DVB Logo
Home
မြန်မာသတင်း
အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်များ စတင်ထုတ်ပေးမည်ဟု ပညာရေးဝန်ကြီးပြော
DVB
·
August 9, 2019
အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်များ စတင်ထုတ်ပေးမည်ဟု ပညာရေးဝန်ကြီးပြော
Donate to DVB

လက်ရှိပညာသင်နှစ်ကစပြီး အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်တွေ စတင်ထုတ်ပေးသွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ဖွဲ့စည်းပုံစနစ်သစ် +12 စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အခြေခံပညာ အထက်တန်းအဆင့်မှာ အထက်တန်းအဆင့် ပြီးမြောက်တဲ့ စာမေးပွဲကို ပညာသင်နှစ်ရဲ့ ဖေဖော်ဝါရီလမှာ စစ်ဆေးပြီး တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွေကို မတ်လမှာ စစ်ဆေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်း မဲဆန္ဒနယ်က ဦးကျော်တုတ် မေးတဲ့ တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲ ရမှတ်နဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ တက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ တက္ကသိုလ်ဝင်ခွင့်စနစ် မည်သည့်အချိန်မှာ စတင်နိုင်မည် သိရှိလိုခြင်း မေးခွန်းကို ဝန်ကြီးက အခုလို ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဝန်ကြီးဌာနအနေနဲ့ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ကို ယခု ပညာသင်နှစ်မှာ စတင်ပေးအပ်သွားတော့မှာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူရဲ့ သင်ယူတတ်မြောက်မှု အရည်အသွေးအရနဲ့ ကျောင်းခေါ်ချိန် ပြည့်မီမှုအရ ပေးအပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။"

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ စတင်သင်ကြားမယ့် ဒွါဒသမတန်း (Grade-12) ပြီးမြောက်သူတွေဟာ ပုံမှန်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သူရော၊ မအောင်မြင်သူရော အထက်တန်းပြီးဆုံးကြောင်း လက်မှတ်လျှောက်လာရင် ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။

"အဲဒီတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်သူတွေဟာ တက္ကသိုလ်တွေကို တိုက်ရိုက်တက်ရောက်နိုင်မှာ ဖြစ်ပြီး အောင်မြင်သူရော၊ မအောင်မြင်သူရော အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်လျှောက်ထားလာရင် ထုတ်ပေးမှာ ဖြစ်ပါတယ်" လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

တက္ကသိုလ်တွေ ဆက်တက်ချင်တယ် ဆိုရင်တော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို မဖြစ်မနေ ဝင်ရောက်ဖြေဆိုပြီးမှ တက်ရောက်ခွင့်ရမယ်လို့ ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္မ်ား စတင္ထုတ္ေပးမည္ဟု ပညာေရးဝန္ႀကီးေျပာ

လက္ရွိပညာသင္ႏွစ္ကစၿပီး အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ေတြ စတင္ထုတ္ေပးသြားမယ္လို႔ ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာပါတယ္။

ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ဖြဲ႕စည္းပုံစနစ္သစ္ +12 စနစ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနၿပီး အေျခခံပညာ အထက္တန္းအဆင့္မွာ အထက္တန္းအဆင့္ ၿပီးေျမာက္တဲ့ စာေမးပြဲကို ပညာသင္ႏွစ္ရဲ႕ ေဖေဖာ္ဝါရီလမွာ စစ္ေဆးၿပီး တကၠသိုလ္ဝင္ခြင့္အတြက္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲေတြကို မတ္လမွာ စစ္ေဆးေနတယ္လို႔ ပညာေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။

မႏၲေလးတိုင္း မဲဆႏၵနယ္က ဦးေက်ာ္တုတ္ ေမးတဲ့ တကၠသိုလ္ဝင္ခြင့္ကို အေျခခံပညာအထက္တန္းစာေမးပြဲ ရမွတ္နဲ႔ ဆုံးျဖတ္တာမ်ိဳး မဟုတ္ဘဲ တက္ေရာက္လိုတဲ့ တကၠသိုလ္ရဲ႕ သတ္မွတ္ခ်က္ေတြနဲ႔အညီ တကၠသိုလ္ဝင္ခြင့္စနစ္ မည္သည့္အခ်ိန္မွာ စတင္ႏိုင္မည္ သိရွိလိုျခင္း ေမးခြန္းကို ဝန္ႀကီးက အခုလို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

"ဝန္ႀကီးဌာနအေနနဲ႔ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ကို ယခု ပညာသင္ႏွစ္မွာ စတင္ေပးအပ္သြားေတာ့မွာ ျဖစ္ပါတယ္။ ေက်ာင္းသား ေက်ာင္းသူရဲ႕ သင္ယူတတ္ေျမာက္မႈ အရည္အေသြးအရနဲ႔ ေက်ာင္းေခၚခ်ိန္ ျပည့္မီမႈအရ ေပးအပ္ဖို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္။"

၂၀၂၂-၂၀၂၃ ပညာသင္ႏွစ္မွာ စတင္သင္ၾကားမယ့္ ဒြါဒသမတန္း (Grade-12) ၿပီးေျမာက္သူေတြဟာ ပုံမွန္တကၠသိုလ္ ဝင္ခြင့္စာေမးပြဲကို မျဖစ္မေန ေျဖဆိုရမွာျဖစ္ၿပီး ေအာင္ျမင္သူေရာ၊ မေအာင္ျမင္သူေရာ အထက္တန္းၿပီးဆုံးေၾကာင္း လက္မွတ္ေလွ်ာက္လာရင္ ထုတ္ေပးသြားမယ္လို႔ ေျပာပါတယ္။

"အဲဒီတကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေအာင္ျမင္သူေတြဟာ တကၠသိုလ္ေတြကို တိုက္႐ိုက္တက္ေရာက္ႏိုင္မွာ ျဖစ္ၿပီး ေအာင္ျမင္သူေရာ၊ မေအာင္ျမင္သူေရာ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ေလွ်ာက္ထားလာရင္ ထုတ္ေပးမွာ ျဖစ္ပါတယ္" လို႔ ျပည္ေထာင္စုဝန္ႀကီးက ေျပာပါတယ္။

တကၠသိုလ္ေတြ ဆက္တက္ခ်င္တယ္ ဆိုရင္ေတာ့ တကၠသိုလ္ဝင္ခြင့္စာေမးပြဲေတြကို မျဖစ္မေန ဝင္ေရာက္ေျဖဆိုၿပီးမွ တက္ေရာက္ခြင့္ရမယ္လို႔ ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013