အစားထိုးကစားသမား ရှာမရသဖြင့် ဂက်ပို၏ မန်စီးတီးဆီ ပြောင်းရွှေ့မှု ပျက်ပြယ်
DVB
·
September 1, 2026

လီဗာပူး တောင်ပံတိုက်စစ်မှူး ကိုဒီဂက်ပိုရဲ့ မန်စီးတီးအသင်းဆီ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့မဲ့ အစီအစဉ်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။
ဒါဟာ လီဗာပူးအသင်းဘက်က အစားထိုး တောင်ပံကစားသမား ခေါ်ယူဖို့ အဆင်မပြေခဲ့တာကြောင့် ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ပီအက်စ်ဂျီကနေ တောင်ပံကစားသမား ဘာကိုလာကို ပေါင် ၁၂၃ သန်းနဲ့ ခေါ်ယူ ထားခဲ့တာပါ။
ဒါပေမဲ့ ခရစ်စတယ်ပဲလေ့စ်မှ အီစမေလာဆားနဲ့ ဘရိုက်တန်မှ မင်တေးတိုကို ထပ်မံခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တာကြောင့် ဂက်ပိုကို လက်လွှတ်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











