DVB Logo
Home
မြန်မာသတင်း
၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ (ဓာတ်ပုံ)
DVB
·
August 8, 2019
၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ (ဓာတ်ပုံ)
1 / 9
Donate to DVB

ရန်ကုန်မြို့ မဟာဗန္ဓပန်းခြံမှာ ၃၁ နှစ်ပြည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အခမ်းအနား မစတင်ခင်မြင်ကွင်း။
ဓာတ်ပုံ - ကိုဈာန်

ရှစ်လေးလုံး သမိုင်းဖြစ်စဉ်အကျဉ်း

– ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ဗြိတိသျှထံမှ မြန်မာပြည် လွတ်လပ်ရေးရခဲ့ပြီးနောက် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။

– ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် စစ်အာဏာသိမ်းခဲ့ပြီး ထိုအာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိခဲ့သည်။

– အမည်ခံ ဆိုရှယ်လစ်လမ်းစဉ်ကို ကြေညာခဲ့ပြီး တပါတီအာဏာရှင်ဖြင့် အုပ်ချုပ်ရန် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ၍ စစ်ဗိုလ်ချုပ်များက အရပ်ဝတ်လဲကာ အုပ်ချုပ်ခဲ့သည်။

– ယင်းသို့ အုပ်ချုပ်မှုကို လက်မခံကြောင်း အထင်ကရ အရေးအခင်းတွေဖြစ်သော ဦးသန့်၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ နှင့် မှိုင်းရာပြည့်စသည်တို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

– ၁၉၇၈ စက်တင်ဘာ ၅ ရက်တွင် ငွေစက္ကူများ ဖျက်သိမ်းကြောင်း ကြေညာရာမှ လူထု၏မကျေနပ်မှုများ ပေါက်ကွဲခဲ့ပြီး ကျောင်းသားများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

– ၁၉၈၈ မတ်လ ၁၃ ရက်တွင် RIT ကျောင်းဝင်းအတွင်း စုရုံးနေကြသော ကျောင်းသားထုထဲသို့ ပစ်ခတ်နှိမ်နင်း၍ အင်ဂျင်နီယာကျောင်းသား ၂ ဦး ကျဆုံးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ခဲ့ပြီး အခြား တက္ကသိုလ်ကောလိပ်များသို့ ကူးစက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းခံရပြီး ကျောင်းသားအများအပြား ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသည်။

– ၁၉၈၈ ခုနှစ် ဇွန်လ ကျောင်းများပြန်ဖွင့်ချိန်မှ စ၍ ကျောင်းသားသပိတ်တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး ကျောင်းဝင်းမှ ထွက်ချိန်တွင် ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာခဲ့သည်။

– ၁၉၈၈ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မဆလ ပါတီ အရေးပေါ်ညီလာခံနှင့် အရေးပေါ်လွှတ်တော် အစည်းအဝေးများ ခေါ်ယူခဲ့ပြီး ပါတီစုံစနစ်သို့ ပြောင်းလဲ မပြောင်းလဲကို မဲခွဲဆုံးဖြတ်ရာမှာ မပြောင်းနိုင်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။ သမ္မတ အပြောင်းအလဲကိုလည်း ပြုလုပ်ခဲ့သည်။

– ပြည်သူလူထု၏ မကျေနပ်မှုများ အမြင့်ဆုံးသို့ ရောက်ခဲ့ပြီး ၁၉၈၈ သြဂုတ်လဆန်း ၃ ရက်တွင် ရန်ကုန်မြို့ရှိ လမ်းများပေါ် ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

– ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်တွင် ပြည်လုံးကျွတ် သပိတ်မှောက် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လမ်းများပေါ်တွင် ပစ်ခတ်နှိမ်နင်းခဲ့ရာ ပြည်သူထောင်ချီ သေဆုံးခဲ့ရသည်။ နိုင်ငံ့ဝန်ထမ်းများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး ဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်ကြီးဖြစ်ခဲ့ရာ အစိုးရယန္တရားများ ရပ်ဆိုင်းသွားခဲ့သည်။ ပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး မကြာမီ ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထို့နောက် အရေးပေါ်လွှတ်တော် ထပ်မံခေါ်ယူခဲ့ပြီး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့သည်။ သမတအပြောင်းအလဲကို ထပ်မံ ပြုလုပ်ခဲ့သည်။

– သို့ရာတွင် တစ်ပါတီအတွင်းမှ လူအပြောင်းအလဲ လုပ်ခြင်းမျှသာဖြစ်၍ ပြည်သူလူထုက လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးကို တောင်းဆိုခဲ့ကြပြီး အထွေထွေသပိတ်ကြီးကို ဆက်လက် ဆင်နွှဲခဲ့ကြသည်။

– ၁၉၈၈ စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်မှ နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူကြောင်း ကြေညာခဲ့ရာ ပြည်သူများက လက်မခံဘဲ ကြားဖြတ်အစိုးရဖွဲ့စည်းကို ဆက်လက်တောင်းဆိုပြီး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူထောင်ချီ သေဆုံးခဲ့ရသည်။




Zawgyi Version

၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ (ဓာတ္ပုံ)
DVB
ရန္ကုန္ၿမိဳ႕ မဟာဗႏၶပန္းၿခံမွာ ၃၁ ႏွစ္ျပည့္ ရွစ္ေလးလုံး ဒီမိုကေရစီအေရးေတာ္ပုံေန႔ အခမ္းအနား မစတင္ခင္ျမင္ကြင္း။
ဓာတ္ပုံ - ကိုဈာန္

ရွစ္ေလးလုံး သမိုင္းျဖစ္စဥ္အက်ဥ္း

– ၁၉၄၈ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္တြင္ ၿဗိတိသွ်ထံမွ ျမန္မာျပည္ လြတ္လပ္ေရးရခဲ့ၿပီးေနာက္ ပါလီမန္ဒီမိုကေရစီစနစ္ကို က်င့္သုံးခဲ့သည္။

– ၁၉၆၂ ခုႏွစ္ မတ္လ ၂ ရက္တြင္ စစ္အာဏာသိမ္းခဲ့ၿပီး ထိုအာဏာသိမ္းမႈကို လက္မခံသည့္ ဆႏၵျပလႈပ္ရွားမႈမ်ား စဥ္ဆက္မျပတ္ရွိခဲ့သည္။

– အမည္ခံ ဆိုရွယ္လစ္လမ္းစဥ္ကို ေၾကညာခဲ့ၿပီး တပါတီအာဏာရွင္ျဖင့္ အုပ္ခ်ဳပ္ရန္ ၁၉၇၄ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲ၍ စစ္ဗိုလ္ခ်ဳပ္မ်ားက အရပ္ဝတ္လဲကာ အုပ္ခ်ဳပ္ခဲ့သည္။

– ယင္းသို႔ အုပ္ခ်ဳပ္မႈကို လက္မခံေၾကာင္း အထင္ကရ အေရးအခင္းေတြျဖစ္ေသာ ဦးသန႔္၊ ၁၉၇၁၊ ၁၉၇၄၊ ၁၉၇၆ ႏွင့္ မႈိင္းရာျပည့္စသည္တို႔တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

– ၁၉၇၈ စက္တင္ဘာ ၅ ရက္တြင္ ေငြစကၠဴမ်ား ဖ်က္သိမ္းေၾကာင္း ေၾကညာရာမွ လူထု၏မေက်နပ္မႈမ်ား ေပါက္ကြဲခဲ့ၿပီး ေက်ာင္းသားမ်ား၏ ဆႏၵျပပြဲမ်ား ျဖစ္ေပၚခဲ့သည္။

– ၁၉၈၈ မတ္လ ၁၃ ရက္တြင္ RIT ေက်ာင္းဝင္းအတြင္း စု႐ုံးေနၾကေသာ ေက်ာင္းသားထုထဲသို႔ ပစ္ခတ္ႏွိမ္နင္း၍ အင္ဂ်င္နီယာေက်ာင္းသား ၂ ဦး က်ဆုံးခဲ့သည္။ ရန္ကုန္တကၠသိုလ္ေက်ာင္းသားမ်ား ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္ခဲ့ၿပီး အျခား တကၠသိုလ္ေကာလိပ္မ်ားသို႔ ကူးစက္ခဲ့သည္။ အဆိုပါ ဆႏၵျပပြဲမ်ားအား အၾကမ္းဖက္ ႏွိမ္နင္းခံရၿပီး ေက်ာင္းသားအမ်ားအျပား ဖမ္းဆီးအက်ဥ္းခ် ခံခဲ့ရသည္။

– ၁၉၈၈ ခုႏွစ္ ဇြန္လ ေက်ာင္းမ်ားျပန္ဖြင့္ခ်ိန္မွ စ၍ ေက်ာင္းသားသပိတ္တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားခဲ့ၿပီး ေက်ာင္းဝင္းမွ ထြက္ခ်ိန္တြင္ ျပည္သူလူထုပါ ပူးေပါင္းပါဝင္လာခဲ့သည္။

– ၁၉၈၈ ခုႏွစ္ ဇူလိုင္ ၂၃ ရက္တြင္ မဆလ ပါတီ အေရးေပၚညီလာခံႏွင့္ အေရးေပၚလႊတ္ေတာ္ အစည္းအေဝးမ်ား ေခၚယူခဲ့ၿပီး ပါတီစုံစနစ္သို႔ ေျပာင္းလဲ မေျပာင္းလဲကို မဲခြဲဆုံးျဖတ္ရာမွာ မေျပာင္းႏိုင္ေၾကာင္း ဆုံးျဖတ္ေၾကညာခဲ့သည္။ သမၼတ အေျပာင္းအလဲကိုလည္း ျပဳလုပ္ခဲ့သည္။

– ျပည္သူလူထု၏ မေက်နပ္မႈမ်ား အျမင့္ဆုံးသို႔ ေရာက္ခဲ့ၿပီး ၁၉၈၈ ၾသဂုတ္လဆန္း ၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ လမ္းမ်ားေပၚ ခ်ီတက္ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့သည္။

– ၁၉၈၈ ခုႏွစ္ ၾသဂုတ္လ ၈ ရက္တြင္ ျပည္လုံးကြၽတ္ သပိတ္ေမွာက္ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ၿပီး လမ္းမ်ားေပၚတြင္ ပစ္ခတ္ႏွိမ္နင္းခဲ့ရာ ျပည္သူေထာင္ခ်ီ ေသဆုံးခဲ့ရသည္။ ႏိုင္ငံ့ဝန္ထမ္းမ်ားပါ ပူးေပါင္းပါဝင္လာခဲ့ၿပီး ဝန္ထမ္းေပါင္းစုံ အေထြေထြသပိတ္ႀကီးျဖစ္ခဲ့ရာ အစိုးရယႏၲရားမ်ား ရပ္ဆိုင္းသြားခဲ့သည္။ ျပည္သူ႔ဆႏၵေလ့လာစုံစမ္းေရး ေကာ္မရွင္ကို ဖြဲ႕စည္းခဲ့ၿပီး မၾကာမီ ျပန္လည္ဖ်က္သိမ္းခဲ့သည္။ ထို႔ေနာက္ အေရးေပၚလႊတ္ေတာ္ ထပ္မံေခၚယူခဲ့ၿပီး ပါတီစုံ ေ႐ြးေကာက္ပြဲ က်င္းပရန္ သေဘာတူခဲ့သည္။ သမတအေျပာင္းအလဲကို ထပ္မံ ျပဳလုပ္ခဲ့သည္။

– သို႔ရာတြင္ တစ္ပါတီအတြင္းမွ လူအေျပာင္းအလဲ လုပ္ျခင္းမွ်သာျဖစ္၍ ျပည္သူလူထုက လက္မခံဘဲ ၾကားျဖတ္အစိုးရ ဖြဲ႕စည္းေရးကို ေတာင္းဆိုခဲ့ၾကၿပီး အေထြေထြသပိတ္ႀကီးကို ဆက္လက္ ဆင္ႏႊဲခဲ့ၾကသည္။

– ၁၉၈၈ စက္တင္ဘာ ၁၈ ရက္တြင္ စစ္တပ္မွ ႏိုင္ငံေတာ္အာဏာကို လႊဲေျပာင္းရယူေၾကာင္း ေၾကညာခဲ့ရာ ျပည္သူမ်ားက လက္မခံဘဲ ၾကားျဖတ္အစိုးရဖြဲ႕စည္းကို ဆက္လက္ေတာင္းဆိုၿပီး ဆႏၵျပပြဲမ်ား ဆက္လက္ျဖစ္ပြားခဲ့ရာ အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းခဲ့သည့္အတြက္ လူေထာင္ခ်ီ ေသဆုံးခဲ့ရသည္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013