DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော် ခိုလှုံ
DVB
·
August 8, 2019
ကရင်ပြည်နယ် ကယ်ဆယ်ရေးစခန်း ၃၃ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော် ခိုလှုံ
1 / 3
Donate to DVB

ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေနဲ့ တောင်ကျချောင်းရေလျှံမှုတွေကြောင့် သြဂုတ် ၇ ရက် ညနေ့ပိုင်းအထိ ရေဘေးကယ်ဆယ်ရေးစခန်း ၃၃ ခုမှာ ရေဘေးသင့်ပြည်သူ ၁၂၀၀၀ ကျော် ယာယီပြောင်းရွှေ့ခိုလှုံနေရပါတယ်။

သြဂုတ်လဆန်းပိုင်းက စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ သံလွင်မြစ်၊ လှိုင်းဘွဲ့ချောင်း၊ ဟောင်သရောမြစ်၊ သောင်းရင်းမြစ်ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူတွေဟာ ယာယီဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေစခန်းတွေမှာ သြဂုတ် ၆ ရက်နေ့မှ စတင်ပြီး ခိုလှုံနေရတာပါ။

ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်(မြေနုကိုင်း) မတင်မာဝင်းက “ရေမကြီးစေချင်ဘူး။ ဒီမှာက လူအများနဲ့ဆိုတော့ ဒုက္ခရောက်တာပေါ့။ ကိုယ် ဖြစ်စေချင်တာက ရေမကြီးပါစေနဲ့လို့ ဆုတောင်းပေးတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က “မနှစ်က အတွေ့အကြုံက ရှိထားပြီးသား။ ရေကြီးတာလည်း ဒီနှစ်မှ မဟုတ်ပါဘူး။ ကရင်ပြည်နယ်မှာက နှစ်စဉ် ရေကြီးနေကျပဲ။ ဒီအတွက်ကတော့ ကျမတို့က စီမံချက်ရှိပြီးသား။ ဘယ်နေရာဖြစ်လဲ။ ဖြစ်တဲ့အချိန်ကို နာရီပိုင်းအတွင်း ကျမတို့ ကူညီဖို့က အဆင်သင့်ပါ” လို့ ပြောပါတယ်။

ဘားအံမြို့၊ အမှတ် ၅ ရပ်ကွက်(ရာဘာခြံလမ်း) ဒေါ်အေးဇာခိုင်က “ရေကတော့ တက်နေတာ အကြာကြီးပဲ။ နေရင်း နေရင်းနဲ့  တစတစ ရေက ခုန်ခုန်ပြီးတက်လာသလိုပဲ။ တအားတက်လည်း တက်လာရော အိမ်မှာလည်း ဆိုင်ဖွင့်ထားတဲ့အခါကျတော့ ပစ္စည်းတွေလည်း မသိမ်းနိုင်ဘဲနဲ့ ဒီကို ပြေးလာလိုက်ရတယ်”လို့ ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေကို ပြည်နယ်အစိုးရက ဆန်၊ ဆီနဲ့ နေထိုင်စားသောက်ရေးအတွက် စီမံဆောင်ရွက်ပေးထားပြီး လူမှုဝန်ထမ်းဦးစီဌာနကလည်း လူတဦးကို ဆန်နို့ဆီဘူး ၂ ဘူးနှုန်းနဲ့ ၇ ရက်စာ ထောက်ပံ့ပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှုတွေပါ ဆောင်ရွက်ပေးထားပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဘားအံမြို့မှာ ၁၂ ခု၊ လှိုင်းဘွဲမြို့နယ်မှာ ၉ ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ၃ ခု၊ မြဝတီမြို့နယ်မှာ ၄ ခုနဲ့ ကော့ကရိတ်မြို့နယ်မှာ ၅ ခု ယာယီ ဖွင့်လှစ်ထားပါတယ်။

သြဂုတ် ၈ ရက်နေ့ မနက်တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေအမှတ် ၇၅၀ ကေန ၈၃၀ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေပြီး သောင်းရင်းမြစ်ရေကေတာ့ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနေပြီလို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

သတင်း - ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကရင္ျပည္နယ္ ကယ္ဆယ္ေရးစခန္း ၃၃ ခုတြင္ ေရေဘးသင့္ျပည္သူ ၁၂၀၀၀ ေက်ာ္ ခိုလႈံ

ကရင္ျပည္နယ္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ျမစ္ေရနဲ႔ ေတာင္က်ေခ်ာင္းေရလွ်ံမႈေတြေၾကာင့္ ၾသဂုတ္ ၇ ရက္ ညေန႔ပိုင္းအထိ ေရေဘးကယ္ဆယ္ေရးစခန္း ၃၃ ခုမွာ ေရေဘးသင့္ျပည္သူ ၁၂၀၀၀ ေက်ာ္ ယာယီေျပာင္းေ႐ႊ႕ခိုလႈံေနရပါတယ္။

ၾသဂုတ္လဆန္းပိုင္းက စတင္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔ သံလြင္ျမစ္၊ လႈိင္းဘြဲ႕ေခ်ာင္း၊ ေဟာင္သေရာျမစ္၊ ေသာင္းရင္းျမစ္ေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့တဲ့အတြက္ ေရေဘးသင့္ျပည္သူေတြဟာ ယာယီဖြင့္လွစ္ထားတဲ့ ကယ္ဆယ္ေရစခန္းေတြမွာ ၾသဂုတ္ ၆ ရက္ေန႔မွ စတင္ၿပီး ခိုလႈံေနရတာပါ။

ဘားအံၿမိဳ႕၊ အမွတ္ ၂ ရပ္ကြက္(ေျမႏုကိုင္း) မတင္မာဝင္းက “ေရမႀကီးေစခ်င္ဘူး။ ဒီမွာက လူအမ်ားနဲ႔ဆိုေတာ့ ဒုကၡေရာက္တာေပါ့။ ကိုယ္ ျဖစ္ေစခ်င္တာက ေရမႀကီးပါေစနဲ႔လို႔ ဆုေတာင္းေပးတယ္” လို႔ ေျပာပါတယ္။

ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ေဒၚနန္းခင္ေထြးျမင့္က “မႏွစ္က အေတြ႕အႀကဳံက ရွိထားၿပီးသား။ ေရႀကီးတာလည္း ဒီႏွစ္မွ မဟုတ္ပါဘူး။ ကရင္ျပည္နယ္မွာက ႏွစ္စဥ္ ေရႀကီးေနက်ပဲ။ ဒီအတြက္ကေတာ့ က်မတို႔က စီမံခ်က္ရွိၿပီးသား။ ဘယ္ေနရာျဖစ္လဲ။ ျဖစ္တဲ့အခ်ိန္ကို နာရီပိုင္းအတြင္း က်မတို႔ ကူညီဖို႔က အဆင္သင့္ပါ” လို႔ ေျပာပါတယ္။

ဘားအံၿမိဳ႕၊ အမွတ္ ၅ ရပ္ကြက္(ရာဘာၿခံလမ္း) ေဒၚေအးဇာခိုင္က “ေရကေတာ့ တက္ေနတာ အၾကာႀကီးပဲ။ ေနရင္း ေနရင္းနဲ႔  တစတစ ေရက ခုန္ခုန္ၿပီးတက္လာသလိုပဲ။ တအားတက္လည္း တက္လာေရာ အိမ္မွာလည္း ဆိုင္ဖြင့္ထားတဲ့အခါက်ေတာ့ ပစၥည္းေတြလည္း မသိမ္းႏိုင္ဘဲနဲ႔ ဒီကို ေျပးလာလိုက္ရတယ္”လို႔ ေျပာပါတယ္။

ေရေဘးသင့္ျပည္သူေတြကို ျပည္နယ္အစိုးရက ဆန္၊ ဆီနဲ႔ ေနထိုင္စားေသာက္ေရးအတြက္ စီမံေဆာင္႐ြက္ေပးထားၿပီး လူမႈဝန္ထမ္းဦးစီဌာနကလည္း လူတဦးကို ဆန္ႏို႔ဆီဘူး ၂ ဘူးႏႈန္းနဲ႔ ၇ ရက္စာ ေထာက္ပံ့ေပးထားသလို က်န္းမာေရး ေစာင့္ေရွာက္မႈေတြပါ ေဆာင္႐ြက္ေပးထားပါတယ္။

ေရေဘးကယ္ဆယ္ေရးစခန္းေတြကို ဘားအံၿမိဳ႕မွာ ၁၂ ခု၊ လႈိင္းဘြဲၿမိဳ႕နယ္မွာ ၉ ခု၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္မွာ ၃ ခု၊ ျမဝတီၿမိဳ႕နယ္မွာ ၄ ခုနဲ႔ ေကာ့ကရိတ္ၿမိဳ႕နယ္မွာ ၅ ခု ယာယီ ဖြင့္လွစ္ထားပါတယ္။

ၾသဂုတ္ ၈ ရက္ေန႔ မနက္တိုင္းတာခ်က္အရ သံလြင္ျမစ္ေရဟာ ဘားအံၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္ ၇၅၀ ေကန ၈၃၀ စင္တီမီတာအထိ ေက်ာ္လြန္ေရာက္ရွိေနၿပီး ေသာင္းရင္းျမစ္ေရေကတာ့ ျမဝတီၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ေအာက္ ျပန္လည္က်ဆင္းေနၿပီလို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

သတင္း - ရဲမင္းေခါင္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013