DVB Logo
Home
မြန်မာသတင်း
မျိုးဆက်သစ်များ ရှစ်လေးလုံး သမိုင်းပေးတာဝန် လက်ဆင့်ကမ်းပြီး နိုင်ငံအပြောင်းအလဲ လုပ်ကြရန် တိုက်တွန်း
DVB
·
August 8, 2019
မျိုးဆက်သစ်များ ရှစ်လေးလုံး သမိုင်းပေးတာဝန် လက်ဆင့်ကမ်းပြီး နိုင်ငံအပြောင်းအလဲ လုပ်ကြရန် တိုက်တွန်း
Donate to DVB

မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံက ပြဋ္ဌာန်းလိုက်တဲ့ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း တာဝန်ယူပြီး နိုင်ငံအပြောင်းအလဲကို လုပ်ဆောင်သွားကြဖို့ ရှစ်လေးလို့ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက တိုက်တွန်းပါတယ်။

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား ဒီနေ့မနက်ပိုင်းက စတင်ကျင်းပနေတာပါ။

မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ပြည့်စုံတဲ့ နိုင်ငံရေးအသိ၊ အမြင်နဲ့တွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံက ပြဋ္ဌာန်းလိုက်တဲ့ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းရယူပြီး နိုင်ငံအပြောင်းအလဲကို လက်ဆင့်ကမ်း သယ်ယူသွားဖို့ လိုတယ်လို့ ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က တိုက်တွန်းလိုက်တာပါ။ 

လက်ရှိအချိန်မှာတော့ ရှစ်လေးလုံး အရေးတော်ပုံက သက်မှတ်ပြဋ္ဌာန်းလိုက်တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ကို စတင်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပေမယ့် ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးတဲ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရေးတို့ကို လုပ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် အရေးတော်ပုံ ရည်မှန်းချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။ 

ဒီအတွက် နောက်လာမယ့် မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံသမိုင်းကို လေ့လာကြဖို့ လိုအပ်ပြီး ပြည့်စုံကောင်းမွန်းတဲ့ နိုင်ငံရေး အသိအမြင်တွေနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပြဋ္ဌာန်းချက်များကို လက်ဆင့်ကမ်း တာဝန်ယူသွားမယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။

  ၃၁ ကြိမ်မြောက် ကျရောက်မယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အခမ်းအနားကတဆင့် မြန်မာနိုင်ငံ ပြည်သူအားလုံးနဲ့ သမဂ္ဂအဖွဲ့အစည်းအားလုံး စုစည်းညီညွတ်ရေး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းသစ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

အခုလို တိုက်တွန်းပြောဆိုရတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ အချိန်ကာလကို ရောက်ရှိနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူအားလုံးနဲ့ သမဂ္ဂအားလုံး ညီညွတ်မှုရရှိပြီး ရှစ်လေးလုံး စိတ်ဓာတ်အပြည့်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ခြင်းအားဖြင့် ပြင်ဆင်ရေး အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။ 

ပြင်ဆင်ရေးလုပ်ငန်းစဉ် အောင်မြင်သွားပါက သမဂ္ဂအားလုံး လိုလားတောင်းဆိုချက်များနဲ့ ပြည်သူလူထုအားလုံး လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

 

မ်ိဳးဆက္သစ္မ်ား ရွစ္ေလးလုံး သမိုင္းေပးတာဝန္ လက္ဆင့္ကမ္းၿပီး ႏိုင္ငံအေျပာင္းအလဲ လုပ္ၾကရန္ တိုက္တြန္း

DVB

မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံက ျပ႒ာန္းလိုက္တဲ့ သမိုင္းေပးတာဝန္ကို လက္ဆင့္ကမ္း တာဝန္ယူၿပီး ႏိုင္ငံအေျပာင္းအလဲကို လုပ္ေဆာင္သြားၾကဖို႔ ရွစ္ေလးလို႔ အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တဦးက တိုက္တြန္းပါတယ္။

ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနား ဒီေန႔မနက္ပိုင္းက စတင္က်င္းပေနတာပါ။

မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ျပည့္စုံတဲ့ ႏိုင္ငံေရးအသိ၊ အျမင္နဲ႔ေတြနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံက ျပ႒ာန္းလိုက္တဲ့ သမိုင္းေပးတာဝန္ကို လက္ဆင့္ကမ္းရယူၿပီး ႏိုင္ငံအေျပာင္းအလဲကို လက္ဆင့္ကမ္း သယ္ယူသြားဖို႔ လိုတယ္လို႔ ၈၈၈၈ အေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္က တိုက္တြန္းလိုက္တာပါ။

လက္ရွိအခ်ိန္မွာေတာ့ ရွစ္ေလးလုံး အေရးေတာ္ပုံက သက္မွတ္ျပ႒ာန္းလိုက္တဲ့ ပါတီစုံ ဒီမိုကေရစီစနစ္ကို စတင္ႏိုင္တဲ့ အေျခအေနကို ေရာက္ရွိေနေပမယ့္ ဒီမိုကေရစီစနစ္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိေသးတဲ့အျပင္ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ အေကာင္အထည္ေဖာ္ေဆာင္ေရးတို႔ကို လုပ္ေဆာင္ႏိုင္ျခင္း မရွိေသးတဲ့အတြက္ အေရးေတာ္ပုံ ရည္မွန္းခ်က္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ျခင္း မရွိေသးဘူးလို႔လည္း ဆိုပါတယ္။

ဒီအတြက္ ေနာက္လာမယ့္ မ်ိဳးဆက္သစ္ လူငယ္ေတြအေနနဲ႔ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံသမိုင္းကို ေလ့လာၾကဖို႔ လိုအပ္ၿပီး ျပည့္စုံေကာင္းမြန္းတဲ့ ႏိုင္ငံေရး အသိအျမင္ေတြနဲ႔ ရွစ္ေလးလုံး အေရးေတာ္ပုံ ျပ႒ာန္းခ်က္မ်ားကို လက္ဆင့္ကမ္း တာဝန္ယူသြားမယ္လို႔လည္း ယုံၾကည္တယ္လို႔ ဆိုပါတယ္။

၃၁ ႀကိမ္ေျမာက္ က်ေရာက္မယ့္ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကတဆင့္ ျမန္မာႏိုင္ငံ ျပည္သူအားလုံးနဲ႔ သမဂၢအဖြဲ႕အစည္းအားလုံး စုစည္းညီၫြတ္ေရး လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံမွာ ပါဝင္ခဲ့တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿငိမ္းသစ္က တိုက္တြန္းေျပာဆိုလိုက္ပါတယ္။

အခုလို တိုက္တြန္းေျပာဆိုရတာဟာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ အေရးႀကီးတဲ့ အခ်ိန္ကာလကို ေရာက္ရွိေနတဲ့အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ျပည္သူအားလုံးနဲ႔ သမဂၢအားလုံး ညီၫြတ္မႈရရွိၿပီး ရွစ္ေလးလုံး စိတ္ဓာတ္အျပည့္နဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးလုပ္ငန္းစဥ္မွာ ပူးေပါင္းပါဝင္ျခင္းအားျဖင့္ ျပင္ဆင္ေရး ေအာင္ျမင္ႏိုင္မယ္လို႔ ဆိုပါတယ္။

ျပင္ဆင္ေရးလုပ္ငန္းစဥ္ ေအာင္ျမင္သြားပါက သမဂၢအားလုံး လိုလားေတာင္းဆိုခ်က္မ်ားနဲ႔ ျပည္သူလူထုအားလုံး လိုလားေနတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ား ရရွိလာမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013