DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
DVB
·
August 7, 2019
ပြောင်းလဲနေသည့် ယနေ့သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၇၃၈၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး ဈေး အပြောင်းအလဲ မရှိပါဘူး။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင်တအိတ်ကို ၈၇၃၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၆၄၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲဆီက တပိဿာကို ၇၅၀၀ ကနေ ၈၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၇၂၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

မြေပဲလုံးဆံနီ
မုံရွာကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီက တပိဿာကို ၄၂၀၀ ကနေ ၄၃၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၄၂၀၀ ပေါက်ဈေးရှိပြီး ဈေးနှုန်းပြောင်းလဲမှု မရှိပါဘူး။ မုံရွာနဲ့ အောင်လံကုန်စည်ဒိုင် ၁၀၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းညို
မုံရွာကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၆၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀ ကျပ် ဈေး တက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တအိတ်ကို ၁၅၃၀၀၀ ပေါက်ဈေးရှိပြီး ၄၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၃၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ
ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၅၀၀ ကနေ ၆၇၅ အထိ ပေါက်ဈေးရှိပြီး မနေ့က ဈေးနှုန်းအတိုင်း အပြောင်းအလဲ မရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၅၀၀ ကနေ ၇၅၀ အထိ ပေါက်ဈေးရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တပိဿာကို ၇၅ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA




Zawgyi Version

DVB

မတ်ပဲ

ပဲစင်းငုံနီ

ပဲဆီ

မြေပဲလုံးဆံနီ

နှမ်းညို

ကြက်သွန်နီ
သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013