DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော် ပညာသင်ကြားခွင့် စီစဉ်ပေးထားဟုဆို
DVB
·
August 6, 2019
ရခိုင်စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော် ပညာသင်ကြားခွင့် စီစဉ်ပေးထားဟုဆို
Donate to DVB

ရခိုင်စစ်ဘေးရှောင်စခန်းတွေက ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော်ကို ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးထားတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကလွဲပြီး ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် စခန်းပေါင်း ၅၃ ခုရှိပြီး အဲဒီစခန်းတွေက ကျောင်းသား၊ ကျောင်းသူပေါင်း ၂၁၉၂ ဦးအတွက် ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်က ဦးခင်မောင်လတ်မေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ် ၇ မြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေက ကျောင်းသားတွေ ပညာခွင့်ရရှိရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။

“ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်မြို့နယ် ၇ ခု ရှိပါတယ်။ အဲဒီမှာ စစ်ဘေးရှောင်စခန်း ၅၃ ခုမှာရှိတဲ့ ကျောင်းသူ ကျောင်းသားပေါင်း ၂၁၉၂ ဦးအတွက် ပညာသင်ကြားရေး ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေက ကျောင်းသူ၊ ကျောင်းသားတွေကို ၎င်းတို့ နေထိုင်တဲ့စခန်းနဲ့ နီးကပ်စွာ တည်ရှိတဲ့ ကျောင်းတွေမှာ ပညာသင်ကြားခွင့်ရအောင် ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ကိုယ်စားလှယ်ကြီး တင်ပြသလို ကျောင်းပြောင်းလက်မှတ်၊ အိမ်ထောင်စုစာရင်း မရှိသော်လည်း ပညာသင်ကြားခွင့်ရဖို့ ထိုအချက်အလက်တွေကို ဖြေလျော့ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်” လို့ ဦးဝင်းမော်ထွန်းက ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ရခိုင်မှာ စခန်းတွေ ဆောက်လုပ်တဲ့နေရာတွေ ရှိခဲ့ရင် စခန်းနဲ့ အနီးဆုံးကျောင်းမှာ ဝင်ဆန့်မှုရှိသလောက် လက်ခံသင်ကြားပေးမှာ ဖြစ်ပြီး ဝင်ဆန့်မှုမရှိရင်လည်း ယာယီကျောင်းဆောင်တွေ ဆောက်လုပ်သင်ကြားပေးဖို့ စီစဉ်ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ၂၀၁၉-၂၀ ပညာသင်နှစ်မှာ စစ်တွေ စစ်ဘေးရှောင်စခန်း ၁၁ ခုမှာ ကျောင်းသူ ကျောင်းသား ၅၈ ဦး၊ ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း ၈ ခုမှာ ၃၄၃ ဦး၊ ပေါက်တော စစ်ဘေးရှောင်စခန်း ၁ ခုမှာ ၂ ဦး၊ ရသေ့တောင် စစ်ဘေးရှောင်စခန်း ၆ ခုမှာ ၂၄၄ ဦး၊ ကျောက်တော် စစ်ဘေးရှောင်စခန်း ၆ ခုမှာ ၆၃၂ ဦး၊ မြောက်ဦး စစ်ဘေးရှောင်စခန်း အခု ၂ဝ မှာ ၈၇၉ ဦးနဲ့ မင်းပြား စစ်ဘေးရှောင်စခန်း ၁ ခုမှာ ကျောင်းသား၊ ကျောင်းသူ ၃၄ ဦး အသီးသီး ရှိတယ်လို့ သိရပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေကြောင့်  ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်မှာ စစ်ဘေးရှောင် ၆ သောင်းနီးပါး ရှိတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရခိုင္စစ္ေဘးေရွာင္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၀၀ ေက်ာ္ ပညာသင္ၾကားခြင့္ စီစဥ္ေပးထားဟုဆို

ရခိုင္စစ္ေဘးေရွာင္စခန္းေတြက ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၀၀ ေက်ာ္ကို ပညာသင္ၾကားခြင့္ရေအာင္ ေဆာင္႐ြက္ေပးထားတယ္လို႔ ပညာေရးဝန္ႀကီးက ေျပာပါတယ္။

ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြကလြဲၿပီး ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေဘးေရွာင္ စခန္းေပါင္း ၅၃ ခုရွိၿပီး အဲဒီစခန္းေတြက ေက်ာင္းသား၊ ‌ေက်ာင္းသူေပါင္း ၂၁၉၂ ဦးအတြက္ ပညာသင္ၾကားခြင့္ရေအာင္ ေဆာင္႐ြက္ေပးထားတယ္လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာပါတယ္။

ရခိုင္ျပည္နယ္ မဲဆႏၵနယ္က ဦးခင္ေမာင္လတ္ေမးတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ ဒုကၡသည္စခန္းေတြက ေက်ာင္းသားေတြ ပညာခြင့္ရရွိေရးအတြက္ မည္ကဲ့သို႔ ေဆာင္႐ြက္ထားသည္ကို သိရွိလိုေၾကာင္း ေမးခြန္းကို အခုလို ျပန္လည္ေျဖၾကားခဲ့တာပါ။

“ရခိုင္ျပည္နယ္အတြင္းမွာ စစ္ေဘးေရွာင္ၿမိဳ႕နယ္ ၇ ခု ရွိပါတယ္။ အဲဒီမွာ စစ္ေဘးေရွာင္စခန္း ၅၃ ခုမွာရွိတဲ့ ေက်ာင္းသူ ေက်ာင္းသားေပါင္း ၂၁၉၂ ဦးအတြက္ ပညာသင္ၾကားေရး ေဆာင္႐ြက္ေပးၿပီး ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္အတြင္းရွိ စစ္ေဘးေရွာင္စခန္းေတြက ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ၎တို႔ ေနထိုင္တဲ့စခန္းနဲ႔ နီးကပ္စြာ တည္ရွိတဲ့ ေက်ာင္းေတြမွာ ပညာသင္ၾကားခြင့္ရေအာင္ ေဆာင္႐ြက္ေပးၿပီး ျဖစ္ပါတယ္။ ကိုယ္စားလွယ္ႀကီး တင္ျပသလို ေက်ာင္းေျပာင္းလက္မွတ္၊ အိမ္ေထာင္စုစာရင္း မရွိေသာ္လည္း ပညာသင္ၾကားခြင့္ရဖို႔ ထိုအခ်က္အလက္ေတြကို ေျဖေလ်ာ့ေဆာင္႐ြက္ေပးၿပီး ျဖစ္ပါတယ္” လို႔ ဦးဝင္းေမာ္ထြန္းက ဆိုပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ရဲ႕ အစီအစဥ္နဲ႔ ရခိုင္မွာ စခန္းေတြ ေဆာက္လုပ္တဲ့ေနရာေတြ ရွိခဲ့ရင္ စခန္းနဲ႔ အနီးဆုံးေက်ာင္းမွာ ဝင္ဆန႔္မႈရွိသေလာက္ လက္ခံသင္ၾကားေပးမွာ ျဖစ္ၿပီး ဝင္ဆန႔္မႈမရွိရင္လည္း ယာယီေက်ာင္းေဆာင္ေတြ ေဆာက္လုပ္သင္ၾကားေပးဖို႔ စီစဥ္ၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။

လက္ရွိ ၂၀၁၉-၂၀ ပညာသင္ႏွစ္မွာ စစ္ေတြ စစ္ေဘးေရွာင္စခန္း ၁၁ ခုမွာ ေက်ာင္းသူ ေက်ာင္းသား ၅၈ ဦး၊ ပုဏၰားကြၽန္း စစ္ေဘးေရွာင္စခန္း ၈ ခုမွာ ၃၄၃ ဦး၊ ေပါက္ေတာ စစ္ေဘးေရွာင္စခန္း ၁ ခုမွာ ၂ ဦး၊ ရေသ့ေတာင္ စစ္ေဘးေရွာင္စခန္း ၆ ခုမွာ ၂၄၄ ဦး၊ ေက်ာက္ေတာ္ စစ္ေဘးေရွာင္စခန္း ၆ ခုမွာ ၆၃၂ ဦး၊ ေျမာက္ဦး စစ္ေဘးေရွာင္စခန္း အခု ၂ဝ မွာ ၈၇၉ ဦးနဲ႔ မင္းျပား စစ္ေဘးေရွာင္စခန္း ၁ ခုမွာ ေက်ာင္းသား၊ ေက်ာင္းသူ ၃၄ ဦး အသီးသီး ရွိတယ္လို႔ သိရပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြေၾကာင့္  ရခိုင္ျပည္နယ္အတြင္း ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္မွာ စစ္ေဘးေရွာင္ ၆ ေသာင္းနီးပါး ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013