DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကို အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အဖွဲ့ဝင်အဖြစ် သတ်မှတ်
DVB
·
August 8, 2019
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကို အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အဖွဲ့ဝင်အဖြစ် သတ်မှတ်
Donate to DVB

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို အာဆီယံအဆင့်မြင့်မြို့တော်များ ကွန်ရက်အဖွဲ့ဝင် မြို့တွေအဖြစ် သတ်မှတ်ထားပြီး ဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီနေ့ ကျရောက်တဲ့ ၅၂ နှစ်မြောက် အာဆီယံနေ့ကို ပေးပို့တဲ့ သမ္မတရဲ့ သဝဏ်လွှာမှာ ပြောဆိုလိုက်တာ ဖြစ်ပြီး အာဆီယံဒေသအတွင်းရှိ အဆင့်မြင့်မြို့တော်တွေအကြား ကွန်ရက် ချိတ်ဆက်ခြင်းက အထောက်အကူပြုနိုင်မယ်လို့လည်း သမ္မတရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အလားတူ အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် အောင်မြင်ဖြစ်ထွန်းတာကိုလည်း မြင်တွေ့လိုတယ်။ မြို့တော်များ အပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးရှိ မြို့ကြီး ၂ မြို့၊ ၃ မြို့စီတို့ဟာ ခေတ်မီပြီး ရေရှည်ခိုင်မြဲတဲ့ မြို့ပြတွေ ဖွံ့ဖြိုးတိုးတက်ရေး အတူတကွ ပူးပေါင်းဆောင်ရွက်ကြတဲ့ နေရာတခု ဖြစ်လာဖို့ အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက်ကို ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အာဆီယံအဆင့်မြင့်မြို့တော်များကွန်ရက် ထူထောင်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က နည်းပညာကို အဓိကမောင်းနှင်အားအဖြစ် အသုံးချပြီး အာဆီယံပြည်သူအားလုံးရဲ့ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကို အာဆီယံ ယဉ်ကျေးမှုနှစ်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာလည်း အာဆီယံ အစားအစာပွဲတော်၊ ဈေးရောင်းပွဲတော် အစရှိတဲ့ အခမ်းအနားတွေကို မန္တလေးနဲ့ ရန်ကုန်မြို့မှာ အသီးသီးကျင်းပပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

၁၉၆၇ ခုနှစ်၊ သြဂုတ် ၈ ရက်က စတင်ထူထောင်ခဲ့တဲ့ အရှေတောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား ၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ စတဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံများအဖြစ် ရပ်တည်နေပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေနျပည္ေတာ္၊ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕ကို အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ားကြန္ရက္ အဖြဲ႕ဝင္အျဖစ္ သတ္မွတ္

DVB

ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕ေတြကို အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ား ကြန္ရက္အဖြဲ႕ဝင္ ၿမိဳ႕ေတြအျဖစ္ သတ္မွတ္ထားၿပီး ျဖစ္တယ္လို႔ သမၼတ ဦးဝင္းျမင့္က ေျပာပါတယ္။

ဒီေန႔ က်ေရာက္တဲ့ ၅၂ ႏွစ္ေျမာက္ အာဆီယံေန႔ကို ေပးပို႔တဲ့ သမၼတရဲ႕ သဝဏ္လႊာမွာ ေျပာဆိုလိုက္တာ ျဖစ္ၿပီး အာဆီယံေဒသအတြင္းရွိ အဆင့္ျမင့္ၿမိဳ႕ေတာ္ေတြအၾကား ကြန္ရက္ ခ်ိတ္ဆက္ျခင္းက အေထာက္အကူျပဳႏိုင္မယ္လို႔လည္း သမၼတရဲ႕ သဝဏ္လႊာမွာ ေဖာ္ျပပါတယ္။

အလားတူ အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ားကြန္ရက္ ေအာင္ျမင္ျဖစ္ထြန္းတာကိုလည္း ျမင္ေတြ႕လိုတယ္။ ၿမိဳ႕ေတာ္မ်ား အပါအဝင္ အာဆီယံအဖြဲ႕ဝင္ ႏိုင္ငံအသီးသီးရွိ ၿမိဳ႕ႀကီး ၂ ၿမိဳ႕၊ ၃ ၿမိဳ႕စီတို႔ဟာ ေခတ္မီၿပီး ေရရွည္ခိုင္ၿမဲတဲ့ ၿမိဳ႕ျပေတြ ဖြံ႕ၿဖိဳးတိုးတက္ေရး အတူတကြ ပူးေပါင္းေဆာင္႐ြက္ၾကတဲ့ ေနရာတခု ျဖစ္လာဖို႔ အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ားကြန္ရက္ကို ထူေထာင္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္တယ္လို႔လည္း သဝဏ္လႊာမွာ ေဖာ္ျပထားပါတယ္။

အာဆီယံအဆင့္ျမင့္ၿမိဳ႕ေတာ္မ်ားကြန္ရက္ ထူေထာင္ရျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္က နည္းပညာကို အဓိကေမာင္းႏွင္အားအျဖစ္ အသုံးခ်ၿပီး အာဆီယံျပည္သူအားလုံးရဲ႕ လူမႈ ဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ကို အာဆီယံ ယဥ္ေက်းမႈႏွစ္အျဖစ္ သတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံမွာလည္း အာဆီယံ အစားအစာပြဲေတာ္၊ ေဈးေရာင္းပြဲေတာ္ အစရွိတဲ့ အခမ္းအနားေတြကို မႏၲေလးနဲ႔ ရန္ကုန္ၿမိဳ႕မွာ အသီးသီးက်င္းပျပဳလုပ္သြားဖို႔ စီစဥ္ေဆာင္႐ြက္ေနပါတယ္။

၁၉၆၇ ခုႏွစ္၊ ၾသဂုတ္ ၈ ရက္က စတင္ထူေထာင္ခဲ့တဲ့ အေရွေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံမွာ ျမန္မာ၊ ထိုင္း၊ လာအို၊ ကေမာၻဒီးယား၊ မေလးရွား ၊အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ စင္ကာပူ စတဲ့ ႏိုင္ငံ ၁၀ ႏိုင္ငံဟာ အဖြဲ႕ဝင္ႏိုင္ငံမ်ားအျဖစ္ ရပ္တည္ေနပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013