DVB Logo
Home
မြန်မာသတင်း
မြစ်ရေ မြင့်တက်မှုကြောင့် ဘီးလင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်
DVB
·
August 6, 2019
မြစ်ရေ မြင့်တက်မှုကြောင့် ဘီးလင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်
Donate to DVB

ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

ဘီးလင်းမြစ်ရေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေကြောင့် သြဂုတ် ၅ ရက်နေ့မှာ စိုးရိမ်ရေမှတ်အောက် ၉၉၈ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး အဲဒီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်မှာ ၁၀၂၂ စင်တီမီတာ ဖြစ်တဲ့အတွက်ကြောင့် ကယ်ဆယ်ရေးစခန်းတွေ စတင်ဖွင့်လှစ်ပေးနေတာပါ။

ရေဘေးကယ်ဆယ်ရေးစခန်း ၇ ခုလုံးမှာလည်း တပတ်စာရိက္ခာတွေ ပေးပို့ထားပြီး အနိမ့်ပိုင်း ရပ်ကွက်၊ ‌ကျေးရွာက ဒေသခံတွေအနေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ ညွှန်ကြားထားတာပါ။

ဘီးလင်းလမ်း ရေကျော်မှု အခြေအနေနဲ့ ပတ်သက်ပြီး လမ်းပိုင်းကို ၁ ပေခန့် မြှင့်တင်ထားတဲ့အတွက်ကြောင့် လမ်းရေကျော်ဖို့ အလားလာ နည်းနေတယ်လို့ ဗိုလ်မှူးကြီး နေထွဋ်ဦးက သုံးသပ်ထားပါတယ်။

ဒါ့အပြင် မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နောက်နှစ်ရက်အတွင်း ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထိ ရောက်ရှိတယ်လို့ ထုတ်ပြန်ထားပြီး အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာနေ ပြည်သူတွေ အထူးသတိပြုကြဖို့ တိုက်တွန်းထားပါ။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လျှပ်တပြက် ရေကြီး မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဒီနေ့မနက်ပိုင်း ထုတ်ပြန်ထားပါတယ်။

ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြု နေထိုင်ကြဖို့ အကြံပြုထားပါတယ်။




Zawgyi Version

ျမစ္ေရ ျမင့္တက္မႈေၾကာင့္ ဘီးလင္းတြင္ ေရေဘးကယ္ဆယ္ေရးစခန္း ၇ ခု ဖြင့္လွစ္
DVB

ဘီးလင္းျမစ္ေရ ျမင့္တက္လာမႈေၾကာင့္ ဘီးလင္းၿမိဳ႕နယ္မွာ ေရေဘးကယ္ဆယ္ေရးစခန္း ၇ ခု ဖြင့္လွစ္ထားတယ္လို႔ မြန္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး ေနထြဋ္ဦးက ေျပာပါတယ္။

ဘီးလင္းျမစ္ေရဟာ မိုးသည္းထန္စြာ ႐ြာသြန္းမႈနဲ႔ ေတာင္က်ေရေၾကာင့္ ၾသဂုတ္ ၅ ရက္ေန႔မွာ စိုးရိမ္ေရမွတ္ေအာက္ ၉၉၈ စင္တီမီတာအထိ ေရာက္ရွိခဲ့ၿပီး အဲဒီျမစ္ေရရဲ႕ စိုးရိမ္ေရမွတ္မွာ ၁၀၂၂ စင္တီမီတာ ျဖစ္တဲ့အတြက္ေၾကာင့္ ကယ္ဆယ္ေရးစခန္းေတြ စတင္ဖြင့္လွစ္ေပးေနတာပါ။

ေရေဘးကယ္ဆယ္ေရးစခန္း ၇ ခုလုံးမွာလည္း တပတ္စာရိကၡာေတြ ေပးပို႔ထားၿပီး အနိမ့္ပိုင္း ရပ္ကြက္၊ ‌ေက်းရြာက ေဒသခံေတြအေနနဲ႔ ကယ္ဆယ္ေရးစခန္းမွာ ေျပာင္းေရႊ႕ေနထိုင္ၾကဖို႔ ၫႊန္ၾကားထားတာပါ။

ဘီးလင္းလမ္း ေရေက်ာ္မႈ အေျခအေနနဲ႔ ပတ္သက္ၿပီး လမ္းပိုင္းကို ၁ ေပခန႔္ ျမႇင့္တင္ထားတဲ့အတြက္ေၾကာင့္ လမ္းေရေက်ာ္ဖို႔ အလားလာ နည္းေနတယ္လို႔ ဗိုလ္မႉးႀကီး ေနထြဋ္ဦးက သုံးသပ္ထားပါတယ္။

ဒါ့အျပင္ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ေနာက္ႏွစ္ရက္အတြင္း ဘီးလင္းျမစ္ေရဟာ စိုးရိမ္ေရမွတ္အထိ ေရာက္ရွိတယ္လို႔ ထုတ္ျပန္ထားၿပီး အနိမ့္ပိုင္းရပ္ကြက္၊ ေက်းရြာေန ျပည္သူေတြ အထူးသတိျပဳၾကဖို႔ တိုက္တြန္းထားပါ။

ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းမွာ ေလဖိအားနည္းရပ္ဝန္း ပိုမိုအားေကာင္းေနၿပီး ေလျပင္းတိုက္ခတ္ျခင္းႏွင့္အတူ မိုးသည္းထန္စြာ ရြာသြန္းတာေတြေၾကာင့္ လွ်ပ္တျပက္ ေရႀကီး ေျမၿပိဳတာေတြ ျဖစ္ေပၚႏိုင္တယ္လို႔ မိုးဇလက ဒီေန႔မနက္ပိုင္း ထုတ္ျပန္ထားပါတယ္။

ကုန္းျမင့္ေဒသအနီးနဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီး ေနထိုင္ၾကသူေတြအေနနဲ႔ ေျမၿပိဳမႈအႏၲရာယ္နဲ႔ ေရႀကီး ေရလွ်ံမႈေတြ ျဖစ္ေပၚႏိုင္တာေၾကာင့္ ႀကိဳတင္သတိျပဳ ေနထိုင္ၾကဖို႔ အႀကံျပဳထားပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013