DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် စာသင်ကျောင်း ၁၀၅ ကျောင်း ယာယီပိတ်ထားရ
DVB
·
August 9, 2019
ကရင်ပြည်နယ်တွင် စာသင်ကျောင်း ၁၀၅ ကျောင်း ယာယီပိတ်ထားရ
Donate to DVB

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေနဲ့ တောင်ကျချောင်း ရေလျှံမှုတွေကြောင့် သြဂုတ် ၈ ရက် ညနေပိုင်းအထိ စာသင်ကျောင်းပေါင်း ၁၀၅ ကျောင် းယာယီပိတ်ထားရပါတယ်။

သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ သံလွင်မြစ်၊ ဟောင်သရောမြစ်၊ သောင်ရင်းမြစ်၊ လှိုင်းဘွဲချောင်း ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စာသင်ကျောင်းတွေ ရေနစ်မြုပ်ခဲ့သလို ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားရတာတွေကြောင့် ယာယီပိတ်ထားရပြီး ကျောင်းသားကျောင်းသူ ၂၇၀၀၀ လောက် ပညာသင်ကြားတာ ရပ်နားထားရပါတယ်။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် (မြေနုကိုင်း) နေ မတင်မာဝင်းက “ဆရာမတွေက ကလေးတွေကို စာရင်းကောက်ထားတယ်။ လူဦးရေ ဘယ်လောက်ရှိလဲ။ ဒီမှာရှိတဲ့ ကလေးတွေကို စာသင်ပေးမယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးငွေစိုးက “ရေကျသွားလို့ ပုံမှန်ကျောင်းပြန်ဖွင့်တဲ့ အခါကျရင်တော့ သူတို့အချိန်တွေကို ကုစားပြီးတော့ တနေ့ကို တချိန်နဲ့ ပျက်ခဲ့တဲ့ စာသင်ချိန်ကို ပြန်လည်ဖြည့်စွက်သင်ကြားပေးမယ့် အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၁ ရပ်ကွက် (မီးစက်အနောက်) နေ ဒေါ်နီလာက “အထောက်အပံ့နဲ့ လာသင်ပေးရင်တော့ ကောင်းတာပေါ့။ မနှစ်ကတော့ ခေါ်သင်ပေးတယ်။ ဒီနှစ်ကတော့ မနေ့ကမှ ရောက်တယ်ဆိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေနဲ့ တောင်ကျချောင်း ရေလျှံမှုတွေကြောင့် အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ၃၇ ကျောင်း၊ မူလတန်းကျောင်း ၅၇ ကျောင်း ယာယီပိတ်ထားရပါတယ်။

လှိုင်းဘွဲမြို့နယ်မှာ သြဂုတ် ၇ ရက်နေ့က ညနေကျောင်းဆင်းချိန် မိုးသက်လေပြင်း တိုက်ခိုက်မှုကြောင့် ကျောင်းကြို စက်လှေတိမ်းမှောက်ပြီး ကျောင်းသူ ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

သြဂုတ် ၉ ရက် ညနေ ၆ နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ ကနေ ၈၁၇ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး သောင်ရင်းမြစ်ရေကတော့ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ် ၄၆၃ စင်တီမီတာအောက် ပြန်လည်ကျဆင်းနေပြီလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - ရဲမင်းခေါင်




Zawgyi Version

ကရင္ျပည္နယ္တြင္ စာသင္ေက်ာင္း ၁၀၅ ေက်ာင္း ယာယီပိတ္ထားရ
DVB

ကရင္ျပည္နယ္အတြင္း မိုးသည္းထန္စြာရြာသြန္းၿပီး ျမစ္ေရနဲ႔ ေတာင္က်ေခ်ာင္း ေရလွ်ံမႈေတြေၾကာင့္ ၾသဂုတ္ ၈ ရက္ ညေနပိုင္းအထိ စာသင္ေက်ာင္းေပါင္း ၁၀၅ ေက်ာင္ းယာယီပိတ္ထားရပါတယ္။

ၾသဂုတ္လဆန္းပိုင္းက စတင္ၿပီး မိုးသည္းထန္စြာ ရြာသြန္းမႈနဲ႔ သံလြင္ျမစ္၊ ေဟာင္သေရာျမစ္၊ ေသာင္ရင္းျမစ္၊ လႈိင္းဘြဲေခ်ာင္း ေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့တဲ့အတြက္ စာသင္ေက်ာင္းေတြ ေရနစ္ျမဳပ္ခဲ့သလို ေရေဘးကယ္ဆယ္ေရး စခန္းေတြ ဖြင့္လွစ္ထားရတာေတြေၾကာင့္ ယာယီပိတ္ထားရၿပီး ေက်ာင္းသားေက်ာင္းသူ ၂၇၀၀၀ ေလာက္ ပညာသင္ၾကားတာ ရပ္နားထားရပါတယ္။

ဘားအံၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္ (ေျမႏုကိုင္း) ေန မတင္မာဝင္းက “ဆရာမေတြက ကေလးေတြကို စာရင္းေကာက္ထားတယ္။ လူဦးေရ ဘယ္ေလာက္ရွိလဲ။ ဒီမွာရွိတဲ့ ကေလးေတြကို စာသင္ေပးမယ္” လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္ပညာေရးမႉး႐ုံး၊ ဒုတိယၫႊန္ၾကားေရးမႉး (စီမံ) ဦးေငြစိုးက “ေရက်သြားလို႔ ပုံမွန္ေက်ာင္းျပန္ဖြင့္တဲ့ အခါက်ရင္ေတာ့ သူတို႔အခ်ိန္ေတြကို ကုစားၿပီးေတာ့ တေန႔ကို တခ်ိန္နဲ႔ ပ်က္ခဲ့တဲ့ စာသင္ခ်ိန္ကို ျပန္လည္ျဖည့္စြက္သင္ၾကားေပးမယ့္ အစီအစဥ္ရွိတယ္” လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕၊ အမွတ္ ၁ ရပ္ကြက္ (မီးစက္အေနာက္) ေန ေဒၚနီလာက “အေထာက္အပံ့နဲ႔ လာသင္ေပးရင္ေတာ့ ေကာင္းတာေပါ့။ မႏွစ္ကေတာ့ ေခၚသင္ေပးတယ္။ ဒီႏွစ္ကေတာ့ မေန႔ကမွ ေရာက္တယ္ဆိုေတာ့ မသိေသးဘူး” လို႔ ေျပာပါတယ္။

မိုးသည္းထန္စြာရြာသြန္းမႈ၊ ျမစ္ေရနဲ႔ ေတာင္က်ေခ်ာင္း ေရလွ်ံမႈေတြေၾကာင့္ အေျခခံပညာ အထက္တန္းေက်ာင္း ၁၁ ေက်ာင္း၊ အလယ္တန္းေက်ာင္း ၃၇ ေက်ာင္း၊ မူလတန္းေက်ာင္း ၅၇ ေက်ာင္း ယာယီပိတ္ထားရပါတယ္။

လႈိင္းဘြဲၿမိဳ႕နယ္မွာ ၾသဂုတ္ ၇ ရက္ေန႔က ညေနေက်ာင္းဆင္းခ်ိန္ မိုးသက္ေလျပင္း တိုက္ခိုက္မႈေၾကာင့္ ေက်ာင္းႀကိဳ စက္ေလွတိမ္းေမွာက္ၿပီး ေက်ာင္းသူ ၂ ဦး ေရနစ္ေသဆုံးခဲ့တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရး ဦးစီးဌာန တာဝန္ရွိသူက ေျပာပါတယ္။

ၾသဂုတ္ ၉ ရက္ ညေန ၆ နာရီခြဲအခ်ိန္ တိုင္းတာခ်က္အရ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္ ၇၅၀ ကေန ၈၁၇ စင္တီမီတာအထိ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေသာင္ရင္းျမစ္ေရကေတာ့ ျမဝတီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၄၆၃ စင္တီမီတာေအာက္ ျပန္လည္က်ဆင္းေနၿပီလို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

သတင္း၊ ဓာတ္ပုံ - ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013