သီးနှံကာကွယ်ရေး၊ မျိုးစေ့တာဝန်ခံတွေနဲ့ ကွင်းဝန်ထမ်းတွေက ပညာပေးနဲ့နည်းပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြဝတီမြို့နယ်မှာ အစေ့ထုတ်ပြောင်း စိုက်ပျိုးပြီးဧက ၅ သောင်းကျော်မှာ ဧက ၄၀၀ ကျော်၊ ဖူးစားပြောင်းစိုက်ပျိုးပြီးဧက ၅၀၀ ခန့်မှာ ၅ ဧက ရေနစ်မြှပ်မှုခံခဲ့ရသလို ကော့ကရိတ်မြို့နယ်အတွင်းမှာ စိုက်ပျိုးပြီးမိုးစပါးခင်း ဧကအများဆုံးရေလွမ်းမိုးခံခဲ့ရပါတယ်။

ကရင်ပြည်နယ်မှာ သြဂုတ်လဆန်းပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ဘားအံမြိုမှာမိုးရွာသွန်းမှု ၉ ရက်မှာ မိုးရေချိန် ၂၅ ဒသမ ၇၀ လက်မ၊ ကော့ကရိတ်မြို့မှာ ၉ ရက်မှာ ၃၀ ဒသမ ၆၃ လက်မနဲ့ မြဝတီမြို့မှာ ၁၀ ရက်မှာ ၁၀ ဒသမ ၇၁ လက်မစီ ရွာသွန်းခဲ့တယ်လို့ ပြည်နယ်မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

ရဲမင်းခေါင်




Zawgyi Version

ကရင္ျပည္နယ္တြင္ မိုးစပါး ဧက ၉၀၀၀ ခန႔္ ေရလႊမ္းမိုးခံရ

DVB

ကရင္ျပည္နယ္အတြင္း စိုက္ပ်ိဳးၿပီးမိုးစပါးဧက ၂ သိန္း ၆ ေသာင္းေက်ာ္မွာ ဧက ၉၀၀၀ နီးပါးေရလႊမ္းမိုးခံရၿပီး ေရလႊမ္းကာလတိုတဲ့အတြက္ လက္ရွိမွာေတာ့ ပ်က္စီးဆုံးရႈံးမႈ မရွိေသးဘူးလို႔ ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္က ဒီဗြီဘီကို ေျပာပါတယ္။

ကရင္ျပည္နယ္အတြင္း မိုးစပါးစိုက္ပ်ိဳးဧက ၄ သိန္းေက်ာ္နဲ႔ စိုက္ပ်ိဳးၿပီးမိုးစပါး ၂ သိန္း ၆ ေသာင္းေက်ာ္ ရာခိုင္ႏႈန္းအားျဖင့္ ၆၀ ဒသမ ၇၉ ရာခိုင္ႏႈန္း စိုက္ပ်ိဳးၿပီးျဖစ္ရာမွာ ဧက ၉ ေထာင္နီးပါး ရာခိုင္ႏႈန္းအားျဖင့္ ၃ ဒသမ ၃၃ ရာခိုင္ႏႈန္း ေရလႊမ္းမိုးခံခဲ့ရပါတယ္။

ကရင္ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမႉး ဦးသန္းထိုက္က “က်ေနာ္တို႔ အခုလက္ရွိအေျခအေနအရ ေရလႊမ္းမိုးခံရတဲ့အတြက္ စိုက္ပ်ိဳးၿပီးဧရိယာရဲ႕ ၃ ဒသမ ၃၃ ရာခိုင္ႏႈန္းေလာက္ ေရလႊမ္းခံရတဲ့အေျခအေနေလး ရွိတယ္။ သို႔ေသာ္လည္း ေရလႊမ္းခံရတဲ့ကာလ တိုေနတဲ့အတြက္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈကေတာ့ အခုအခ်ိန္အထိေတာ့ မရွိေသးပါဘူး။ အခ်ိဳ႕အကြက္ေတြလည္း ေရျပန္က်ၿပီးေတာ့ ျပန္ေပၚေနတဲ့ အေနအထားရွိတယ္” လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕နယ္၊ ေကာ့က်ိဳက္ေက်း႐ြာ၊ ဦးၾကည္သန္းက “ပ်ိဳးေတြ၊ စပါးစိုက္ခေတြ တခါရႈံး ႏွစ္ခါရႈံးေတာ့ အခက္အခဲရွိတာေပါ့။ မရွိတဲ့အခါ သူမ်ားဥစၥာလိုက္ေတာင္းယူရတယ္။ စပါးရတယ္အခ်ိန္မွာ ကိုယ္ျပန္ေရာင္း ေရာင္းၿပီးေတာ့ ျပန္ဆပ္ေပါ့” လို႔ ေျပာပါတယ္။

ျပည္နယ္အစိုးရနဲ႔ စိုက္ပ်ိဳးေရးဦးစီးဌာန႐ုံးခ်ဳပ္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔ ဆင္းသုခမ်ိဳးစပါး တင္း ၄၀၀၀၊ ရက္ ၉၀ မ်ိဳးစပါး တင္း ၁၀၀၀၊ လုံးသြယ္ေမႊးမ်ိဳးစပါး တင္း ၁၀၀ စုစုေပါင္းတင္း ၅၁၀၀ ကို စုေဆာင္းထားရွိၿပီးျဖစ္သလို ေရႀကီးနစ္ျမဳပ္ခဲ့တဲ့ စပါးခင္းေတြအတြက္ လိုအပ္တဲ့ ဓာတ္ေျမၾသဇာေတြထည့္သြင္းႏိုင္ဖို႔ ျပည္နယ္အစိုးရရဲ႕ပံ့ပိုးမႈနဲ႔ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ ျဖန႔္ျဖဴးခြဲေဝေပးဖို႔ အရန္သင့္စုေဆာင္းထားပါတယ္။

ရာသီဥတုရဲ႕ေျပာင္းလဲလာမႈ၊ ေရႀကီးနစ္ျမႇပ္မႈေတြအတြက္ ေနာက္ဆက္တြဲ ေရာဂါပိုးမႊားေတြ က်ေရာက္လာႏိုင္တဲ့ အေနအထားရွိတဲ့အတြက္ ၿမိဳ႕နယ္၊ ခ႐ိုင္အလိုက္ ေဒသခံေတာင္သူေတြကို ေျမအသုံးခ်မႈ၊ သီးႏွံကာကြယ္ေရး၊ မ်ိဳးေစ့တာဝန္ခံေတြနဲ႔ ကြင္းဝန္ထမ္းေတြက ပညာေပးနဲ႔နည္းပညာေပးလုပ္ငန္းေတြကို ကြင္းဆင္းေဆာင္႐ြက္ေနတယ္လို႔ တာဝန္ရွိသူက ေျပာပါတယ္။

မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ ျမဝတီၿမိဳ႕နယ္မွာ အေစ့ထုတ္ေျပာင္း စိုက္ပ်ိဳးၿပီးဧက ၅ ေသာင္းေက်ာ္မွာ ဧက ၄၀၀ ေက်ာ္၊ ဖူးစားေျပာင္းစိုက္ပ်ိဳးၿပီးဧက ၅၀၀ ခန႔္မွာ ၅ ဧက ေရနစ္ျမႇပ္မႈခံခဲ့ရသလို ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းမွာ စိုက္ပ်ိဳးၿပီးမိုးစပါးခင္း ဧကအမ်ားဆုံးေရလြမ္းမိုးခံခဲ့ရပါတယ္။

ကရင္ျပည္နယ္မွာ ၾသဂုတ္လဆန္းပိုင္းမွစတင္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းခဲ့ရာ ဘားအံၿမိဳမွာမိုး႐ြာသြန္းမႈ ၉ ရက္မွာ မိုးေရခ်ိန္ ၂၅ ဒသမ ၇၀ လက္မ၊ ေကာ့ကရိတ္ၿမိဳ႕မွာ ၉ ရက္မွာ ၃၀ ဒသမ ၆၃ လက္မနဲ႔ ျမဝတီၿမိဳ႕မွာ ၁၀ ရက္မွာ ၁၀ ဒသမ ၇၁ လက္မစီ ႐ြာသြန္းခဲ့တယ္လို႔ ျပည္နယ္မိုးဇလဌာနက ထုတ္ျပန္ထားပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013