DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့တွင် တပ်မတော်က တောင်သူ ၇ ဦးကို ပိုင်နက်ကျူးကျော်မှုဖြင့် အမှုဖွင့်
DVB
·
August 9, 2019
ဆီဆိုင်မြို့တွင် တပ်မတော်က တောင်သူ ၇ ဦးကို ပိုင်နက်ကျူးကျော်မှုဖြင့် အမှုဖွင့်
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော် လမ်းမဘေး အရှေ့ဘက်ရှိ တပ်သိမ်းမြေပေါ် ပြန်လုပ်ကိုင်တဲ့အတွက် တောင်သူ ဒေါ်ချိုချို အပါအဝင် ပအိုဝ်းတောင်သူ ၇ ဦးကို ပိုက်နက်ကျူးကျော်မှုနဲ့ တပ်မတော်က အမှုဖွင့်လိုက်ပါတယ်။

ဆီဆိုင်မြို့ မရဲစခန်း စခန်းမှူး ဇော်မင်းလွင်က “ရပခ လက်အောက် စစ်ဗျူဟာ (၁) ပိုင်မြေပေါ့ကွာ၊ (၁၀၅) ပုံစံပေါက်ပြီးသားဟာတွေ၊ ဘိုးစဉ်ဘောင်ဆက်က အရပ်သားပိုင်ပေါ့ အရပ်သားတွေ လုပ်နေတာ၊ တပ်တွေ ရောက်လာတော့ မြေစာရင်းမှာ တပ်ပိုင်မြေ အမည်ပေါက်လုပ်လိုက်တာပေါ့။ မြေဈေးတွေ ရှိလာတော့ အငြင်းပွား ဖြစ်ကြတာပေါ့။ အဲ့ဒါနဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ထားတယ်” လို့  ပြောပါတယ်။

ဩဂုတ် ၈ ရက်နေ့က ဆီဆိုင်မြို့မရဲစခန်းမှာ အမှုဖွင့်လိုက်တာဖြစ်ပြီး ဆီဆိုင်မြို့နယ်မှာ တပ်သိမ်းမြေကြောင့် တောင်သူတွေ တရားစွဲခံရတာ ဒါပထမဆုံး ဖြစ်ပါတယ်။

အဲဒီမြေဟာ ၁၉၉၆ ခုနှစ်က အမှတ် ၁ စစ်ဗျူဟာရုံး ဆောက်လုပ်ဖို့ သိမ်းဆည်းခဲ့တဲ့ မြေဖြစ်ပြီး အခုချိန်ထိ ရုံးဆောက်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ဒေသခံ ကိုဘာမထီမောင်မောင်က “စီမံကိန်းမလုပ်တဲ့နေရာမှာ တောင်သူကို ပြန်ပေးသင့်တယ်။ ခုက ပြန်မပေးတဲ့အပြင် အမှုဖွင့် တရားစွဲတော့ တောင်သူတွေ မိအေး နှစ်ခါ နာတာပေါ့။ မြေလည်း ဆုံးသေးတယ်၊ တရားလည်း စွဲခံရတာဆိုတော့ တောင်သူတွေဘဝ အရမ်းနစ်နာတယ်၊ တကယ်ရိုးသားတဲ့ တောင်သူတွေပါ” လို့ပြောပါတယ်။

အဲဒီမြေဟာ တပ်မသိမ်းခင်ကတည်းက တောင်သူတွေ လုပ်ကိုင်စားသောက်နေပြီး တပ်က လာသိမ်းပေမယ့် သီးစားချအနေနဲ့ ဆက်လက်လုပ်ကိုင်ခဲ့ကြပါတယ်။

မြေပြန်လည်ရရှိဖို့ တောင်သူတွေက သမ္မတကြီးဦးသိန်းစိန်လက်ထက်ကနေ သမ္မတကြီး ဦးဝင်းမြင့်လက်ထက်ထိ အကြိမ်ကြိမ် တိုင်ကြားစာပို့ တောင်းဆိုခဲ့ပေမယ် တစုံတရာ ဖြေရှင်းပေးခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

သတင်း - ခွန်ရာဇာ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဆီဆိုင္ၿမိဳ႕တြင္ တပ္မေတာ္က ေတာင္သူ ၇ ဦးကို ပိုင္နက္က်ဴးေက်ာ္မႈျဖင့္ အမႈဖြင့္

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဆီဆိုင္ၿမိဳ႕နယ္ ဆီဆိုင္-လြိဳင္ေကာ္ လမ္းမေဘး အေရွ႕ဘက္ရွိ တပ္သိမ္းေျမေပၚ ျပန္လုပ္ကိုင္တဲ့အတြက္ ေတာင္သူ ေဒၚခ်ိဳခ်ိဳ အပါအဝင္ ပအိုဝ္းေတာင္သူ ၇ ဦးကို ပိုက္နက္က်ဴးေက်ာ္မႈနဲ႔ တပ္မေတာ္က အမႈဖြင့္လိုက္ပါတယ္။

ဆီဆိုင္ၿမိဳ႕ မရဲစခန္း စခန္းမႉး ေဇာ္မင္းလြင္က “ရပခ လက္ေအာက္ စစ္ဗ်ဴဟာ (၁) ပိုင္ေျမေပါ့ကြာ၊ (၁၀၅) ပုံစံေပါက္ၿပီးသားဟာေတြ၊ ဘိုးစဥ္ေဘာင္ဆက္က အရပ္သားပိုင္ေပါ့ အရပ္သားေတြ လုပ္ေနတာ၊ တပ္ေတြ ေရာက္လာေတာ့ ေျမစာရင္းမွာ တပ္ပိုင္ေျမ အမည္ေပါက္လုပ္လိုက္တာေပါ့။ ေျမေဈးေတြ ရွိလာေတာ့ အျငင္းပြား ျဖစ္ၾကတာေပါ့။ အဲ့ဒါနဲ႔ ပိုင္နက္က်ဴးလြန္မႈနဲ႔ အမႈဖြင့္ထားတယ္” လို႔  ေျပာပါတယ္။

ဩဂုတ္ ၈ ရက္ေန႔က ဆီဆိုင္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္လိုက္တာျဖစ္ၿပီး ဆီဆိုင္ၿမိဳ႕နယ္မွာ တပ္သိမ္းေျမေၾကာင့္ ေတာင္သူေတြ တရားစြဲခံရတာ ဒါပထမဆုံး ျဖစ္ပါတယ္။

အဲဒီေျမဟာ ၁၉၉၆ ခုႏွစ္က အမွတ္ ၁ စစ္ဗ်ဴဟာ႐ုံး ေဆာက္လုပ္ဖို႔ သိမ္းဆည္းခဲ့တဲ့ ေျမျဖစ္ၿပီး အခုခ်ိန္ထိ ႐ုံးေဆာက္လုပ္ႏိုင္ျခင္း မရွိေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

ဆီဆိုင္ၿမိဳ႕ေဒသခံ ကိုဘာမထီေမာင္ေမာင္က “စီမံကိန္းမလုပ္တဲ့ေနရာမွာ ေတာင္သူကို ျပန္ေပးသင့္တယ္။ ခုက ျပန္မေပးတဲ့အျပင္ အမႈဖြင့္ တရားစြဲေတာ့ ေတာင္သူေတြ မိေအး ႏွစ္ခါ နာတာေပါ့။ ေျမလည္း ဆုံးေသးတယ္၊ တရားလည္း စြဲခံရတာဆိုေတာ့ ေတာင္သူေတြဘဝ အရမ္းနစ္နာတယ္၊ တကယ္႐ိုးသားတဲ့ ေတာင္သူေတြပါ” လို႔ေျပာပါတယ္။

အဲဒီေျမဟာ တပ္မသိမ္းခင္ကတည္းက ေတာင္သူေတြ လုပ္ကိုင္စားေသာက္ေနၿပီး တပ္က လာသိမ္းေပမယ့္ သီးစားခ်အေနနဲ႔ ဆက္လက္လုပ္ကိုင္ခဲ့ၾကပါတယ္။

ေျမျပန္လည္ရရွိဖို႔ ေတာင္သူေတြက သမၼတႀကီးဦးသိန္းစိန္လက္ထက္ကေန သမၼတႀကီး ဦးဝင္းျမင့္လက္ထက္ထိ အႀကိမ္ႀကိမ္ တိုင္ၾကားစာပို႔ ေတာင္းဆိုခဲ့ေပမယ္ တစုံတရာ ေျဖရွင္းေပးျခင္း မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

သတင္း - ခြန္ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013