DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မူလတန်းပြ ကျောင်းဆရာတဦးကို တပ်မတော်က ဖမ်းဆီး
DVB
·
August 8, 2019
ဘူးသီးတောင်တွင် မူလတန်းပြ ကျောင်းဆရာတဦးကို တပ်မတော်က ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပြင်ချောင်းကျေးရွာမှာ တာဝန်ကျနေတဲ့ မူလတန်းပြ ကျောင်းဆရာတဦးကို ဖမ်းဆီးစစ်ဆေးနေပြီး အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ တရားစွဲဖို့ မနေ့က ရမန်ယူခဲ့တယ်လို့ လက်ထောက်ပညာရေးမှူးက ‌ပြောပါတယ်။

ကျောင်းဆရာ ဦးနေဇော်လင်းဟာ သရက်ပြင်ကျေးရွာမှာ ကြာညိုပြင်ရွာကိုအပြန်မှာ တပ်မတော်စစ်ကြောင်းနဲ့တွေ့ရာမှ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာလို့ ဘူးသီးတောင်မြို့နယ် လက်ထောက်ပညာရေးမှူးက ‌ပြောပါတယ်။ 

“ကျနော်တို့ တပ်ဘက်က 2IC နဲ့သွားတွေတယ်။ သူဆီက မသင်္ကာစရာအပြုအမူတွေ့တယ်၊ ဒါကြောင့် သူဖုန်းကို သိမ်းဆည်းစစ်ဆေးနေတယ်လို့ပြောတယ်။ ကျနော်တိုဘက်ကလည်း ဒီလူဟာ ကျောင်းဆရာတဦးဖြစ်တာ မှန်ကန်ကြောင်း အထောက်အထားတွေပြခဲ့တယ်၊ ဖမ်းဆီးတာမဟုတ်ဘူး စစ်ဆေးနေတာပါ၊ စစ်ဆေးပြီး ဟိုဘက်နဲ့ ပတ်သက်မှုမရှိရင် ပြန်လွှတ်ပေးမယ်လို့ပြောခဲ့ပေမယ့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၃) ကို လွဲပြောင်းလိုက်ပြီလို့ သိရတဲ့အတွက် သြဂုတ် ၆ ရက်နေ့မှာ နခခ (၃) တပ်ရင်းမှူးနဲ့ သွားရောက်တွေ့ဆုံတဲ့အခါ သူ့ကို ပုဒ်မ၅၀(က)၅၂(က) နဲ့ တရားစွဲသွားမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ကျောင်းဆရာ ဦးနေဇော်လင်းကို တရားစွဲဆိုဖို့ သြဂုတ်လ ၇ ရက်နေ့ကနေ သြဂုတ် ၁၄ ရက်နေ့အထိ ချုပ်ရမန်ယူထားတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၅ ရက် နေ့လယ် ၂ နာရီခွဲလောက် ဖုံညိုလိပ်ကျေးရွာ တံတားအနီးမှာ မသင်္ကာဖွယ် လူ ၁ ဦးတွေ့ရှိရတာကြောင့် ခေါ်ယူစစ်ဆေးရာ နေဇော်လင်း ဖြစ်ကြောင်း သိရှိရပြီး စစ်ဆေးရာ ကိုင်ဆောင်ထားတဲ့ ဖုန်းအတွင်းရှိ Messenger မှ တပ်မတော်စစ်ကြောင်းရဲ့ လှုပ်ရှားသွားလာမှုအား အေအေအဖွဲ့ထံ အပြန်အလှန် ဆက်သွယ်ပေးပို့ထားတဲ့ စာတွေတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ထပ်မတော်က ထုတ်ပြန်ထားပါတယ်။




Zawgyi Version

ဘူးသီးေတာင္တြင္ မူလတန္းျပ ေက်ာင္းဆရာတဦးကို တပ္မေတာ္က ဖမ္းဆီး

DVB

ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ သျပင္ေခ်ာင္းေက်း႐ြာမွာ တာဝန္က်ေနတဲ့ မူလတန္းျပ ေက်ာင္းဆရာတဦးကို ဖမ္းဆီးစစ္ေဆးေနၿပီး အၾကမ္းဖက္ဥပေဒပုဒ္မေတြနဲ႔ တရားစြဲဖို႔ မေန႔က ရမန္ယူခဲ့တယ္လို႔ လက္ေထာက္ပညာေရးမႉးက ‌ေျပာပါတယ္။

ေက်ာင္းဆရာ ဦးေနေဇာ္လင္းဟာ သရက္ျပင္ေက်း႐ြာမွာ ၾကာညိဳျပင္႐ြာကိုအျပန္မွာ တပ္မေတာ္စစ္ေၾကာင္းနဲ႔ေတြ႕ရာမွ မသကၤာလို႔ ဖမ္းဆီးစစ္ေဆးခံခဲ့ရတာလို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ လက္ေထာက္ပညာေရးမႉးက ‌ေျပာပါတယ္။

“က်ေနာ္တို႔ တပ္ဘက္က 2IC နဲ႔သြားေတြတယ္။ သူဆီက မသကၤာစရာအျပဳအမူေတြ႕တယ္၊ ဒါေၾကာင့္ သူဖုန္းကို သိမ္းဆည္းစစ္ေဆးေနတယ္လို႔ေျပာတယ္။ က်ေနာ္တိုဘက္ကလည္း ဒီလူဟာ ေက်ာင္းဆရာတဦးျဖစ္တာ မွန္ကန္ေၾကာင္း အေထာက္အထားေတြျပခဲ့တယ္၊ ဖမ္းဆီးတာမဟုတ္ဘူး စစ္ေဆးေနတာပါ၊ စစ္ေဆးၿပီး ဟိုဘက္နဲ႔ ပတ္သက္မႈမရွိရင္ ျပန္လႊတ္ေပးမယ္လို႔ေျပာခဲ့ေပမယ့္ နယ္ျခားေစာင္ရဲတပ္ဖြဲ႕ခြဲး နခခ(၃) ကို လြဲေျပာင္းလိုက္ၿပီလို႔ သိရတဲ့အတြက္ ၾသဂုတ္ ၆ ရက္ေန႔မွာ နခခ (၃) တပ္ရင္းမႉးနဲ႔ သြားေရာက္ေတြ႕ဆုံတဲ့အခါ သူ႔ကို ပုဒ္မ၅၀(က)၅၂(က) နဲ႔ တရားစြဲသြားမယ္လို႔ ေျပာတယ္” လို႔ ေျပာပါတယ္။

ေက်ာင္းဆရာ ဦးေနေဇာ္လင္းကို တရားစြဲဆိုဖို႔ ၾသဂုတ္လ ၇ ရက္ေန႔ကေန ၾသဂုတ္ ၁၄ ရက္ေန႔အထိ ခ်ဳပ္ရမန္ယူထားတယ္လို႔ ဆိုပါတယ္။

ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ၾသဂုတ္ ၅ ရက္ ေန႔လယ္ ၂ နာရီခြဲေလာက္ ဖုံညိဳလိပ္ေက်း႐ြာ တံတားအနီးမွာ မသကၤာဖြယ္ လူ ၁ ဦးေတြ႕ရွိရတာေၾကာင့္ ေခၚယူစစ္ေဆးရာ ေနေဇာ္လင္း ျဖစ္ေၾကာင္း သိရွိရၿပီး စစ္ေဆးရာ ကိုင္ေဆာင္ထားတဲ့ ဖုန္းအတြင္းရွိ Messenger မွ တပ္မေတာ္စစ္ေၾကာင္းရဲ႕ လႈပ္ရွားသြားလာမႈအား ေအေအအဖြဲ႕ထံ အျပန္အလွန္ ဆက္သြယ္ေပးပို႔ထားတဲ့ စာေတြေတြ႕ရွိလို႔ ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ ထပ္မေတာ္က ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013