DVB Logo
Home
မြန်မာသတင်း
အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် အွန်လိုင်းက လျှောက်ထားနိုင်
DVB
·
August 9, 2019
အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် အွန်လိုင်းက လျှောက်ထားနိုင်
1 / 6
Donate to DVB

ရန်ကုန်မြို့မှာ အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ကို အွန်လိုင်းက လျှောက်ထားနိုင်တဲ့ Pilot Testing Phase အစီအစဉ် မိတ်ဆက်ပွဲကို သြဂုတ် ၉ ရက်က မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ 

အွန်လိုင်းကနေ အဆောက်အအုံ ဆောက်လုပ်ခွင့်တင်တဲ့ အစီအစဉ်ကိုတော့ ဇွန်လကစပြီး လုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ ဆောက်လုပ်ခွင့် ခွင့်ပြုချက် ၅၁ ခု ခွင့်ပြုပြီးလည်း ဖြစ်ပါတယ်။ 

လျှောက်လွှာကိုတော့ မြေရှင်၊ အဆောက်အအုံ ဆောက်လုပ်မယ့် အင်ဂျင်နီယာနဲ့ ဗိသုကာပညာရှင်တို့ထဲက လျှောက်တင်ရမှာဖြစ်ပြီး ၁၃ ရက်အတွင်းမှာ ပြန်လည်ခွင့်ပြုမိန့်ချပေးမှာ ဖြစ်ပါတယ်။ 

ခွင့်ပြုမိန့်လျှောက်လွှာ ရရှိမယ်ဆိုရင် ပရင့်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ လျှောက်တဲ့ ပိုက်လော့ပရောချက်အစီအစဉ်က အရင်ကလို စာရွက်စာတမ်းတွေယူပြီး ရုံးကို သွားရောက် လျှောက်တင်စရာ မလိုဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် လာမယ့် ဒီဇင်ဘာလကစပြီး အွန်လိုင်းကနေ ဆောက်လုပ်ခွင့်လိုင်စင် လျှောက်တဲ့ စနစ်ကို အတည်ပြု လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ အဆောက်အအုံ ဆောက်လုပ်ခွင့် လိုင်စင်က တလကို ၅၀၀ လောက် ခွင့်ပြုပေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က တာဝန်ရှိသူက ပြောပါတယ်။

လျှောက်လွှာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ybps.ycdc.gov.mm ဝက်ဘ်ဆိုက်မှာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အေဆာက္အအုံ ေဆာက္လုပ္ခြင့္ပါမစ္ အြန္လိုင္းက ေလွ်ာက္ထားႏိုင္

ရန္ကုန္ၿမိဳ႕မွာ အေဆာက္အအုံေဆာက္လုပ္ခြင့္ ပါမစ္ကို အြန္လိုင္းက ေလွ်ာက္ထားႏိုင္တဲ့ Pilot Testing Phase အစီအစဥ္ မိတ္ဆက္ပြဲကို ၾသဂုတ္ ၉ ရက္က ၿမိဳ႕ေတာ္ခန္းမမွာ က်င္းပခဲ့ပါတယ္။

အြန္လိုင္းကေန အေဆာက္အအုံ ေဆာက္လုပ္ခြင့္တင္တဲ့ အစီအစဥ္ကိုေတာ့ ဇြန္လကစၿပီး လုပ္ေဆာင္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ ေဆာက္လုပ္ခြင့္ ခြင့္ျပဳခ်က္ ၅၁ ခု ခြင့္ျပဳၿပီးလည္း ျဖစ္ပါတယ္။

ေလွ်ာက္လႊာကိုေတာ့ ေျမရွင္၊ အေဆာက္အအုံ ေဆာက္လုပ္မယ့္ အင္ဂ်င္နီယာနဲ႔ ဗိသုကာပညာရွင္တို႔ထဲက ေလွ်ာက္တင္ရမွာျဖစ္ၿပီး ၁၃ ရက္အတြင္းမွာ ျပန္လည္ခြင့္ျပဳမိန႔္ခ်ေပးမွာ ျဖစ္ပါတယ္။

ခြင့္ျပဳမိန႔္ေလွ်ာက္လႊာ ရရွိမယ္ဆိုရင္ ပရင့္ထုတ္ယူႏိုင္မွာ ျဖစ္ပါတယ္။ အြန္လိုင္းကေန ေလွ်ာက္တဲ့ ပိုက္ေလာ့ပေရာခ်က္အစီအစဥ္က အရင္ကလို စာ႐ြက္စာတမ္းေတြယူၿပီး ႐ုံးကို သြားေရာက္ ေလွ်ာက္တင္စရာ မလိုဘူးလို႔ ဆိုပါတယ္။

ဒါ့အျပင္ လာမယ့္ ဒီဇင္ဘာလကစၿပီး အြန္လိုင္းကေန ေဆာက္လုပ္ခြင့္လိုင္စင္ ေလွ်ာက္တဲ့ စနစ္ကို အတည္ျပဳ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ လိုင္စင္က တလကို ၅၀၀ ေလာက္ ခြင့္ျပဳေပးေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာန (အေဆာက္အအုံ) က တာဝန္ရွိသူက ေျပာပါတယ္။

ေလွ်ာက္လႊာကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီရဲ႕ ybps.ycdc.gov.mm ဝက္ဘ္ဆိုက္မွာ ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013