DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် ကျောင်သားများသမဂ္ဂ ရွေးကောက်ပွဲ ကျင်းပ
DVB
·
August 6, 2019
ရန်ကုန်တက္ကသိုလ် ကျောင်သားများသမဂ္ဂ ရွေးကောက်ပွဲ ကျင်းပ
1 / 7
Donate to DVB

အခုနှစ်အတွက် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ရန်ကုန်တက္ကသိုလ်(ပင်မ)နယ်မြေနဲ့ လှိုင်တက္ကသိုလ်နယ်မြေတို့မှာ   သြဂုတ် ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အခုကျင်းပတဲ့ ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲဟာ ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ တခုတည်းသောသမဂ္ဂ ဖြစ်ပေါ်လာဖို့အတွက် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ 

ရန်ကုန်တက္ကသိုလ်သမဂ္ဂအတွက် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ အားကစားရေးရာ တာဝန်ခံနဲ့ စာပေယဉ်ကျေးမှုနှင့်အနုပညာတာဝန်ခံ စတဲ့နေရာ ၄ နေရာအတွက် ရွေးချယ်နိုင်ဖို့ ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။

နေရာ ၄ နေရာအတွက် ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းကတော့ ၁၃ ဦး ရှိပါတယ်။ မဲဆန္ဒရှင်က ကျောင်းသား၊ ကျောင်းသူတွေကို မဲပေးနိုင်ဖို့အတွက်  မဲရုံတွေကို မနက် ၉ နာရီကနေ ၄ နာရီအထိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version


DVB






Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013