DVB Logo
Home
Lead Story
ကလေးတွေအနာဂတ်အတွက် မျှော်လင့်ပြီး အိမ်ပြန်လာသူ
DVB
·
August 5, 2019
ကလေးတွေအနာဂတ်အတွက် မျှော်လင့်ပြီး အိမ်ပြန်လာသူ
Donate to DVB

ထိုင်းနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၅ နှစ်ခန့် နေထိုင်ခဲ့ပြီးတဲ့နောက် နော်ရှဲဒိုတယောက် မြန်မာနိုင်ငံကို ပြန်လည်အခြေချတဲ့ဒုက္ခသည် ၁၀၀၀ ကျော်ထဲက တယောက်အပါအဝင် ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ နေထိုင်ရတာ နှစ်ကြာလာနဲ့အမျှ မရေရာတော့တဲ့ အနာဂတ်နဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံကို ပြန်လာဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ပြောပါတယ်။

“သူတို့အတွက်က စခန်းထဲမှာ နေတာ ဆိုတော့ မြို့ရဲ့အတိုင်းတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအတွေးအခေါ်လေး။ ဒီဗဟုသုတတောင်မှ မရနိုင်ဘူး ဆိုပြီးတော့မှ ကမ္ဘာကြီးက ဘယ်လိုလဲ၊ နိုင်ငံကြီးက ဘယ်လိုလဲဆိုတာ သူတို့ကို သိစေချင်တယ်လေ။ ဒီကြားထဲမှာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရှိရှိ ရပ်တည်ချင်တယ်။ အဲလိုမျိုးပဲ ခံယူပြီးတော့မှ ပြန်လာလိုက်တာလေ။”

သူမဟာ ၁၉၉၅ ခုက အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒုက္ခသည်စခန်းတခုဖြစ်တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်က မယ်ဆူရင်း (ခေါ်) ကရင်နီဒုက္ခသည်စခန်း ၁ မှာ သွားရောက် အခြေချခဲ့ပါတယ်။
ပြည်တွင်းစစ်ရဲ့ မငြိမ်မသက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကနေ တောတောင်ထဲမှာ သွားလာလှုပ်ရှားရင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အဲဒီဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်က မော်ချီးကနေ ကရင်အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ဖွင့်လှစ်တဲ့ ဆေးကျန်းမာရေး သင်တန်းမှာတက်ရင်း အဲဒီဒေသတဝိုက်မှာရှိတဲ့ ကျေးရွာတွေကို ဆေးကုသပေးမှုနဲ့ ကလေးငယ်တွေကို ပညာသင်ပေးခဲ့တယ်လို့ နော်ရှဲဒိုက ပြောပါတယ်။

“အညိုရောင်နယ်မြေလား၊ အနက်ရောင်နယ်မြေလား သူတို့ သတ်မှတ်တဲ့ ကျေးရွာတွေဘက်မှာ သွားနေတယ်ပေါ့နော်။ အဲမှာ ကျေးရွာတွေမှာဆိုရင်လည်း ပညာရေး၊ ကျန်းမာရေး လိုအပ်တော့ ကေအန်ပီပီဘက်က ဖွင့်တဲ့ ကျန်းမာရေးသင်တန်းကို သွားတက်တယ်လေ။ အဲမှာ ပညာရေးဘက်မှာလည်း ကူညီပေးတယ်။ ကျန်းမာရေးကိုလည်း ကူညီပေးတယ်။ ရွာသူရွာသားတွေကို အဓိက ထားပြီးတော့မှပေါ့နော်။”

ဒီနောက်ပိုင်း နိုင်ငံရေး မငြိမ်မသက်မှုကြောင့် တဖက်နဲ့တဖက်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ၁၉၉၃ ခုနှစ်က ထိုင်းနယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင် မယ့်စာလဲ (ခေါ်) သောလဲထနားတဝိုက်မှာ ခိုလှုံနေထိုင်ရင်းနဲ့ ၁၉၉၅ ခုနှစ်မှာ မယ်ဆူရင်း (ခေါ်) ကရင်နီဒုက္ခသည်စခန်း ၂ ကို သွားရောက်ခိုလှုံခဲ့တာလို့ ပြောပါတယ်။

မယ်ဆူရင်းဒုက္ခသည်စခန်းမှာ ၁၀ နှစ်ခန့် နေထိုင်ပြီးနောက် ထွက်ပေါက်ရှာချင်တဲ့အနေနဲ့ ၂၀၀၄ ခုနှစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မိသားစုလိုက် သွားရောက်ပြီး အလုပ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။

“၁၉၉၅ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းပေါ့။ အဲဒီကြားအတောအတွင်းမှာ လူက ကြာလာတော့ စိတ်ထွက်ပေါက်မရှိဘူး။ စိတ်ဖိစီးမှုတွေ များလာတယ်။ ကျန်းမာရေးအတွက်တော့ သူများက ကုသပေးပါတယ်။ ဒါပေမဲ့ မတူဘူးနော်။ ကိုယ်က အဲဒီထဲမှာနေတာ ကိုယ့်တိုင်းပြည်ကို ဘယ်တော့မှ ပြန်နေရပါ့မလဲ။ နောက် သားသမီးတွေလည်း အဲဒီမှာ ထပ်မွေးလာတာ ရှိတယ်လေ။ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ အမျိုးမျိုးရှိတော့ မနေနိုင်တော့ဘူး။ မနေနိုင်တော့ အဲဒီကနေပြီးမှ စိတ်ထွက်ပေါက်ကို ရှာချင်တယ်။ ကိုယ့်ဘာသာကိုယ် သူများ ကျွေးတာကိုလည်း ကြာကြာမစားချင်တော့ဘူး။ ရတာနဲ့ပဲ စားပြီးနေတော့မလား၊ ကိုယ့်ဘာသာကို မရုန်းကန် မစားသောက်ဘူးလား ဆိုပြီးတော့ အဲဒီကနေပြီးတော့ မယ်ဟောင်ဆောင်မှာ အလုပ်သွားလုပ်မယ် ဆိုပြီးတော့ မိသားစုလိုက် ထွက်သွားလိုက်တာ။ အဲဒီမယ်ဟောင်ဆောင်ကနေပြီးတော့မှ တခါ ချင်းမိုင်ကို ဆက်တက်ပြီး သွားရောက်အလုပ်လုပ်ခဲ့တယ်။”

ဒီလို စိတ်ထွက်ပေါက်ရှာရင်း ကိုယ့်ဘာသာကို လုပ်ကိုင်စားသောက်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သူ့အနေနဲ့ ဒုက္ခသည်ကနေ လာတာဖြစ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တရားမဝင် နေထိုင်ခဲ့ရပါတယ်။

ဒီလို တရားမဝင် နေထိုင်အလုပ်လုပ်ရင်း ထိုင်းနိုင်ငံက save the children အဖွဲ့ကို အကူအညီတောင်းပြီး ကလေးတွေ ပညာရေးအတွက်၊ ကလေးတွေကို ကျောင်းထားခဲ့ပါတယ်။ ကလေး ၆ ဦးထဲက အလတ် ၂ ဦးကတော့ save the children အဖွဲ့က ကူညီလို့ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း အခု တယောက်ဆိုရင် လာမယ့်နှစ်မှာ ဘွဲ့ရတော့မယ်လို့ ပြောပါတယ်။

ဒါပေမယ့် မိသားစုလိုက် ထိုင်းနိုင်ငံ ချင်းမိုင်မှာ တရားမဝင် နေထိုင်ရတာ အဆင်မပြေလို့ ချင်းမိုင်မှာ ၇ နှစ် ကြာပြီးတဲ့နောက်မှာတော့ ၂၀၁၀ ခုနှစ်မှာ တခါ ဘန်းနမ့်စွယ် (ခေါ်) ကရင်နီ ဒုက္ခသည်စခန်း (၁) မှာ ပြန်လည် ပြောင်းရွှေ့လာခဲ့ပါတယ်။

“၂၀၁၀ မှာ ဒုက္ခသည်စခန်း ၁ ဘက်ကို ပြန်ပြောင်းလာတယ်။ ဘာဖြစ်လဲဆိုတော့ အစုလိုက် အပြုံလိုက်နဲ့ ဟိုမှာနေလို့လည်း မဖြစ်ဘူး။ ကိုယ်ကလည်း နိုင်ငံသားမဟုတ်၊ တရားမဝင် လက်မှတ်မရှိ ဘာမရှိဆိုတော့ စခန်း ၁ မှာ ပြန်ပြောင်းနေတယ်။”

၂၀၁၀ ခုနှစ်ကနေ အခုနှစ် ၂၀၁၉ အထိ အဲဒီကရင်နီဒုက္ခသည်စခန်း ၁ မှာ နေထိုင်ရင်းနဲ့ ကျန်ရှိနေသေးတဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံကို ပြန်လည်အခြေချဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။

“ပထမ စခန်း ၂ မှာ နေခဲ့သလိုပဲလေ။ ကိုယ့်ရဲ့မိသားစုရဲ့ အနာဂတ်က ဘာမှမရှိဘူး။ မရှိတော့ ဒီကလေးတွေက ဒီလိုပဲ သူတို့အနာဂတ်က သွားနေမယ်ဆိုရင်တော့ မဟုတ်သေးဘူးပေါ့နော်။ ကျမတို့ကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်ပြီးတော့မှ ဗမာပြည်ကြီး ငြိမ်းချမ်းမှပဲ ပြန်မယ်ဆိုပြီးတော့မှ အဲဒါကို စောင့်နေပြီးတော့မှ ပြန်မယ်ဆိုရင်လည်း စခန်းထဲမှာ ဘယ်ကမှလည်း အဲလောက်ထိ ငြိမ်းချမ်းရေးရနိုင်တဲ့အထိ ဘယ်သူမှလည်း ထောက်ပံ့နိုင်တော့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆို ကျမ သိလိုက်တာက ဘယ်နိုင်ငံ ဘယ်နေရာမှ ငြိမ်းချမ်းရေးဆိုတာ မရှိတော့ဘူး။ အဲတော့ ဒီစစ်ပဲ ဖြစ်နေပါစေ၊ ငြိမ်းချမ်းရေးပဲ ကြိုးစားနေပါစေ၊ အဲဒီမှာ ကိုယ့်ဟာကိုတော့ ပြန်ပြီးတော့ လုပ်ကိုင်စားသောက်ရမှာပဲ။ ဒါမှလည်း ကိုယ့်ကလေးတွေက ဒါတွေကို သိမယ်။ စခန်းထဲမှာပဲ နေမယ်ဆိုရင် အမြင်လည်း မကျယ်ဘူး။ ဗဟုသုတလည်း မရှိဘူး။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတော့ ဗဟုသုတဆိုတာ သူတို့မှာမရှိဘူး။ နည်းတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေး ဖြစ်နေမယ်။ သူတို့အတွက်က စခန်းထဲမှာနေတာဆိုတော့ မြို့ရဲ့ အတိုင်းအတာကိုလည်း သူတို့ မသိ၊ နိုင်ငံရဲ့ အတိုင်းအတာ ဆိုတာလည်း သူတို့ မသိ၊ အဲဒါကြောင့် ဒီအတွေးအခေါ်လေး။ ဒီဗဟုသုတတောင်မှ မရနိုင်ဘူး ဆိုပြီးတော့မှ ကမ္ဘာကြီးက ဘယ်လိုလဲ၊ နိုင်ငံကြီးက ဘယ်လိုလဲဆိုတာ သူတို့ကို သိစေချင်တယ်လေ။ ဒီကြားထဲမှာပဲ သူတို့ဘဝကို သူတို့ အဓိပ္ပာယ်ရှိရှိ ရပ်တည်ချင်တယ်။ အဲလိုမျိုးပဲ ခံယူပြီးတော့မှ ပြန်လာလိုက်တာလေ။”

နော်ရှဲဒိုဟာ ၂၀၁၉ ခုဖေဖော်ဝါရီက ထိုင်းနယ်စပ် ကရင်နီဒုက္ခသည်စခန်း ၁ ကနေ ကယားပြည်နယ် ဖားဆောင်းမြို့နယ်က ခဲမဖြူ ကျေးရွာမှာ ပြန်လာ အခြေချခဲ့ပါတယ်။ ထိုင်းနိုင်ငံနယ်စပ်ကနေ မိမိသဘောဆန္ဒအရ ပြန်လည် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို ၂၀၁၈ ခု မေလမှာ တကြိမ်၊ ၂၀၁၉ ဖေဖော်ဝါရီလမှာ တကြိမ် နဲ့ ဇူလိုင်လမှာ အခုတကြိမ် ပေါင်း ၁၁၁ ဦးကို ကယားပြည်နယ်အစိုးရအနေနဲ့ လက်ခံကြိုဆိုခဲ့ပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေ သွားလိုတဲ့ သူတို့သွားလိုတဲ့နေရာကို ပို့ဆောင်ပေးတာအပြင် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ထုတ်ပေးတာတွေ၊ ကျောင်းနေအရွယ် ကလေးငယ်တွေ ကျောင်းနေနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါတယ်။ နော်ရှဲဒိုအနေနဲ့ကလည်း ခဲမဖြူကျေးရွာမှာ ကျေးရွာတာဝန်ရှိသူတွေက နေထိုင်ဖို့ မြေနေရာ စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အိမ်ဆောက်ဖို့ စရိတ်မရှိသေးတဲ့အတွက် အိမ်မဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။

သူ့အနေနဲ့ ကျောင်းနေအရွယ် ကလေး ၂ ဦးရှိတဲ့အတွက် ကျောင်းနေမယ့် သားသမီးတွေကို ပညာသင်ပေးနိုင်ရေး အစိုးရရဲ့အစီအစဉ်နဲ့ မြန်မာပြည် သင်ရိုးညွှန်းတမ်းအတိုင်း သင်ပေးခဲ့ပြီး အခုနှစ် ကျောင်းအပ်နှံချိန်မှာတော့ ကလေးနှစ်ဦးကို ကျောင်းအပ်နှံနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကလေး ၂ ဦးကိုတော့ ဒီမောဆိုမြို့နယ်က ဘော်ဒါဆောင်တခုမှာ ထားပြီး ကျောင်းအပ်နှံထားပေမယ့် နေစရာအိမ် မရှိသေးတဲ့ သူ့အဖို့ကတော့ သူ့ရဲ့ အသိမိတ်ဆွေ အိမ်မှာ နေရပြီး နေ့စဉ် စားဝတ်နေရေးအတွက် နေ့စား လိုက်လုပ်နေတယ်လို့ ပြောပါတယ်။

“ကလေး ၂ ယောက်က အကြီးမက ၁၀ တန်း၊ အငယ်ကောင်က ၈ တန်း၊ ဒီကို ရောက်လာတော့ စားဝတ်နေရေး ထောက်ပံ့မှု မရှိပါဘူး။ ကိုယ့်ရဲ့ ရေရှည်အလုပ်အတွက် ကလေးကိုလည်း ထောက်ပံ့ဖို့လည်း လိုတယ်။ သူတို့ စာမရမှာစိုးလို့ စာမလိုက်နိုင်မှာစိုးလို့ သူတို့ကို ဘော်ဒါဆောင်မှာ သွားထားတယ်။ ဘော်ဒါဆောင်က တလ ၃၅၀၀၀ နှစ်ယောက်ဆိုရင် ၇၀၀၀၀ ပေါ့နော်။ အဲဒီအတွက် ကိုယ့်ဟာကိုယ် ရှာရတယ်။ အခုက အိမ်လည်း မရှိဘူး။ အိမ်ဆောက်ဖို့ထက် ကလေးတွေရဲ့ ပညာရေးက ထောက်ပံ့ရမယ်။ ကိုယ့်ဘာသာကိုယ် စားဖို့အတွက် ရုန်းကန်ရတယ်။ အဲဒီအတွက် ဒီနေ့စား အခုချိန်ဆိုရင် သူများ ပေါင်းလိုက်တဲ့အချိန် ထမင်းတနပ် ကျွေးရင် ၆၀၀၀၊ မကျွေးရင် ၇၀၀၀ အဲလို လိုက်တယ်ပေါ့နော်။”

မြန်မာနိုင်ငံသားဖြစ်လို့ မြန်မာနိုင်ငံကို ပြန်လာတာဟာ သူ့တယောက်တည်း မဟုတ်ပါဘူး။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၆ ခုနှစ်ကစပြီး ဇူလိုင်လအထိ မိမိဆန္ဒအလျောက် နေရပ်ပြန်ပို့တဲ့ အစီအစဉ်မှာ ဒုက္ခသည်ပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်ပြီး ဖြစ်ပါတယ်။

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာဒုက္ခသည် တသိန်းခန့် ရှိနေသေးပြီး ငြိမ်းချမ်းမှု အပြည့်အဝ မရသေးတဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည်ဝင်ရောက်လာဖို့ မဝံ့မရဲ ဖြစ်နေကြပါတယ်။ ပြန်လည်ဝင်ရောက်လာလိုသူ အများစုကလည်း ပြန်လည်နေထိုင်မယ့် မြေနေရာတွေ မရှိတော့တာတွေ၊ စစ်ကာလက ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး အခုနောက်ပိုင်း အဆိုပါရွာတွေမှာ မြေနေရာ မရှိတော့တာတွေ စတဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။




Zawgyi Version

ကေလးေတြအနာဂတ္အတြက္ ေမွ်ာ္လင့္ၿပီး အိမ္ျပန္လာသူ
ေနာ္ႏိုရင္း

ထိုင္းႏိုင္ငံ နယ္စပ္ဒုကၡသည္စခန္းမွာ ႏွစ္ေပါင္း ၂၅ ႏွစ္ခန႔္ ေနထိုင္ခဲ့ၿပီးတဲ့ေနာက္ ေနာ္ရွဲဒိုတေယာက္ ျမန္မာႏိုင္ငံကို ျပန္လည္အေျခခ်တဲ့ဒုကၡသည္ ၁၀၀၀ ေက်ာ္ထဲက တေယာက္အပါအဝင္ ျဖစ္ပါတယ္။

ဒုကၡသည္စခန္းမွာ ေနထိုင္ရတာ ႏွစ္ၾကာလာနဲ႔အမွ် မေရရာေတာ့တဲ့ အနာဂတ္နဲ႔ ကေလးေတြရဲ႕ အနာဂတ္အတြက္ ျမန္မာႏိုင္ငံကို ျပန္လာဖို႔ ဆုံးျဖတ္ခဲ့ရတာလို႔ ေျပာပါတယ္။

“သူတို႔အတြက္က စခန္းထဲမွာ ေနတာ ဆိုေတာ့ ၿမိဳ႕ရဲ႕အတိုင္းတာကိုလည္း သူတို႔ မသိ၊ ႏိုင္ငံရဲ႕ အတိုင္းအတာ ဆိုတာလည္း သူတို႔ မသိ၊ အဲဒါေၾကာင့္ ဒီအေတြးအေခၚေလး။ ဒီဗဟုသုတေတာင္မွ မရႏိုင္ဘူး ဆိုၿပီးေတာ့မွ ကမာၻႀကီးက ဘယ္လိုလဲ၊ ႏိုင္ငံႀကီးက ဘယ္လိုလဲဆိုတာ သူတို႔ကို သိေစခ်င္တယ္ေလ။ ဒီၾကားထဲမွာပဲ သူတို႔ဘဝကို သူတို႔ အဓိပၸာယ္ရွိရွိ ရပ္တည္ခ်င္တယ္။ အဲလိုမ်ိဳးပဲ ခံယူၿပီးေတာ့မွ ျပန္လာလိုက္တာေလ။”

သူမဟာ ၁၉၉၅ ခုက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ နယ္စပ္ဒုကၡသည္စခန္းတခုျဖစ္တဲ့ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ ခ႐ိုင္က မယ္ဆူရင္း (ေခၚ) ကရင္နီဒုကၡသည္စခန္း ၁ မွာ သြားေရာက္ အေျခခ်ခဲ့ပါတယ္။
ျပည္တြင္းစစ္ရဲ႕ မၿငိမ္မသက္မႈေၾကာင့္ ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္ ေမာ္ခ်ီးေဒသကေန ေတာေတာင္ထဲမွာ သြားလာလႈပ္ရွားရင္းနဲ႔ ၁၉၉၃ ခုႏွစ္မွာ အဲဒီဒုကၡသည္စခန္းကို ေရာက္ရွိခဲ့ပါတယ္။ ၁၉၈၇ ခုႏွစ္က ေမာ္ခ်ီးကေန ကရင္အမ်ိဳးသားတိုးတက္ေရးပါတီ (ေကအန္ပီပီ) က ဖြင့္လွစ္တဲ့ ေဆးက်န္းမာေရး သင္တန္းမွာတက္ရင္း အဲဒီေဒသတဝိုက္မွာရွိတဲ့ ေက်း႐ြာေတြကို ေဆးကုသေပးမႈနဲ႔ ကေလးငယ္ေတြကို ပညာသင္ေပးခဲ့တယ္လို႔ ေနာ္ရွဲဒိုက ေျပာပါတယ္။

“အညိဳေရာင္နယ္ေျမလား၊ အနက္ေရာင္နယ္ေျမလား သူတို႔ သတ္မွတ္တဲ့ ေက်း႐ြာေတြဘက္မွာ သြားေနတယ္ေပါ့ေနာ္။ အဲမွာ ေက်း႐ြာေတြမွာဆိုရင္လည္း ပညာေရး၊ က်န္းမာေရး လိုအပ္ေတာ့ ေကအန္ပီပီဘက္က ဖြင့္တဲ့ က်န္းမာေရးသင္တန္းကို သြားတက္တယ္ေလ။ အဲမွာ ပညာေရးဘက္မွာလည္း ကူညီေပးတယ္။ က်န္းမာေရးကိုလည္း ကူညီေပးတယ္။ ႐ြာသူ႐ြာသားေတြကို အဓိက ထားၿပီးေတာ့မွေပါ့ေနာ္။”

ဒီေနာက္ပိုင္း ႏိုင္ငံေရး မၿငိမ္မသက္မႈေၾကာင့္ တဖက္နဲ႔တဖက္အၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခတ္မႈေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ရင္း ၁၉၉၃ ခုႏွစ္က ထိုင္းနယ္စပ္ကို ေရာက္ရွိခဲ့ပါတယ္။ ထိုင္းႏိုင္ငံ မယ့္ေဟာင္ေဆာင္ခ႐ိုင္ မယ့္စာလဲ (ေခၚ) ေသာလဲထနားတဝိုက္မွာ ခိုလႈံေနထိုင္ရင္းနဲ႔ ၁၉၉၅ ခုႏွစ္မွာ မယ္ဆူရင္း (ေခၚ) ကရင္နီဒုကၡသည္စခန္း ၂ ကို သြားေရာက္ခိုလႈံခဲ့တာလို႔ ေျပာပါတယ္။

မယ္ဆူရင္းဒုကၡသည္စခန္းမွာ ၁၀ ႏွစ္ခန႔္ ေနထိုင္ၿပီးေနာက္ ထြက္ေပါက္ရွာခ်င္တဲ့အေနနဲ႔ ၂၀၀၄ ခုႏွစ္ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ မိသားစုလိုက္ သြားေရာက္ၿပီး အလုပ္လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

“၁၉၉၅ ခုႏွစ္ကေန ၂၀၀၄ ခုႏွစ္အတြင္းေပါ့။ အဲဒီၾကားအေတာအတြင္းမွာ လူက ၾကာလာေတာ့ စိတ္ထြက္ေပါက္မရွိဘူး။ စိတ္ဖိစိမးမႈေတြ မ်ားလာတယ္။ က်န္းမာေရးအတြက္ေတာ့ သူမ်ားက ကုသေပးပါတယ္။ ဒါေပမဲ့ မတူဘူးေနာ္။ ကိုယ္က အဲဒီထဲမွာေနတာ ကိုယ့္တိုင္းျပည္ကို ဘယ္ေတာ့မွ ျပန္ေနရပါ့မလဲ။ ေနာက္ သားသမီးေတြလည္း အဲဒီမွာ ထပ္ေမြးလာတာ ရွိတယ္ေလ။ စိတ္ထဲမွာ စိတ္ဖိစီးမႈေတြ အမ်ိဳးမ်ိဳးရွိေတာ့ မေနႏိုင္ေတာ့ဘူး။ မေနႏိုင္ေတာ့ အဲဒီကေနၿပီးမွ စိတ္ထြက္ေပါက္ကို ရွာခ်င္တယ္။ ကိုယ့္ဘာသာကိုယ္ သူမ်ား ေကြၽးတာကိုလည္း ၾကာၾကာမစားခ်င္ေတာ့ဘူး။ ရတာနဲ႔ပဲ စားၿပီးေနေတာ့မလား၊ ကိုယ့္ဘာသာကို မ႐ုန္းကန္ မစားေသာက္ဘူးလား ဆိုၿပီးေတာ့ အဲဒီကေနၿပီးေတာ့ မယ္ေဟာင္ေဆာင္မွာ အလုပ္သြားလုပ္မယ္ ဆိုၿပီးေတာ့ မိသားစုလိုက္ ထြက္သြားလိုက္တာ။ အဲဒီမယ္ေဟာင္ေဆာင္ကေနၿပီးေတာ့မွ တခါ ခ်င္းမိုင္ကို ဆက္တက္ၿပီး သြားေရာက္အလုပ္လုပ္ခဲ့တယ္။”

ဒီလို စိတ္ထြက္ေပါက္ရွာရင္း ကိုယ့္ဘာသာကို လုပ္ကိုင္စားေသာက္ဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ သူ႔အေနနဲ႔ ဒုကၡသည္ကေန လာတာျဖစ္လို႔ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ တရားမဝင္ ေနထိုင္ခဲ့ရပါတယ္။

ဒီလို တရားမဝင္ ေနထိုင္အလုပ္လုပ္ရင္း ထိုင္းႏိုင္ငံက save the children အဖြဲ႕ကို အကူအညီေတာင္းၿပီး ကေလးေတြ ပညာေရးအတြက္၊ ကေလးေတြကို ေက်ာင္းထားခဲ့ပါတယ္။ ကေလး ၆ ဦးထဲက အလတ္ ၂ ဦးကေတာ့ save the children အဖြဲ႕က ကူညီလို႔ ထိုင္းႏိုင္ငံမွာ ေက်ာင္းတက္ရင္း အခု တေယာက္ဆိုရင္ လာမယ့္ႏွစ္မွာ ဘြဲ႕ရေတာ့မယ္လို႔ ေျပာပါတယ္။

ဒါေပမယ့္ မိသားစုလိုက္ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ တရားမဝင္ ေနထိုင္ရတာ အဆင္မေျပလို႔ ခ်င္းမိုင္မွာ ၇ ႏွစ္ ၾကာၿပီးတဲ့ေနာက္မွာေတာ့ ၂၀၁၀ ခုႏွစ္မွာ တခါ ဘန္းနမ့္စြယ္ (ေခၚ) ကရင္နီ ဒုကၡသည္စခန္း (၁) မွာ ျပန္လည္ ေျပာင္းေ႐ႊ႕လာခဲ့ပါတယ္။

“၂၀၁၀ မွာ ဒုကၡသည္စခန္း ၁ ဘက္ကို ျပန္ေျပာင္းလာတယ္။ ဘာျဖစ္လဲဆိုေတာ့ အစုလိုက္ အၿပဳံလိုက္နဲ႔ ဟိုမွာေနလို႔လည္း မျဖစ္ဘူး။ ကိုယ္ကလည္း ႏိုင္ငံသားမဟုတ္၊ တရားမဝင္ လက္မွတ္မရွိ ဘာမရွိဆိုေတာ့ စခန္း ၁ မွာ ျပန္ေျပာင္းေနတယ္။”

၂၀၁၀ ခုႏွစ္ကေန အခုႏွစ္ ၂၀၁၉ အထိ အဲဒီကရင္နီဒုကၡသည္စခန္း ၁ မွာ ေနထိုင္ရင္းနဲ႔ က်န္ရွိေနေသးတဲ့ သားသမီးေတြရဲ႕ အနာဂတ္အတြက္ ျမန္မာႏိုင္ငံကို ျပန္လည္အေျခခ်ဖို႔ ဆုံးျဖတ္ခဲ့ရပါတယ္။

“ပထမ စခန္း ၂ မွာ ေနခဲ့သလိုပဲေလ။ ကိုယ့္ရဲ႕မိသားစုရဲ႕ အနာဂတ္က ဘာမွမရွိဘူး။ မရွိေတာ့ ဒီကေလးေတြက ဒီလိုပဲ သူတို႔အနာဂတ္က သြားေနမယ္ဆိုရင္ေတာ့ မဟုတ္ေသးဘူးေပါ့ေနာ္။ က်မတို႔ကလည္း ၿငိမ္းခ်မ္းေရးကို ေမွ်ာ္လင့္ၿပီးေတာ့မွ ဗမာျပည္ႀကီး ၿငိမ္းခ်မ္းမွပဲ ျပန္မယ္ဆိုၿပီးေတာ့မွ အဲဒါကို ေစာင့္ေနၿပီးေတာ့မွ ျပန္မယ္ဆိုရင္လည္း စခန္းထဲမွာ ဘယ္ကမွလည္း အဲေလာက္ထိ ၿငိမ္းခ်မ္းေရးရႏိုင္တဲ့အထိ ဘယ္သူမွလည္း ေထာက္ပံ့ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆို က်မ သိလိုက္တာက ဘယ္ႏိုင္ငံ ဘယ္ေနရာမွ ၿငိမ္းခ်မ္းေရးဆိုတာ မရွိေတာ့ဘူး။ အဲေတာ့ ဒီစစ္ပဲ ျဖစ္ေနပါေစ၊ ၿငိမ္းခ်မ္းေရးပဲ ႀကိဳးစားေနပါေစ၊ အဲဒီမွာ ကိုယ့္ဟာကိုေတာ့ ျပန္ၿပီးေတာ့ လုပ္ကိုင္စားေသာက္ရမွာပဲ။ ဒါမွလည္း ကိုယ့္ကေလးေတြက ဒါေတြကို သိမယ္။ စခန္းထဲမွာပဲ ေနမယ္ဆိုရင္ အျမင္လည္း မက်ယ္ဘူး။ ဗဟုသုတလည္း မရွိဘူး။ အျပင္ေလာကနဲ႔ အဆက္အသြယ္ ျပတ္ေနေတာ့ ဗဟုသုတဆိုတာ သူတို႔မွာမရွိဘူး။ နည္းတယ္။ ကမာၻႀကီးက က်ဥ္းက်ဥ္းေလး ျဖစ္ေနမယ္။ သူတို႔အတြက္က စခန္းထဲမွာေနတာဆိုေတာ့ ၿမိဳ႕ရဲ႕ အတိုင္းအတာကိုလည္း သူတို႔ မသိ၊ ႏိုင္ငံရဲ႕ အတိုင္းအတာ ဆိုတာလည္း သူတို႔ မသိ၊ အဲဒါေၾကာင့္ ဒီအေတြးအေခၚေလး။ ဒီဗဟုသုတေတာင္မွ မရႏိုင္ဘူး ဆိုၿပီးေတာ့မွ ကမာၻႀကီးက ဘယ္လိုလဲ၊ ႏိုင္ငံႀကီးက ဘယ္လိုလဲဆိုတာ သူတို႔ကို သိေစခ်င္တယ္ေလ။ ဒီၾကားထဲမွာပဲ သူတို႔ဘဝကို သူတို႔ အဓိပၸာယ္ရွိရွိ ရပ္တည္ခ်င္တယ္။ အဲလိုမ်ိဳးပဲ ခံယူၿပီးေတာ့မွ ျပန္လာလိုက္တာေလ။”

ေနာ္ရွဲဒိုဟာ ၂၀၁၉ ခုေဖေဖာ္ဝါရီက ထိုင္းနယ္စပ္ ကရင္နီဒုကၡသည္စခန္း ၁ ကေန ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္က ခဲမျဖဴ ေက်း႐ြာမွာ ျပန္လာ အေျခခ်ခဲ့ပါတယ္။ ထိုင္းႏိုင္ငံနယ္စပ္ကေန မိမိသေဘာဆႏၵအရ ျပန္လည္ ဝင္ေရာက္လာတဲ့ ဒုကၡသည္ေတြကို ၂၀၁၈ ခု ေမလမွာ တႀကိမ္၊ ၂၀၁၉ ေဖေဖာ္ဝါရီလမွာ တႀကိမ္ နဲ႔ ဇူလိုင္လမွာ အခုတႀကိမ္ ေပါင္း ၁၁၁ ဦးကို ကယားျပည္နယ္အစိုးရအေနနဲ႔ လက္ခံႀကိဳဆိုခဲ့ပါတယ္။ျ

ပန္လည္ဝင္ေရာက္လာသူေတြ သြားလိုတဲ့ သူတို႔သြားလိုတဲ့ေနရာကို ပို႔ေဆာင္ေပးတာအျပင္ ႏိုင္ငံသားစိစစ္ေရးကတ္ မွတ္ပုံတင္ထုတ္ေပးတာေတြ၊ ေက်ာင္းေနအ႐ြယ္ ကေလးငယ္ေတြ ေက်ာင္းေနႏိုင္ေရး ေဆာင္႐ြက္ေပးခဲ့ပါတယ္။ ေနာ္ရွဲဒိုအေနနဲ႔ကလည္း ခဲမျဖဴေက်း႐ြာမွာ ေက်း႐ြာတာဝန္ရွိသူေတြက ေနထိုင္ဖို႔ ေျမေနရာ စီစဥ္ေပးထားပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ အိမ္ေဆာက္ဖို႔ စရိတ္မရွိေသးတဲ့အတြက္ အိမ္မေဆာက္ႏိုင္ေသးဘူးလို႔ ေျပာပါတယ္။

သူ႔အေနနဲ႔ ေက်ာင္းေနအ႐ြယ္ ကေလး ၂ ဦးရွိတဲ့အတြက္ ေက်ာင္းေနမယ့္ သားသမီးေတြကို ပညာသင္ေပးႏိုင္ေရး အစိုးရရဲ႕အစီအစဥ္နဲ႔ ျမန္မာျပည္ သင္႐ိုးၫႊန္းတမ္းအတိုင္း သင္ေပးခဲ့ၿပီး အခုႏွစ္ ေက်ာင္းအပ္ႏွံခ်ိန္မွာေတာ့ ကေလးႏွစ္ဦးကို ေက်ာင္းအပ္ႏွံႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ေက်ာင္းေနအ႐ြယ္ ကေလး ၂ ဦးကိုေတာ့ ဒီေမာဆိုၿမိဳ႕နယ္က ေဘာ္ဒါေဆာင္တခုမွာ ထားၿပီး ေက်ာင္းအပ္ႏွံထားေပမယ့္ ေနစရာအိမ္ မရွိေသးတဲ့ သူ႔အဖို႔ကေတာ့ သူ႔ရဲ႕ အသိမိတ္ေဆြ အိမ္မွာ ေနရၿပီး ေန႔စဥ္ စားဝတ္ေနေရးအတြက္ ေန႔စား လိုက္လုပ္ေနတယ္လို႔ ေျပာပါတယ္။

“ကေလး ၂ ေယာက္က အႀကီးမက ၁၀ တန္း၊ အငယ္ေကာင္က ၈ တန္း၊ ဒီကို ေရာက္လာေတာ့ စားဝတ္ေနေရး ေထာက္ပံ့မႈ မရွိပါဘူး။ ကိုယ့္ရဲ႕ ေရရွည္အလုပ္အတြက္ ကေလးကိုလည္း ေထာက္ပံ့ဖို႔လည္း လိုတယ္။ သူတို႔ စာမရမွာစိုးလို႔ စာမလိုက္ႏိုင္မွာစိုးလို႔ သူတို႔ကို ေဘာ္ဒါေဆာင္မွာ သြားထားတယ္။ ေဘာ္ဒါေဆာင္က တလ ၃၅၀၀၀ ႏွစ္ေယာက္ဆိုရင္ ၇၀၀၀၀ ေပါ့ေနာ္။ အဲဒီအတြက္ ကိုယ့္ဟာကိုယ္ ရွာရတယ္။ အခုက အိမ္လည္း မရွိဘူး။ အိမ္ေဆာက္ဖို႔ထက္ ကေလးေတြရဲ႕ ပညာေရးက ေထာက္ပံ့ရမယ္။ ကိုယ့္ဘာသာကိုယ္ စားဖို႔အတြက္ ႐ုန္းကန္ရတယ္။ အဲဒီအတြက္ ဒီေန႔စား အခုခ်ိန္ဆိုရင္ သူမ်ား ေပါင္းလိုက္တဲ့အခ်ိန္ ထမင္းတနပ္ ေကြၽးရင္ ၆၀၀၀၊ မေကြၽးရင္ ၇၀၀၀ အဲလို လိုက္တယ္ေပါ့ေနာ္။”

ျမန္မာႏိုင္ငံသားျဖစ္လို႔ ျမန္မာႏိုင္ငံကို ျပန္လာတာဟာ သူ႔တေယာက္တည္း မဟုတ္ပါဘူး။ ကုလသမဂၢဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး (UNHCR) ရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၀၆ ခုႏွစ္ကစၿပီး ဇူလိုင္လအထိ မိမိဆႏၵအေလ်ာက္ ေနရပ္ျပန္ပို႔တဲ့ အစီအစဥ္မွာ ဒုကၡသည္ေပါင္း ၁၀၀၀ ေက်ာ္ ေနရပ္ျပန္ၿပီး ျဖစ္ပါတယ္။

ထိုင္းနယ္စပ္က ဒုကၡသည္စခန္းေတြမွာ ျမန္မာဒုကၡသည္ တသိန္းခန႔္ ရွိေနေသးၿပီး ၿငိမ္းခ်မ္းမႈ အျပည့္အဝ မရေသးတဲ့ ျမန္မာႏိုင္ငံတြင္းကို ျပန္လည္ဝင္ေရာက္လာဖို႔ မဝံ့မရဲ ျဖစ္ေနၾကပါတယ္။ ျပန္လည္ဝင္ေရာက္လာလိုသူ အမ်ားစုကလည္း ျပန္လည္ေနထိုင္မယ့္ ေျမေနရာေတြ မရွိေတာ့တာေတြ၊ စစ္ကာလက ႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ရၿပီး အခုေနာက္ပိုင္း အဆိုပါ႐ြာေတြမွာ ေျမေနရာ မရွိေတာ့တာေတြ စတဲ့ အခက္အခဲေတြ ႀကဳံေတြ႕ေနရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013