DVB Logo
Home
Lead Story
ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး
DVB
·
August 9, 2019
ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး
Donate to DVB

ကာကွယ်ဆေးမရှိတဲ့ ဆင်တုပ်ကွေး ကူးစက်ခံရပြီဆိုရင် ပဋိဇီဝဆေးတွေ သောက်ပေမယ့်လည်း သိပ်တော့ အဆင်ပြေလှတယ် မဟုတ်ပါဘူး။ ဒီတော့ ဆင်တုပ်ကွေးသက်သာစေဖို့ ဘာတွေလုပ်လို့ရမလဲ ဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

ဆင်တုပ်ကွေးအတွက် အိမ်တွင်းကုထုံးများ
ဆင်တုပ်ကွေး သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မယ့် အိမ်တွင်းကုထုံးလေးတွေကို ကြည့်လိုက်ရအောင်လား။

ဆားရည်စိမ်ပါ
ဆားရည်စိမ်တာက ဆင်တုပ်ကွေးကြောင့်ဖြစ်တဲ့ အဆစ်တွေနာတာကို ထိထိရောက်ရောက် သက်သာစေနိုင်သလို အရေပြားပေါ်က အဖုအပိမ့်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို သွေးလည်ပတ်မှု ကောင်းစေမှာ အသေအချာပါ။

နနွင်း
နာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံး သက်သာစေနိုင်သလို ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ နနွင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဖျားသက်သာစေနိုင်သလို နာကျင်ရောင်ရမ်းမှုတွေကို သိသိသာသာ သက်သာစေနိုင်မှာပါ။

ချင်း (ဂျင်း)
ချင်းပြုတ်ရည် သောက်ပေးတာကလည်း အဖျားကျစေနိုင်ပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာကို သိသိသာသာ သက်သာစေမှာပါ။

အုန်းစိမ်းရည်
အုန်းစိမ်းရည် သောက်ပေးတာက အသည်းကို ကျန်းမာစေနိုင်ပါတယ်။ အဖျားမြန်မြန်သက်သာစေနိုင်ပြီး ဆင်တုပ်ကွေးကြောင့် ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်မှာပါ။

ပင်စိမ်းရွက်
ပင်စိမ်းရွက်က ကိုယ်ပူကျစေနိုင်ပြီး ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် ပင်စိမ်းရွက်ကို ရေနွေးပူပူထဲ ခတ်သောက်တာဖြစ်ဖြစ် ရေစင်အောင်ဆေးပြီး ဝါးစားပေးတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

နေကြာစေ့နဲ့ပျားရည်
နေကြာစေ့ကို ကြိတ်ခြေပြီး ပျားရည်နဲ့ ရောစပ်လို့ စားပေးပါ။ နေကြာစေ့မှာ ဇင့်နဲ့ ဗီတာမင် E ပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေမှာပါ။ ပျားရည်ကတော့ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေမှာပါ။

ရေအေးဝတ်ကပ်ပေးပါ
အဆစ်တွေနာနေမယ်ဆိုရင် ဇလုံတခုထဲကို ရေနဲ့ ရေခဲတုံးလေးတွေထည့်ပြီး အဝတ်စသန့်သန့်လေးကို စိမ်ပေးပါ။ ပြီးရင် အဆစ်နာတဲ့ နေရာတွေမှာ ကပ်ပေးပါ။ ဒီလိုလုပ်ပေးတာက အဆစ်နာတာကို ထိထိရောက်ရောက် သက်သာစေမှာပါ။

ဒါတွေအပြင် ဆင်တုပ်ကွေး သက်သာစေဖို့အတွက်ဆိုရင်


  • ပြည့်ပြည့်ဝဝ အနားယူပါ

  • အရည်များများ သောက်ပါ

  • အာဟာရ ပြည့်ဝအောင်စားပါ

  • ဗီတာမင် C နဲ့ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ

  • ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ

  • ရေနွေးနဲ့ ရေချိုးပေးပါ (ဆပ်ပြာခပ်ပျော့ပျော့လေး သုံးပေးပါ)

  • ကြက်သွန်ဖြူများများ စားပေးပါ။


ရေးသားသူ - Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win




Zawgyi Version

ဆင္တုပ္ေကြးအတြက္ အိမ္တြင္းကုထံုး
DVB

ကာကြယ္ေဆးမရွိတဲ့ ဆင္တုပ္ေကြး ကူးစက္ခံရျပီဆိုရင္ ပဋိဇီဝေဆးေတြ ေသာက္ေပမယ့္လည္း သိပ္ေတာ့ အဆင္ေျပလွတယ္ မဟုတ္ပါဘူး။ ဒီေတာ့ ဆင္တုပ္ေကြးသက္သာေစဖို႔ ဘာေတြလုပ္လို႔ရမလဲ ဆိုတာကို သိခ်င္ရင္ ဒီေဆာင္းပါးေလးက သင့္အတြက္ပါ။

ဆင္တုပ္ေကြးအတြက္ အိမ္တြင္းကုထံုးမ်ား
ဆင္တုပ္ေကြး သက္သာေစဖို႔ အေကာင္းဆံုး ေထာက္ပံ့ေပးႏိုင္မယ့္ အိမ္တြင္းကုထံုးေလးေတြကို ၾကည့္လိုက္ရေအာင္လား။

ဆားရည္စိမ္ပါ
ဆားရည္စိမ္တာက ဆင္တုပ္ေကြးေၾကာင့္ျဖစ္တဲ့ အဆစ္ေတြနာတာကို ထိထိေရာက္ေရာက္ သက္သာေစႏိုင္သလို အေရျပားေပၚက အဖုအပိမ့္ေတြကိုလည္း သက္သာေစႏိုင္ပါတယ္။ နာက်င္ေရာင္ရမ္းမႈကိုလည္း အထိေရာက္ဆံုး သက္သာေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကို ေသြးလည္ပတ္မႈ ေကာင္းေစမွာ အေသအခ်ာပါ။

နႏြင္း
နာက်င္ကိုက္ခဲတာေတြကို အထိေရာက္ဆံုး သက္သာေစႏိုင္သလို ေရာင္ရမ္းတာကိုလည္း သက္သာေစႏိုင္ပါတယ္။ နႏြင္းမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္း ႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ အဖ်ားသက္သာေစႏိုင္သလို နာက်င္ေရာင္ရမ္းမႈေတြကို သိသိသာသာ သက္သာေစႏိုင္မွာပါ။

ခ်င္း (ဂ်င္း)
ခ်င္းျပဳတ္ရည္ ေသာက္ေပးတာကလည္း အဖ်ားက်ေစႏိုင္ျပီး အဆစ္ေတြ ေရာင္ရမ္းနာက်င္တာကို သိသိသာသာ သက္သာေစမွာပါ။

အုန္းစိမ္းရည္
အုန္းစိမ္းရည္ ေသာက္ေပးတာက အသည္းကို က်န္းမာေစႏိုင္ပါတယ္။ အဖ်ားျမန္ျမန္သက္သာေစႏိုင္ျပီး ဆင္တုပ္ေကြးေၾကာင့္ ခံစားေနရတဲ့ နာက်င္ကိုက္ခဲမႈေတြကို အျမန္ဆံုး သက္သာေစႏိုင္မွာပါ။

ပင္စိမ္းရြက္
ပင္စိမ္းရြက္က ကိုယ္ပူက်ေစႏိုင္ျပီး ဓာတ္တိုးဆန္႔က်င္ အာနိသင္ ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားကို ေကာင္းေစႏိုင္ပါတယ္။ ဒါေၾကာင့္ ပင္စိမ္းရြက္ကို ေရေႏြးပူပူထဲ ခတ္ေသာက္တာျဖစ္ျဖစ္ ေရစင္ေအာင္ေဆးျပီး ဝါးစားေပးတာျဖစ္ျဖစ္ လုပ္ေပးလို႔ရပါတယ္။

ေနၾကာေစ့နဲ႔ပ်ားရည္
ေနၾကာေစ့ကို ႀကိတ္ေျချပီး ပ်ားရည္နဲ႔ ေရာစပ္လို႔ စားေပးပါ။ ေနၾကာေစ့မွာ ဇင့္နဲ႔ ဗီတာမင္ E ပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားကို ေကာင္းေစမွာပါ။ ပ်ားရည္ကေတာ့ နာက်င္ေရာင္ရမ္းမႈကို ေလ်ာ႔ပါးသက္သာေစမွာပါ။

ေရေအးဝတ္ကပ္ေပးပါ
အဆစ္ေတြနာေနမယ္ဆိုရင္ ဇလံုတခုထဲကို ေရနဲ႔ ေရခဲတံုးေလးေတြထည့္ျပီး အဝတ္စသန္႔သန္႔ေလးကို စိမ္ေပးပါ။ ျပီးရင္ အဆစ္နာတဲ့ ေနရာေတြမွာ ကပ္ေပးပါ။ ဒီလိုလုပ္ေပးတာက အဆစ္နာတာကို ထိထိေရာက္ေရာက္ သက္သာေစမွာပါ။

ဒါေတြအျပင္ ဆင္တုပ္ေကြး သက္သာေစဖို႔အတြက္ဆိုရင္

  • ျပည့္ျပည့္ဝဝ အနားယူပါ

  • ရည္မ်ားမ်ား ေသာက္ပါ

  • အာဟာရ ျပည့္ဝေအာင္စားပါ

  • ဗီတာမင္ C နဲ႔ ဗီတာမင္ E ႂကြယ္ဝတဲ့ အစားအစာေတြ စားေပးပါ

  • ေပါ့ေပါ့ပါးပါး ကိုယ္လက္လႈပ္ရွားမႈေလးေတြ လုပ္ေပးပါ

  • ေရေႏြးနဲ႔ ေရခ်ိဳးေပးပါ (ဆပ္ျပာခပ္ေပ်ာ႔ေပ်ာ႔ေလး သံုးေပးပါ)

  • ၾကက္သြန္ျဖဴမ်ားမ်ား စားေပးပါ။


ေရးသားသူ - Aye Thi Mon
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ - Dr. Thurein Hlaing Win


ဤေဆာင္းပါးကို DVB ၏ မိတ္ဘက္ က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013