DVB Logo
Home
မြန်မာသတင်း
ဘောလုံးကွင်းထဲ ရုံးအဆောက်အဦများ ဆောက်လုပ်နေမှု ဒေသခံများ ကန့်ကွက်
DVB
·
August 7, 2019
ဘောလုံးကွင်းထဲ ရုံးအဆောက်အဦများ ဆောက်လုပ်နေမှု ဒေသခံများ ကန့်ကွက်
1 / 2
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ နှာဟရိန်မြို့ အ.ထ.က ကျောင်းရှေ့မှာရှိတဲ့ ပြည်သူပိုင် ဘောလုံးကွင်းထဲမှာ လမ်းဖောက်လုပ်တာ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦတွေ ဆောက်လုပ်နေတာတွေနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့သလို သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြထားပေမယ့် ထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်။ 

အဆိုပါဘောလုံးကွင်းဟာ ဒေသခံတွေကိုယ်တိုင် ဘိုးဘွားတွေလက်ထက်တည်းက လူထုလုပ်အားနဲ့ ၄ နှစ်ကျော်ကြာအောင် ဖော်ဆောင်ထားတာဖြစ်ပြီး ပြီးစီးခဲ့တဲ့ အချိန်ကစလို့ ကျောင်းသားအားကစားပွဲ၊ ဘာသာပေါင်းစုံဆုတောင်းပွဲတွေနဲ့ အစည်းအဝေးပွဲတွေ ကျင်းပလာခဲ့တဲ့ နေရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အဲဒီဘောလုံးကွင်းကို ဖြတ်ပြီး လမ်းဖောက်လုပ်တာတွေ ရုံးအဆောက်အဦ ဆောက်လုပ်နေတာတွေကြောင့် ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကို ကန့်ကွက်ကြောင်း စာပို့ထားသလို ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

အဆိုပါ ဘောလုံးကွင်းအတွင်းမှာ အဆောက်အဦ ဆောက်လုပ်တာ၊ လမ်းဖောက်လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး လူထုသဘောထားဆန္ဒကို အမှန်တိုင်း ကောက်ခံခဲ့ခြင်း မရှိသလို အုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ ရွေးချယ်ထားတဲ့သူတွေနဲ့သာ အစည်းအဝေး ကျင်းပခဲ့ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ ဦးခင်မောင်စိုးက ပြောပါတယ်။ 

အဲဒီဘောလုံးကွင်းဟာ ဧရိယာ ၁ ဧကကျော် ကျယ်ဝန်းပြီး ကျောင်းသားတွေ အားကစားနဲ့ ကာယလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ပညာရေးဌာနပိုင် အားကစားကွင်းအဖြစ် ဆက်လက်ထားရှိဖို့ ဒေသခံတွေအနေနဲ့ မျှော်လင့်နေကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေဘာလုံးကြင္းထဲ ႐ုံးအေဆာက္အဦမ်ား ေဆာက္လုပ္ေနမႈ ေဒသခံမ်ား ကန႔္ကြက္

DVB

ခ်င္းျပည္နယ္၊ ဟားခါးခ႐ိုင္၊ ႏွာဟရိန္ၿမိဳ႕ အ.ထ.က ေက်ာင္းေရွ႕မွာရွိတဲ့ ျပည္သူပိုင္ ေဘာလုံးကြင္းထဲမွာ လမ္းေဖာက္လုပ္တာ၊ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး အေဆာက္အဦေတြ ေဆာက္လုပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး ဆႏၵထုတ္ေဖာ္ကန႔္ကြက္ခဲ့သလို သက္ဆိုင္ရာ အစိုးရအဖြဲ႕ကို တင္ျပထားေပမယ့္ ထူးျခားမႈမရွိေသးဘူးလို႔ သိရပါတယ္။

အဆိုပါေဘာလုံးကြင္းဟာ ေဒသခံေတြကိုယ္တိုင္ ဘိုးဘြားေတြလက္ထက္တည္းက လူထုလုပ္အားနဲ႔ ၄ ႏွစ္ေက်ာ္ၾကာေအာင္ ေဖာ္ေဆာင္ထားတာျဖစ္ၿပီး ၿပီးစီးခဲ့တဲ့ အခ်ိန္ကစလို႔ ေက်ာင္းသားအားကစားပြဲ၊ ဘာသာေပါင္းစုံဆုေတာင္းပြဲေတြနဲ႔ အစည္းအေဝးပြဲေတြ က်င္းပလာခဲ့တဲ့ ေနရာတခု ျဖစ္တယ္လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ အဲဒီေဘာလုံးကြင္းကို ျဖတ္ၿပီး လမ္းေဖာက္လုပ္တာေတြ ႐ုံးအေဆာက္အဦ ေဆာက္လုပ္ေနတာေတြေၾကာင့္ ေဒသခံေတြအေနနဲ႔ သက္ဆိုင္ရာအဆင့္ဆင့္ကို ကန႔္ကြက္ေၾကာင္း စာပို႔ထားသလို ဇူလိုင္လ ၁၄ ရက္ေန႔ကလည္း ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

အဆိုပါ ေဘာလုံးကြင္းအတြင္းမွာ အေဆာက္အဦ ေဆာက္လုပ္တာ လမ္းေဖာက္လုပ္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး လူထုသေဘာထားဆႏၵကို အမွန္တိုင္း ေကာက္ခံခဲ့ျခင္း မရွိသလို အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြရဲ႕ ေ႐ြးခ်ယ္ထားတဲ့သူေတြနဲ႔သာ အစည္းအေဝး က်င္းပခဲ့ၿပီး လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ ေဒသခံ ဦးခင္ေမာင္စိုးက ေျပာပါတယ္။

အဲဒီေဘာလုံးကြင္းဟာ ဧရိယာ ၁ ဧကေက်ာ္ က်ယ္ဝန္းၿပီး ေက်ာင္းသားေတြ အားကစားနဲ႔ ကာယေလ့က်င့္ခန္းေတြ ျပဳလုပ္ဖို႔ ပညာေရးဌာနပိုင္ အားကစားကြင္းအျဖစ္ ဆက္လက္ထားရွိဖို႔ ေဒသခံေတြအေနနဲ႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013