DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်
DVB
·
August 6, 2019
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်
Donate to DVB

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေခရိုင် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ လက်ရှိတာဝန်နဲ့ ရာထူးက နုတ်ထွက်သွားတယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။

မိမိရဲ့သဘောဆန္ဒအလျောက် နုတ်ထွက်စာတင်ထားရာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်နေ့မှာ နုတ်ထွက်ခွင့်ပြုလိုက်တာလို့ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီး ဦးကျော်နိုင်က ဆိုပါတယ်။

“နုတ်ထွက်ခွင့်ပြုတာကတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ဝန်ကြီးဌာနကပေါ့။ ၃၁ ရက်၊ ၇ လပိုင်း၊ ၂၀၁၉ မှာပေါ့။ အကြောင်းအရာကတော့ မိမိရဲ့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုလိုက်တာလို့ ပါတယ်။ အသေးစိတ် သိချင်ရင် မြို့နယ်အုပ်ချုပ်ရေးကို တိုက်ရိုက်မေးလိုက်ပါ” လို့ ပြောပါတယ်။

ကာယကံရှင် အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းအောင်ကို ဒီကနေ့ နေ့လယ်ပိုင်းက ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်သွယ်မရခဲ့ပါဘူး။ 

လက်ရှိ နုတ်ထွက်သွားတဲ့ နေရာမှာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး(ဦးစီးအရာရှိ)ကို တာဝန်လွှဲပြောင်းပေးထားခဲ့တယ်လို့ သိရပါတယ်။ 

ရသေ့တောင်မြို့နယ်ဟာ လက်ရှိ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့အထဲမှာ ပါဝင်တဲ့ မြို့နယ်တခု ဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း ARSA အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေက ရပ်ကွက်၊ ကျေးရွာအဆင့်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေသာ နုတ်ထွက်မှု ရှိခဲ့ပေမယ့် လက်ရှိမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးအထိ နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ႏုတ္ထြက္

တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက စစ္ေတြခ႐ိုင္ ရေသ့ေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္ဟာ လက္ရွိတာဝန္နဲ႔ ရာထူးက ႏုတ္ထြက္သြားတယ္လို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဒီဗြီဘီကို အတည္ျပဳေျပာၾကားပါတယ္။

မိမိရဲ႕သေဘာဆႏၵအေလ်ာက္ ႏုတ္ထြက္စာတင္ထားရာ ျပည္ေထာင္စုအစိုးရအဖြဲ႕ ဝန္ႀကီးဌာနက ဇူလိုင္ ၃၁ ရက္ေန႔မွာ ႏုတ္ထြက္ခြင့္ျပဳလိုက္တာလို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယဦးစီး ဦးေက်ာ္ႏိုင္က ဆိုပါတယ္။

“ႏုတ္ထြက္ခြင့္ျပဳတာကေတာ့ ျပည္ေထာင္စုအစိုးရ အဖြဲ႕ဝန္ႀကီးဌာနကေပါ့။ ၃၁ ရက္၊ ၇ လပိုင္း၊ ၂၀၁၉ မွာေပါ့။ အေၾကာင္းအရာကေတာ့ မိမိရဲ႕ သေဘာဆႏၵအေလ်ာက္ ႏုတ္ထြက္ခြင့္ျပဳလိုက္တာလို႔ ပါတယ္။ အေသးစိတ္ သိခ်င္ရင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးကို တိုက္႐ိုက္ေမးလိုက္ပါ” လို႔ ေျပာပါတယ္။

ကာယကံရွင္ အုပ္ခ်ဳပ္ေရးမႉးေဟာင္း ဦးဝင္းေအာင္ကို ဒီကေန႔ ေန႔လယ္ပိုင္းက ဒီဗြီဘီက ဆက္သြယ္ေမးျမန္းရာမွာေတာ့ ဖုန္းစက္ပိတ္ထားတာေၾကာင့္ အဆက္သြယ္မရခဲ့ပါဘူး။

လက္ရွိ ႏုတ္ထြက္သြားတဲ့ ေနရာမွာ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး(ဦးစီးအရာရွိ)ကို တာဝန္လႊဲေျပာင္းေပးထားခဲ့တယ္လို႔ သိရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ဟာ လက္ရွိ ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲေတြ ျဖစ္ေနတဲ့အထဲမွာ ပါဝင္တဲ့ ၿမိဳ႕နယ္တခု ျဖစ္သလို ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း ARSA အၾကမ္းဖက္ တိုက္ခိုက္မႈ ခံခဲ့ရတဲ့ ၿမိဳ႕နယ္တခုလည္း ျဖစ္ပါတယ္။

ရကၡိဳင့္တပ္ေတာ္ ေအေအနဲ႔ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲေတြျဖစ္ပြားၿပီးတဲ့ ေနာက္ပိုင္းမွာ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ေတြက ရပ္ကြက္၊ ေက်း႐ြာအဆင့္ရွိတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြသာ ႏုတ္ထြက္မႈ ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးအထိ ႏုတ္ထြက္လာတာလည္း ျဖစ္ပါတယ္။

သတင္း၊ ဓာတ္ပုံ- ဝဏၰခြာညိဳ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013