DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအတွင်း မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၈၅ ကျောင်း ယာယီပိတ်ထားရ
DVB
·
August 9, 2019
ပဲခူးတိုင်းအတွင်း မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်း ၈၅ ကျောင်း ယာယီပိတ်ထားရ
1 / 12
Donate to DVB

ပဲခူးတိုင်းဒေသကြီးမှာ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းပေါင်း ၈၅ ကျောင်း ယာယီပိတ်ထားခဲ့ရတယ်လို့ တိုင်းပညာရေးမှူးရုံးက ပြောပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက ကဝမြို့နယ်မှာ ၁ ကျောင်း၊ ညောင်လေးပင်မြို့နယ်မှာ ၂၇ ကျောင်း၊ ရွှေကျင်မြို့နယ်မှာ ၅၁ ကျောင်း နဲ့ ကျောက်ကြီးမြို့နယ်မှာ ၆ ကျောင်းတို့ကို သြဂုတ် ၅ ရက်နေ့ကစတင်ကာ ဒီနေ့ထိ ယာယီပိတ်ထားခဲ့ရတာပါ။

တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းကြည်က “ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအရှေ့က စာသင်ကျောင်းအချို့ကို သြဂုတ် ၅ ရက်နေ့က စပြီး ပိတ်ခဲ့ရတာတွေရှိတယ်။ ပဲခူးတိုင်းအနောက်ခြမ်းမှာတော့ ပိတ်ခဲ့ရတာမရှိဘူး။ သြဂုတ် ၉ ရက်မှာတော့ အုတ်တွင်းနဲ့ ဖြူးမြို့နယ်က စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ပေမယ့် ရွှေကျင်မှာတော့ စာသင်ကျောင်း ထပ်တိုးပိတ်ထားရတယ်” လို့ ပြောပါတယ်။

စာသင်ကျောင်းတွေ ယာယီပိတ်ထားမှုကြောင့် ကျောင်းပေါင်း ၈၅ ကျောင်းက ကျောင်းသားကျာင်းသူ ၉၉၀၀ ကျော် စာသင်ကြားခွင့် ရပ်ဆိုင်းနေရပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်းမှာ သြဂုတ် ၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် မြို့နယ်လေးမြို့နယ်မှာ အိမ်ထောင်စု ၂၄၉၉ အုပ်စု၊ လူဦးရေ ၁၄၀၀၀ ကျော် ရေဘေးဒဏ်ခံစားနေရပြီ ကယ်ဆယ်ရေးစခန်း ၂၉ ခုမှာ ယာယီခိုလှုံနေရဆဲဖြစ်ပါတယ်။

စစ်တောင်းမြစ်နဲ့ရွှေကျင်မြစ်တို့ဟာ တဖြည်းဖြည်းကျဆင်းလာပေမယ့် သြဂုတ်လ ၉ ရက်နေ့ ၁၃ နာရီခွဲတိုင်းတာချက်အရ ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၇၀ စင်တာမှာရှိနေပြီ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ရဲ့အထက် ၁၄၀ စင်တီမီတာမှာ ဆက်လက်တည်ရှိနေပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီနောက် ၂ ရက်အတွင်း မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေမယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်




Zawgyi Version

ပဲခူးတိုင္းအတြင္း ျမစ္ေရႀကီးမႈေၾကာင့္ စာသင္ေက်ာင္း ၈၅ ေက်ာင္း ယာယီပိတ္ထားရ

DVB

ပဲခူးတိုင္းေဒသႀကီးမွာ ၾသဂုတ္လအတြင္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ျမစ္ေရႀကီးမႈေၾကာင့္ စာသင္ေက်ာင္းေပါင္း ၈၅ ေက်ာင္း ယာယီပိတ္ထားခဲ့ရတယ္လို႔ တိုင္းပညာေရးမႉး႐ုံးက ေျပာပါတယ္။

ပဲခူးတိုင္းအေရွ႕ျခမ္းက ကဝၿမိဳ႕နယ္မွာ ၁ ေက်ာင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္မွာ ၂၇ ေက်ာင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္မွာ ၅၁ ေက်ာင္း နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္မွာ ၆ ေက်ာင္းတို႔ကို ၾသဂုတ္ ၅ ရက္ေန႔ကစတင္ကာ ဒီေန႔ထိ ယာယီပိတ္ထားခဲ့ရတာပါ။

တိုင္းပညာေရးမႉး႐ုံး ဒုတိယၫႊန္ၾကားေရးမႉး ေဒၚဝင္းၾကည္က “ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ပဲခူးတိုင္းအေရွ႕က စာသင္ေက်ာင္းအခ်ိဳ႕ကို ၾသဂုတ္ ၅ ရက္ေန႔က စၿပီး ပိတ္ခဲ့ရတာေတြရွိတယ္။ ပဲခူးတိုင္းအေနာက္ျခမ္းမွာေတာ့ ပိတ္ခဲ့ရတာမရွိဘူး။ ၾသဂုတ္ ၉ ရက္မွာေတာ့ အုတ္တြင္းနဲ႔ ျဖဴးၿမိဳ႕နယ္က စာသင္ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္ေပမယ့္ ေ႐ႊက်င္မွာေတာ့ စာသင္ေက်ာင္း ထပ္တိုးပိတ္ထားရတယ္” လို႔ ေျပာပါတယ္။

စာသင္ေက်ာင္းေတြ ယာယီပိတ္ထားမႈေၾကာင့္ ေက်ာင္းေပါင္း ၈၅ ေက်ာင္းက ေက်ာင္းသားက်ာင္းသူ ၉၉၀၀ ေက်ာ္ စာသင္ၾကားခြင့္ ရပ္ဆိုင္းေနရပါတယ္။

ပဲခူးတိုင္းေဒသႀကီးအတြင္းမွာ ၾသဂုတ္ ၁ ရက္ေန႔ကစၿပီး မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ျမစ္ေရႀကီးမႈေၾကာင့္ ၿမိဳ႕နယ္ေလးၿမိဳ႕နယ္မွာ အိမ္ေထာင္စု ၂၄၉၉ အုပ္စု၊ လူဦးေရ ၁၄၀၀၀ ေက်ာ္ ေရေဘးဒဏ္ခံစားေနရၿပီ ကယ္ဆယ္ေရးစခန္း ၂၉ ခုမွာ ယာယီခိုလႈံေနရဆဲျဖစ္ပါတယ္။

စစ္ေတာင္းျမစ္နဲ႔ေ႐ႊက်င္ျမစ္တို႔ဟာ တျဖည္းျဖည္းက်ဆင္းလာေပမယ့္ ၾသဂုတ္လ ၉ ရက္ေန႔ ၁၃ နာရီခြဲတိုင္းတာခ်က္အရ ေ႐ႊက်င္ၿမိဳ႕မွာ စိုးရိမ္ေရမွတ္အထက္ ၇၀ စင္တာမွာရွိေနၿပီ မေဒါက္ၿမိဳ႕မွာ စိုးရိမ္ေရမွတ္ရဲ႕အထက္ ၁၄၀ စင္တီမီတာမွာ ဆက္လက္တည္ရွိေနပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ မုတ္သုံေလ အားအသင့္အတင့္ ရွိေနၿပီေနာက္ ၂ ရက္အတြင္း မုတ္သုံေလ အားအသင့္အတင့္မွ အားေကာင္းေနမယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

သတင္း၊ဓာတ္ပုံ-ေနလင္းထိုက္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013