DVB Logo
Home
မြန်မာသတင်း
ဗဟန်းမြို့နယ်တွင် တိုယိုတာကားတစီးပေါ် သစ်ပင်လဲကျ
DVB
·
August 8, 2019
ဗဟန်းမြို့နယ်တွင် တိုယိုတာကားတစီးပေါ် သစ်ပင်လဲကျ
Donate to DVB

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၁ ရပ်ကွက်၊ မြဝတီ စက်သုံးဆီဆိုင်အနီးမှာ ဩဂုတ် ၇ ရက်နေ့က တိုယိုတာကားတစီးပေါ် သစ်ပင်လဲကျ ပိမိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းအတိုင်း မောင်းနှင်လာတဲ့ Toyota Allion အမျိုးအစား ယာဉ်ပေါ်ကို လုံးပတ် ၆ ပေ၊ အမြင့် ၆၀ ပေလောက်ရှိ ကုက္ကိုပင်ဟာ မိုးရွာသွန်းတာကြောင့် ရေမြုပ်ပြီး အမြစ်မခိုင်ဘဲ လဲကျပိမိခဲ့တာလို့ ဆိုပါတယ်။

အနောက်ပိုင်းခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က သွားရောက်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗဟန္းၿမိဳ႕နယ္တြင္ တိုယိုတာကားတစီးေပၚ သစ္ပင္လဲက်

DVB

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊေတာင္ၾကား ၁ ရပ္ကြက္၊ ျမဝတီ စက္သုံးဆီဆိုင္အနီးမွာ ဩဂုတ္ ၇ ရက္ေန႔က တိုယိုတာကားတစီးေပၚ သစ္ပင္လဲက် ပိမိခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။

တကၠသိုလ္ရိပ္သာလမ္းအတိုင္း ေမာင္းႏွင္လာတဲ့ Toyota Allion အမ်ိဳးအစား ယာဥ္ေပၚကို လုံးပတ္ ၆ ေပ၊ အျမင့္ ၆၀ ေပေလာက္ရွိ ကုကၠိဳပင္ဟာ မိုး႐ြာသြန္းတာေၾကာင့္ ေရျမဳပ္ၿပီး အျမစ္မခိုင္ဘဲ လဲက်ပိမိခဲ့တာလို႔ ဆိုပါတယ္။

အေနာက္ပိုင္းခ႐ိုင္ မီးသတ္စခန္းမွ အုပ္ခ်ဳပ္မႈယာဥ္ ၁ စီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးယာဥ္ ၁ စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၁၅ ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ ၅ ဦးတို႔က သြားေရာက္ရွင္းလင္းေဆာင္႐ြက္ေပးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိဘူးလို႔ ထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013