DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်လှစ်၊ ကျောင်း ၂၀ ပိတ်ထားရ
DVB
·
August 6, 2019
ကရင်ပြည်နယ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်လှစ်၊ ကျောင်း ၂၀ ပိတ်ထားရ
Donate to DVB

ကရင်ပြည်နယ်မှာ ရေကြီးရေလျှံနေလို့ ဘားအံမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားပြီး ကျောင်း ၂၀ ပိတ်ထားရပါတယ်။

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက်ကျော်ပြီး ၈၂၇ စင်တီမီတာကို ရောက်နေပါတယ်။

မြို့ပေါ်ရပ်ကွက်တချို့မှာ ရေကြီးရေလျှံ ဖြစ်နေတာကြောင့် ဒီမနက်ပိုင်းကစပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားသလို ပြည်နယ်ဝန်ကြီးချုပ်ကလည်း ရေကြီးတဲ့နေရာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ῝အန်တီတို့က သဘာဝဘေးနဲ့ပတ်သက်ပြီး နှစ်တိုင်းကို ပြင်ဆင်ထားတယ်။ မနှစ်က ပိုပြီး ရေကြီးတော့ အရင်နှစ်တွေနဲ့နှိုင်းယှဉ်ရင် ဒီနှစ်ကို ပိုပြီးတော့ ဂရုတစိုက်နဲ့ ပြင်ဆင်ထားတယ်၊ သံလွင်မြစ်ကြောင်းသာ ဖော်နိုင်မယ်ဆိုရင် ရေစီးရေလာ မှန်သွားပြီးတော့ ဒီလောက်ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး၊ ရေဘေးရှောင်စခန်းက ဒီနေ့မှ စပြီးတော့ ဖွင့်တာပါ။ စီမံချက်တွေ ရေးဆွဲထားပြီးတော့ အားလုံးက အဆင်သင့်ပါပဲ” လို့ ပြောပါတယ်။

လိုအပ်ရင် ကယ်ဆယ်ရေးစခန်းတွေ ထပ်ဖွင့်မှာဖြစ်ပြီး အခြေခံပညာကျောင်း ၂၀ ကိုလည်း ပိတ်ထားရပါတယ်။ ဒါပေမယ့် လမ်းပန်းအဆက်အသွယ်တော့ မပြတ်ဘူးလို့ ပြည်နယ်အစိုးရက ဆိုပါတယ်။




Zawgyi Version

ကရင္ျပည္နယ္တြင္ ေရေဘးကယ္ဆယ္ေရးစခန္း ၆ ခုဖြင့္လွစ္၊ ေက်ာင္း ၂၀ ပိတ္ထားရ
DVB

ကရင္ျပည္နယ္မွာ ေရႀကီးေရလွ်ံေနလို႔ ဘားအံမွာ ေရေဘးကယ္ဆယ္ေရးစခန္း ၆ ခုဖြင့္ထားၿပီး ေက်ာင္း ၂၀ ပိတ္ထားရပါတယ္။

ဘားအံၿမိဳ႕မွာ သံလြင္ျမစ္ေရဟာ ဒီေန႔ ေန႔လယ္ ၁၂ နာရီအခ်ိန္မွာ စိုးရိမ္ေရမွတ္ ၇၅၀ စင္တီမီတာအထက္ေက်ာ္ၿပီး ၈၂၇ စင္တီမီတာကို ေရာက္ေနပါတယ္။

ၿမိဳ႕ေပၚရပ္ကြက္တခ်ိဳ႕မွာ ေရႀကီးေရလွ်ံ ျဖစ္ေနတာေၾကာင့္ ဒီမနက္ပိုင္းကစၿပီး ေရေဘးကယ္ဆယ္ေရးစခန္းေတြ ဖြင့္ထားသလို ျပည္နယ္ဝန္ႀကီးခ်ဳပ္ကလည္း ေရႀကီးတဲ့ေနရာေတြကို သြားေရာက္ၾကည့္ရႈခဲ့တယ္လို႔ ျပည္နယ္အစိုးရက သတင္းထုတ္ျပန္ပါတယ္။

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္က ῝အန္တီတို႔က သဘာဝေဘးနဲ႔ပတ္သက္ၿပီး ႏွစ္တိုင္းကို ျပင္ဆင္ထားတယ္။ မႏွစ္က ပိုၿပီး ေရႀကီးေတာ့ အရင္ႏွစ္ေတြနဲ႔ႏႈိင္းယွဥ္ရင္ ဒီႏွစ္ကို ပိုၿပီးေတာ့ ဂ႐ုတစိုက္နဲ႔ ျပင္ဆင္ထားတယ္၊ သံလြင္ျမစ္ေၾကာင္းသာ ေဖာ္ႏိုင္မယ္ဆိုရင္ ေရစီးေရလာ မွန္သြားၿပီးေတာ့ ဒီေလာက္ေရႀကီးေရလွ်ံမႈေတြ ျဖစ္လာႏိုင္ေတာ့မွာ မဟုတ္ပါဘူး၊ ေရေဘးေရွာင္စခန္းက ဒီေန႔မွ စၿပီးေတာ့ ဖြင့္တာပါ။ စီမံခ်က္ေတြ ေရးဆြဲထားၿပီးေတာ့ အားလုံးက အဆင္သင့္ပါပဲ” လို႔ ေျပာပါတယ္။

လိုအပ္ရင္ ကယ္ဆယ္ေရးစခန္းေတြ ထပ္ဖြင့္မွာျဖစ္ၿပီး အေျခခံပညာေက်ာင္း ၂၀ ကိုလည္း ပိတ္ထားရပါတယ္။ ဒါေပမယ့္ လမ္းပန္းအဆက္အသြယ္ေတာ့ မျပတ္ဘူးလို႔ ျပည္နယ္အစိုးရက ဆိုပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013